Thursday, August 7, 2014

Build your own app (BYOA)

Build your own app (BYOA) ဆိုသည်မှာ programming ကျွမ်းကျင်မှု မရှိသူများက software application များကို ဖန်တီးခြင်းကို ခေါ်ဆိုသည်။ နည်းပညာကျွမ်းကျင်မှု မရှိသူများသည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာသုံး သို့မဟုတ် လုပ်ငန်းသုံးအတွက် application များကို ဖန်တီးနိုင်သည်။ ထို့အပြင် ဖန်တီးထားသည့် app များကို app store တစ်ခုမှတစ်ဆင့် ရောင်းချနိုင်သည်။

BYOA ခေတ်ရေစီးကြောင်းတွင် IT consumerization အပြင် mobile app များအတွက် ဖွံ့ဖြိုးတိုးတက်သည့် ဈေးကွက်၊ သုံးစွဲသူများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် app များ ပိုမိုဖွံ့ဖြိုးတိုးတက်စေသည့် platform များ ပါဝင်သည်။ App ဖွံ့ဖြိုးတိုးတက်ရေး platform များသည် citizen developer များဟုလည်း ခေါ်ဆိုနိုင်သော နည်းပညာနှင့် ကျွမ်းဝင်မှု မရှိသည့် သုံးစွဲသူများအတွက် သင့်လျော်စေသည်။ App ဖွံ့ဖြိုးတိုးတက်ရေး platform များတွင် Podio, BuildAnApp နှင့် Force.com တို့ပါဝင်သည်။

BYOA ကို bring your own apps ၏ အတိုကောက် စာလုံးအနေဖြင့်လည်း အသုံးပြုသည်။ Bring your own apps ဆိုသည်မှာ လုပ်ငန်းခွင်တွင် ဝန်ထမ်းများက third-party application များနှင့် cloud ဝန်ဆောင်မှုများကို အသုံးပြုခြင်း ဖြစ်သည်။

Internet Journal

No comments:

Post a Comment