စာအုပ်ရောင်းချနေသော
သမားရိုးကျစာအုပ်တိုက်များသည် ဒစ်ဂျစ်တယ်နည်းဖြင့်ဖတ်နိုင်သော e-Book များပေါ်လာချိန်မှစ၍
အရောင်းကျခဲ့ပြီးပိတ်သွားခဲ့ရသည့် စာအုပ်တိုက်ကြီးများရှိလာနေသည်။
e-Book
ရောင်းချသည့် အမေဇုန်ကုမ္ပဏီကို ၁၉၉၅ခုနှစ်ကမှ အွန်လိုင်းဈေးရောင်းသည့် လုပ်ငန်းငယ်လေးအဖြစ်
Jeff Bezos ဆိုသူက စတင်ခဲ့သည်။ ယနေ့အချိန်တွင်မူ အင်တာနက်ကျယ်ပြန့် လာနေသဖြင့် အကြီးဆုံးအွန်လိုင်းဈေးဆိုင်ကြီးဖြစ်လာသည်။
စတင်ချိန်ကအရောင်းစံချိန်မှာ တစ်နှစ်ဒေါ်လာ သန်း ၁၄၀ ကျော်ဖိုးသာရှိခဲ့သော်လည်း ယခုနှုန်းအတိုင်းဆက်လက်ရောင်းချနေမည်ဆိုပါက
ရှေ့လာမည့် ၁၂ လအတွင်း အမေဇုန်၏အရောင်းသည် ဒေါ်လာသန်း ၁၀၀,၀၀၀ (၁၀၀ဘီလီယံ)ရှိမည်ဟု တွက်ချက် ထားသည်။
ယင်းသို့
အလျင်အမြန်ကြီးထွားလာနေသည့် အွန်လိုင်းဒစ်ဂျစ်တယ်အရောင်းဆိုင်ကြီးသည် အစာအုပ်များကို
e-Book အဖြစ် ဈေးလျှော့ရောင်းချမည်ဖြစ်၍ ကမ္ဘာ့အကြီးဆုံးစာအုပ်ထုတ်လုပ်သူဖြစ်သည့် ဟာ့ချက် ကုမ္ပဏီနှင့်
လတ်တလောထိပ်တိုက်ရင်ဆိုင်နေရသည်။ စာရေးသူပေါင်း ၉၀၀ က စုပေါင်းလက်မှတ် ရေးထိုးပြီး အမေဇုန်၏လုပ်ရပ်ကို
ကန့်ကွက်ကြသည်။
ဈေးလျှော့ရောင်းချသဖြင့်
စာရေးသူ၊ ထုတ်ဝေသူနှင့် အမေဇုန်တို့အကြား ဝေစုခွဲရေးက ပြဿနာဖြစ်လာသည်။ စာရေးသူများအနေဖြင့်
ဝင်ငွေများစွာကျဆင်းစွားနိုင်ပြီး စာရေးသည့်အလုပ်အပေါ်မှီခိုနိုင်သူ နည်းပါးသွားမည်ဆိုသည့်
ဝေဖန်မှုများလည်းထွက်ပေါ်နေသည်။ စာပေပညာရှင်များ၊ အနုပညာဖန်တီးသူ များက ယင်းလုပ်ငန်းဖြင့်ရပ်တည်နိုင်ခြင်းမရှိပါက
စာကောင်းပေမွန်များမထွက်လာနိုင်မည်ကို စိုးရိမ် ကြသည်။
၁၈၂၆
ခုနှစ်မှစ၍ ပြင်သစ်တွင်စတင်ဖွင့်လှစ်လုပ်ကိုင်လာခဲ့သည့် ဟာ့ချက်ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး
စာအုပ်ထုတ်ဝေသူဖြစ်သည်။
ခင်မေဇော်
(၀ါရှင်တန်ဒီစီ)
7
Day Daily (21-08-2014)
No comments:
Post a Comment