Blue screen of death (BSOD) ဆိုသည်မှာ
Windows general protection fault (GPF) ပြဿနာကို သုံးစွဲသူများက အမည်ပေး ခေါ်ဆိုထားသည့်
အမည်နာမတစ်ခု ဖြစ်သည်။ အဆိုပါ ပြဿနာဖြစ်ပေါ်သည့်အခါ ကွန်ပျူတာ screen တွင် အပြာရောင်
နောက်ခံတစ်ခုပေါ်၌ အဖြူရောင် စာသားနှင့် မျက်နှာမဲ့နေသည့် ပုံတို့ကို တွေ့မြင်ရမည် ဖြစ်သည်။
BSOD ပြဿနာသည် error တစ်ခုကြောင့် operating system လုပ်ဆောင်ချက် ရပ်ဆိုင်းသည့်အခါ
ဖြစ်ပေါ်သည်။ ထို့နောက် system ကို reboot ပြန်လုပ်ရန် လိုအပ်မည် ဖြစ်သည်။
BSOD သည် မည်သည့်နေရာ မည်သူ့ထံတွင်မဆို ဖြစ်ပေါ်နိုင်သည်။ Microsoft ဥက္ကဋ္ဌ ဘီလ်ဂိတ်စ်ပင်လျှင် Comdex ကုန်စည်ပြပွဲ၌ Windows 98 အကြောင်းကို သရုပ်ပြ ရှင်းလင်းစဉ်အတွင်း blue screen of death ပြဿနာနှင့် တွေ့ကြုံခဲ့ဖူးသူ ဖြစ်သည်။

Internet Journal
No comments:
Post a Comment