Apple Bonjour ဆိုသည်မှာ တူညီသည့် ကွန်ရက်တစ်ခုပေါ်တွင်
ထုတ်ကုန်များနှင့် application များကို ရှာဖွေနိုင်ရန်ည ရည်ရွယ်ထားသည့် networking
နည်းပညာ အစုအဖွဲ့တစ်ခုဖြစ်သည်။
Bonjour သည် Apple ၏ Zero Configuration Networking (Zeroconf) စံသတ်မှတ်ချက်ဖြစ်ပြီး အဆိုပါ protocol များသည် ကွန်ရက်ချိတ်ဆက်ထားသည့် ထုတ်ကုန်များ၊ application များနှင့် ဝန်ဆောင်မှုများ အကြား ဆက်သွယ်ပေးနိုင်သည်။ Bonjour ကို Windows နှင့် Apple ထုတ်ကုန်များက printer များကို ဝေမျှပေးနိုင်သောကြောင့် home network များအနေဖြင့်လည်း အသုံးပြုကြသည်။ နည်းပညာအားဖြင့် Zeroconf သည် IP network တစ်ခုကို အလျင်အမြန် သတ်မှတ်ပေးသည့် open Layer 2 protocols အစုအဖွဲ့တစ်ခု ဖြစ်သည်။ Bonjour ၏ မူလအမည်မှာ Rendezvous ဖြစ်သည်။ သို့သော်လည်း Tibco Software ဟုခေါ်သည့် ကုမ္ပဏီနှင့် ငြင်းခုံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် Apple က အမည်ပြောင်းလဲခဲ့သည်။
Bonjour ကို မူလက router တစ်ခုနှင့် အသုံးပြုသည့် ကွန်ရက်တစ်ခုပေါ်ရှိ Apple ထုတ်ကုန်များ၏ တည်နေရာ သိရှိရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းသည် network administrator များအတွက် IT consumerization ကို ကိုင်တွယ်ဖြေရှင်းရာတွင် အသုံးတည့်သည့် tool တစ်ခု ဖြစ်သောကြောင့် ကြိုးမဲ့စနစ် ထုတ်လုပ်ရောင်းချသူများက Bonjour ကို လုပ်ငန်းကြီးများတွင် အသုံးပြုနိုင်အောင် ကူညီခဲ့ကြသည်။ ဥပမာအနေဖြင့် Aerohive သည် အခမဲ့ VMware virtual appliance ဖြန့်ချိခဲ့ပြီး ၎င်းသည် Bonjour အား မတူညီသည့် subnet များနှင့် virtual LAN များပေါ်က ကွန်ရက်များကို လည်ပတ်လုပ်ဆောင်နိုင်စေသည်။ Cisco သည်လည်း WLAN controller များကို Bonjour gateway တစ်ခုအဖြစ် ပြောင်းလဲကာ network administrator များအတွက် ထောက်ပံ့ပေးခဲ့သည်။
Bonjour software ကို Mac operating system နှင့် iPhone, iPad တို့တွင် အသုံးပြုထားသည့် iOS တို့တွင် ထည့်သွင်းပေးထားသည်။ iTunes နှင့် Safari ကဲ့သို့သော Apple software အချို့သည် Windows ကွန်ပျူတာများတွင် Bonjour ကို အလိုအလျောက် ထည့်သွင်းပေးသည်။

Internet Journal
No comments:
Post a Comment