မြန်မာ့ရိုးရာဇာတ်ကောင်၊
ရုပ်ပုံများပါဝင်မည့် My Chat အမည်ဖြင့် စာပို့အပလီကေးရှင်းတစ်ခုကို မကြာမီ ကာလအတွင်းအများပြည်သူသုံးနိုင်စွဲနိုင်ရန်
စီစဉ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အန်းဒရိုက်ဖုန်းများနှင့်
တက်ဘလက်များတွင် အသုံးပြုနိုင်ပြီး မြန်မာပြည်ဈေးကွက်အတွက် သီးသန့် ပြုလုပ်ပေးထားခြင်းဖြစ်ကာ
လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကဲ့သို့ Status များနှင့် မိမိကြိုက်နှစ်သက်သည့်ပုံများ တင်နိုင်ခြင်း၊
မိမိသူငယ်ချင်းများနှင့် စကားပြောဆိုနိုင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
ထို့အပြင် မြန်မာအရုပ်စတစ်ကာများအဖြစ်ဖိုးဝရုပ်၊ ဖိုး သာထူးနှင့် ဦးရွှေရိုး၊ ဒေါ်မိုးစသည့်အရုပ်စတစ်ကာများကို အသုံးပြုနိုင်မည်ဖြစ်ပြီး မြန်မာ့ရိုးရာ စတစ်ကာများကို ထပ်မံထည့်သွင်းပေးသွားမည်ဖြစ်ရာ အပလီကေးရှင်း တစ်ခုလုံးကို မြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
အပလီကေးရှင်းကိုအသုံးပြုသည့်
အင်တာနက်ကွန်ရက်ဖြစ်သော 3Gနှင့် ၀ိုင်ဖိုင်စနစ်အပေါ်မူတည်၍ အသုံးပြုရသည့်
အရည်အသွေးကွာခြားနိုင်ကြောင်း My Squar မှ သိရသည်။
MyChat
Application တွင် လက်ရှိပဏာမလုပ်ဆောင်နိုင်မှု များအပြင် စတစ်ကာအသစ်များ၊
လုပ်ဆောင်ချက် အသစ်များ ထပ်မံထည့်သွင်းပေးသွားမည်ဖြစ်ပြီး www.mysquar.com တွင်
သွားရောက်လေ့လာနိုင်မည ဖြစ်သည်။
MySquar
မှာ ယခင်က မှန်၊ မှားဂိမ်း(My True False) အပါအ၀င်အက်ပလီကေးရှင်း ခြောက်မျိုး
ဖန်တီးထုတ်လုပ်ထားပြီးဖြစ်ရာ MyChat အမည်ရှိ မိုဘိုင်းအက်ပလီကေးရှင်းကို
မကြာမီအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7
Day Daily
No comments:
Post a Comment