Thursday, August 7, 2014

Crimeware


Crimeware ဆိုသည်မှာ တရားမဝင် အွန်လိုင်းလုပ်ဆောင်ချက်များကို လွယ်ကူချောမွေ့စွာ ပြုလုပ်နိုင်ရန် ရည်ရွယ်ပြုလုပ်ထားသော ကွန်ပျူတာ ပရိုဂရမ်များ ဖြစ်သည်။ Spyware ပရိုဂရမ်များ၊ browser hijacker များနှင့် keylogger များသည် ဥပဒေကို ဆန့်ကျင်သော crimeware များဖြစ်သည်။ ထို့အပြင် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု အနည်းငယ်ဖြင့် phishing တိုက်ခိုက်မှုကို အလွယ်တကူ ပြုလုပ်နိုင်သည့် phishing kit သည်လည်း crimeware ဖြစ်သည်။ Phishing kit တစ်ခုတွင် Website development software အပြင် တရားဝင်ဆိုက်များအတွင် တုပဖန်တီးနိုင်သည့် graphic များ၊ coding နှင့် content နှင့် အလိုအလျောက် mail အများအပြား ပို့နိုင်သည့် spamming software တို့ ပါဝင်သည်။ Phishing kit များနှင့် အခြားသော crimeware များကို အင်တာနက်ပေါ်တွင် အဆင်သင့်ရရှိနိုင်သည်။

Phishing တိုက်ခိုက်မှုတွင် တိုက်ခိုက်ရန် ကြိုးပမ်းသူသည် PayPal နှင့် eBay ကဲ့သို့သော တရားဝင် ဝက်ဘ်ဆိုက်အသွင် ဟန်ဆောင်ထားသည့် ဆိုက်မှ spam ကို ပေးပို့ကာ အဆိုပါ ဆိုက်ကို လည်ပတ် ရောက်ရှိစေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို တောင်းဆိုမည်ဖြစ်သည်။ ထို့အပြင် စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် email များဖြင့်လည်း တိုက်ခိုက်နိုင်ပြီး တိုက်ခိုက်ခံရသူ message ကို ဖွင့်ပြီး ၎င်းတွင် ပါဝင်သည့် link တစ်ခုကို နှိပ်လိုက်ပါက တရားဝင်ဆိုက်နှင့် အလွန်တူညီသည့် ဆိုက်အတုတစ်ခုထံ ရောက်ရှိသွားမည် ဖြစ်သည်။ ထို့နောက် အရေးကြီးသည့် အကြွေးဝယ်ကတ် အချက်အလက်များ၊ ဘဏ်အကောင့် နံပါတ်များနှင့် password များကို ထည့်သွင်းခိုင်းမည် ဖြစ်သည်။

အခြားသော crimeware များသည်လည်း ကွန်ပျူတာတွင် keylogger တစ်ခုထည့်သွင်းကာ အချက်အလက်များကို တရားမဝင် ရယူစုဆောင်းကြသည်။ Keylogger သည် password များနှင့် အရေးကြီး အချက်အလက်များ အပါအဝင် keyboard မှ ရိုက်နှိပ်သမျှကို မှတ်တမ်းတင်ထားနိုင်သည်။ ထို့အပြင် ကွန်ပျူတာတွင် ထည့်သွင်းခံထားရသည့် Trojan horse ပရိုဂရမ်များသည်လည်း အရေးကြီးသည့် အချက်အလက်များကို crimeware ကို ဖန်တီးသူထံ ပေးပို့နိုင်သည်။

Internet Journal

No comments:

Post a Comment