Phishing ဆိုသည်မှာ တိုက်ခိုက်မှုပြုလုပ်သူက
တရားဝင် ဝက်ဘ်ဆိုက်မှ ပေးပို့သည့် email အသွင်ဖြင့် email လက်ခံရရှိသူထံမှ ပုဂ္ဂိုလ်ရေးနှင့်
ဘဏ္ဍာရေး အချက်အလက် ရယူရန် ကြိုးပမ်းသည့် လိမ်လည်မှုတစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် အဆိုပါ
email များသည် လူသိများပြီး ယုံကြည်ရသည့် ဝက်ဘ်ဆိုက်များမှ ပေးပို့သည့်အသွင်ဖြင့် ရောက်ရှိလာကြသည်။
Phisher များသည် PayPal, eBay, MSN, Yahoo, BestBuy နှင့် America
Online ကဲ့သို့သော ဝက်ဘ်ဆိုက်များမှ ပေးပို့သည့် email များအသွင်ဖြင့် တိုက်ခိုက်ကြသည်။
Phisher များသည် မတူညီသော social engineering နှင့် email ကို အသုံးပြုပြီး တိုက်ခိုက်ခံရသူများကို လှည့်ဖျားရန် ကြိုးပမ်းကြသည်။ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသည် America Online မှ ပေးပို့သည့် အသွင်ဖြင့် လက်ခံရရှိသူ၏ AOL account များတွင် ငွေပေးချေမှု ပြဿနာများရှိသည်ဟု ဖော်ပြထားသော message များကို ပေးပို့ခဲ့သည်။ ၎င်းသည် AOL အမှတ်တံဆိပ်များနှင့် တရားဝင် link များကို email တွင် အသုံးပြုခဲ့သည်။ ထို့နောက် email လက်ခံရရှိသူက AOL Billing Center link ကို နှိပ်လိုက်သည့်အခါ ၎င်းသည် အကြွေးဝယ်ကတ်နံပါတ်များ၊ PIN များ၊ လူမှုရေး လုံခြုံရေးနံပါတ်များ၊ ဘဏ်နံပါတ်များနှင့် password များ အပါအဝင် ပုဂ္ဂိုလ်ရေးအချက်အလက်ကို တောင်းဆိုသော လှည့်စားထားသည့် AOL ဝက်ဘ်စာမျက်နှာသို့ ရောက်ရှိသွားမည်ဖြစ်သည်။ အဆိုပါ အချက်အလက်များသည် identity ခိုးယူမှုအတွက် အသုံးပြုထားခြင်း ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် email message များကို သတိထားရန်နှင့် email များတွင် ပုဂ္ဂိုလ်ရေးနှင့် ဘဏ္ဍာရေးအချက်အလက်များကို တောင်းဆိုထားပါက တရားဝင် ဝက်ဘ်ဆိုက်သို့ တိုက်ရိုက်သွားပြီးမှ အချက်အလက်များ ဖြည့်သွင်းသင့်ကြောင်း FTC က တိုက်တွန်းထားသည်။

Internet Journal
No comments:
Post a Comment