Firefox OS ဆိုသည်မှာ စမတ်ဖုန်းများ၊
tablet ကွန်ပျူတာများနှင့် စမတ်တီဗီများ အတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Linux
kernel အခြေခံ မိုဘိုင်း operating system တစ်ခုဖြစ်သည်။
၎င်း operating system ကို Firefox browser ဖြင့် လူသိများသည့် Mozilla Foundation က ဖန်တီးထားခြင်း ဖြစ်သည်။ ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် open standard များအပေါ်တွင်သာ အခြေခံထားသည်။
အဆိုပါ browser အခြေခံ operating system ကို HTML5, CSS, JavaScript နှင့် C++ တို့နှင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ Firefox OS တွင် Gaia ဟုခေါ်သည့် ဝက်ဘ်အခြေခံ user interface နှင့် HTML သို့မဟုတ် JavaScript တို့ကို ဖတ်နိုင်သည့် Gecko ဟုခေါ်သော layout engine တစ်ခု ပါဝင်သည်။ ၎င်းစနစ်ကို HTML5 app များနှင့် အသုံးပြုနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
Firefox OS ပထမဦးဆုံး ဗားရှင်းကို ၂၀၁၃ ခုနှစ် နှစ်လယ်တွင် စွမ်းဆောင်ရည်နိမ့် ဖုန်းများအတွက် ဖန်တီးခဲ့သည်။ ထို့နောက်တွင် developer များက feature များ ထည့်သွင်းကာ ဈေးကွက်ရှိ Android, iOS တို့နှင့် ယှဉ်ပြိုင်နိုင်ရန် ပြုလုပ်ခဲ့ကြသည်။ Alcatel, Huawei, LG, Nexus နှင့် ZTE တို့သည် Firefox OS ထုတ်ကုန်များကို ထုတ်လုပ်သည့် ကုမ္ပဏီများ၌ ပါဝင်ခဲ့သည်။
Firefox OS ကို ပရောဂျက်စတင် ပြုလုပ်ခဲ့စဉ်က Boot to Gecko (B2G) ဟု ခေါ်ဆိုခဲ့သည်။

Internet Journal
No comments:
Post a Comment