တည်နေရာအခြေခံ
ဝန်ဆောင်မှု (location-based service) ဆိုသည်မှာ မိုဘိုင်းထုတ်ကုန်တစ်ခု တည်ရှိသည့်
တည်နေရာကို ဖော်ပြပေးသည့် software application တစ်ခု ဖြစ်သည်။ တည်နေရာအခြေခံ
ဝန်ဆောင်မှုများသည် မေးခွန်းကို အခြေခံကာ သုံးစွဲသူများအတွက် အသုံးတည့်စေမည့်
အချက်အလက်များကို ထောက်ပံ့ပေးသည်။ ထို့အပြင် အဆိုပါ ဝန်ဆောင်မှုများသည် ကူပွန်များ
လွှဲပြောင်းပေးခြင်းနှင့် သက်ဆိုင်ရာ နယ်ပယ်ဧရိယာတွင် နေထိုင်သူများထံ အခြားသော
ဈေးကွက်ရှာဖွေခြင်း အချက်အလက်တို့ကို ထောက်ပံ့ပေးနိုင်သည်။
တည်နေရာအခြေခံ
ဝန်ဆောင်မှုများတွင် အခြေခံ အစိတ်အပိုင်း ငါးခု လိုအပ်သည်။ ၎င်းတို့မှာ (၁) service
provider ၏ software application (၂) ဝန်ဆောင်မှုအတွက် အချက်အလက်နှင့်
တောင်းဆိုချက်များကို ထုတ်လွှင့်ပေးမည့် မိုဘိုင်းကွန်ရက် (၃) ပထဝီဝင်
အချက်အလက်နှင့် ပတ်သက်၍ သုံးစွဲသူထံ ထောက်ပံ့ဖြည့်ဆည်းပေးမည့် content provider
(၄) တည်နေရာကို ဖော်ပြပေးမည့် အစိတ်အပိုင်း (GPS) (၅) သုံးစွဲသူ၏ မိုဘိုင်း
ထုတ်ကုန်တို့ ဖြစ်သည်။ ဥပဒေအရ တည်နေရာအခြေခံ ဝန်ဆောင်မှုများသည် ခွင့်ပြုချက်
တောင်းခံသည့် ဝန်ဆောင်မှုများ ဖြစ်သည်။ ထို့ကြောင့် သုံးစွဲသူများ အနေဖြင့် အဆိုပါ
ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ ထုတ်ကုန်၏ တည်နေရာကို သိရှိနိုင်ရန်အတွက်
တည်နေရာအခြေခံ ဝန်ဆောင်မှု application ကို ထည့်သွင်းပြီး တောင်းဆိုချက်တစ်ခုကို
လက်ခံရမည် ဖြစ်သည်။
တည်နေရာအခြေခံ
ဝန်ဆောင်မှုများကို ၂၀၀၀ ခုနှစ် ကတည်းက အသုံးပြုခဲ့ကြသည်။ ထိုစဉ်ကတည်းက ၎င်းတို့ကို
ကုန်သွယ်မှုနှင့် လစဉ်ကြေးအခြေခံ စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုခဲ့ကြသည်။
Apple ၏ 3G iPhone နှင့် Google ၏ တည်နေရာအခြေခံ ဝန်ဆောင်မှု အသုံးပြုနိုင်သော
Android operating system ထွက်ပေါ်လာချိန်တွင် developer များက
သန်းပေါင်းများစွာသော သုံးစွဲသူများကို အဆိုပါ ဝန်ဆောင်မှုအား မိတ်ဆက်ပေးခဲ့သည်။
Neilsen
Mobile ၏ ၂၀၀၈ ခုနှစ် စတုတ္ထသုံးလပတ် အစီရင်ခံစာအရ မြောက်အမေရိက၏
မိုဘိုင်းဖုန်းများအတွက် application download ပြုလုပ်ခြင်းမှ စုစုပေါင်းဝင်ငွေ
အနက် ၅၈ ရာခိုင်နှုန်းသည် တည်နေရာအခြေခံ ဝန်ဆောင်မှုများမှ ဖြစ်ကြောင်း
ဖော်ပြခဲ့သည်။
Internet Journal
No comments:
Post a Comment