ကော်ပိုရိတ်ကွန်ရက်တစ်ခုပေါ်တွင် ခွင့်ပြုချက်မရှိသော
application များ အသုံးပြုခြင်းကို Greynet ဟုခေါ်ဆိုသည်။ Greynet application တစ်ခုသည်
ကွန်ရက်အခြေခံ ပရိုဂရမ်တစ်ခုဖြစ်ပြီး ကော်ပိုရိတ်ကွန်ရက်ကို သုံးစွဲသူများက ကုမ္ပဏီ၏
အိုင်တီဌာနမှ ခွင့်ပြုချက်မလိုဘဲ download နှင့် install ပြုလုပ်နိုင်သည်။ Greynet
application များတွင် instant messaging, peer-to-peer collaboration and
conferencing program များအပြင် streaming media player များနှင့်
RSS reader များ ပါဝင်သည်။
Instant messaging နှင့် collaboration program များကဲ့သို့သော greynet application များကို တရားဝင် လုပ်ငန်းသုံးအဖြစ် သုံးနိုင်သလို သုံးစွဲသူ၏ ကုန်ထုတ်စွမ်းအား ဖြစ်ထွန်းမှုကိုလည်း ကူညီပေးနိုင်သည်။ Peer-to-peer ဖိုင်နှင့် သီချင်းဝေမျှသည့် ပရိုဂရမ်များကဲ့သို့သော greynet application များကမူ စိုးရိမ်စရာ လုံခြုံရေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်သလို ကွန်ရက်ရင်းမြစ်များကိုလည်း ဆုတ်ယုတ်စေနိုင်သည်။ သုံးစွဲသူများ download ပြုလုပ်လိုက်သည့် ပရိုဂရမ်များတွင် သုံးစွဲသူ မသိရှိလိုက်ဘဲ အချက်အလက်များကို ခြေရာခံ ဖော်ပြပေးနိုင်သည့် spyware component များကဲ့သို့သော အန္တရာယ်ရှိသည့် ပရိုဂရမ်များ ပါဝင်နိုင်သည်။ ဝန်ထမ်းများက အသုံးပြုသည့် greynet သည် spyware နှင့် ဆက်နွယ်သည့် ဖြစ်ရပ်များ တိုးတက်မှုအတွက် အဓိက ထောက်ပံ့မှုတစ်ရပ် ဖြစ်နိုင်သည်။
Greynet အားလုံးသည် ကုမ္ပဏီကွန်ရက်တစ်ခုကို အန္တရာယ်ဖြစ်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကော်ပိုရိတ် bandwidth ကို အသုံးပြုသောကြောင့် ပရိုဂရမ်များက ကွန်ရက်စွမ်းဆောင်ရည်ကို ကျဆင်းစေသည်။ ထို့အပြင် ၎င်းတို့သည် client code အားနည်းချက်များနှင့် အချက်အလက် ပျောက်ဆုံးမှုများအပါအဝင် လုံခြုံရေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည်။

Internet Journal
No comments:
Post a Comment