Zombie army ဟူ၍ လူသိများသည့်
botnet ဆိုသည်မှာ ပိုင်ရှင်များ သတိမမူမိဘဲ spam နှင့် virus များကို အင်တာနက်ပေါ်ရှိ
အခြားသော ကွန်ပျူတာများထံ ပေးပို့ရန် စုဖွဲ့ထားသော အင်တာနက် ကွန်ပျူတာများ ဖြစ်သည်။
အဆိုပါ
ကွန်ပျူတာကို zombie တစ်ကောင်အနေဖြင့်လည်း ရည်ညွန်းခေါ်ဆိုကြသလို spam နှင့် virus များကို
ဖန်တီး ပေးပို့သူများ၏ စိတ်ဆန္ဒအတိုင်း လုပ်ဆောင်နိုင်သော ကွန်ပျူတာ robot သို့မဟုတ်
bot ဟုလည်း ခေါ်ဆိုကြသည်။ ၎င်းနည်းလမ်းများဖြင့် ထိန်းချုပ်ခံရသည့် ကွန်ပျူတာအများစုမှာ
အိမ်သုံး ကွန်ပျူတာများ ဖြစ်သည်။ Botnet များသည် အင်တာနက် အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ရပ်
ဖြစ်ကြောင်း ရုရှားအခြေစိုက် Kaspersky Labs မှ ဖော်ပြခဲ့သည်။ ထို့အပြင် Symantec ကလည်း
အလားတူ သုံးသပ်ဖော်ပြခဲ့သည်။
Botnet အတွင်း ထိန်းချုပ်သိမ်းသွင်းခံရသည့် ကွန်ပျူတာများသည် ပိုင်ရှင်များက ထိရောက်သည့် firewall များနှင့် အခြားသော လုံခြုံမှုများကို ထောက်ပံ့ပေးခြင်း မရှိသောကြောင့် ဖြစ်သည်။ အိမ်သုံးကွန်ပျူတာ အရေအတွက် မြင့်တက်လာသည့်နည်းတူ အင်တာနက်အမြန်နှုန်းလည်း ပိုမိုလျင်မြန်လာသောကြောင့် ကွန်ပျူတာများ၏ ကာကွယ်မှုစနစ်မှာ မလုံလောက်တော့ပေ။
Botnet တစ်ခုတွင် ပါဝင်သည့် ကွန်ပျူတာများသည် အတိအကျ သတ်မှတ်ထားသည့် ကွန်ပျူတာတစ်ခုထံ spam နှင့် virus များ ပေးပို့ခြင်းကို စီမံနိုင်သည်။ ဥပမာအနေဖြင့် ဝက်ဘ်ဆိုက်တစ်ခုသည် ကွန်ပျူတာအများအပြားဖြင့် တိုက်ခိုက်သည့် distributed denial-of-service (DDoS) တိုက်ခိုက်မှုကြောင့် ရပ်ဆိုင်းသွားနိုင်သည်။

Internet Journal
No comments:
Post a Comment