အင်တာနက်
ရှာဖွေရေး လုပ်ငန်းစုကြီး Google သည် ၎င်းတို့၏ ရေအောက် အင်တာနက် ဖိုင်ဘာလိုင်းများကို
ငါးမန်းများ၏ ဝါးမြိုကိုက်ဖျက်မှုမှ ကာကွယ်ရန် အစီအမံများ လုပ်ဆောင်နေရကြောင်း
သိရှိရသည်။
Google
၏ ထုတ်ကုန်ဌာန မန်နေဂျာ တစ်ဦးက Google သည် ကျည်ကာ အင်္ကျီများတွင် အသုံးပြုသည့်
ကက်ဗ်လာသားကဲ့သို့ ကြားခံပစ္စည်းမျိုးကို ရေအောက် ဖိုင်ဘာကြိုးများတွင်
ထည့်သွင်းတပ်ဆင်နေကြောင်း Network World သို့ ပြောကြားခဲ့သည်။
ကမ္ဘာ့အင်တာနက်ကွန်ရက်
ဖြန့်ကျက်မှုတွင် ရေအောက်မှ သွယ်တန်းထားသည့် ဖိုင်ဘာကြိုးလိုင်းများသည် အဓိက
အကျဆုံး ဆက်သွယ်မှု လမ်းကြောင်းများ ဖြစ်ကြသည်။ ရေအောက် ဖိုင်ဘာကြိုးများ
ပြတ်တောက်နိုင်သည့် အကြောင်းရင်းများတွင် ငါးမန်းများ၏ သွားဒဏ်ကလည်း တစ်ခုအပါအဝင်
ဖြစ်သည်။
ငါးမန်းများသည်
အမြင်အာရုံ မကောင်းလှသဖြင့် ဖိုင်ဘာကြိုးလိုင်းများက ထုတ်လွှင့်နေသော
သံလိုက်စက်ကွင်းကို အာရုံခံကာ အစာဟု မှားယွင်းယူဆပြီး ကိုက်ဖြတ်လေ့ရှိသည်။
ငါးအုပ်ကြီးတစ်အုပ် ကစဥ့်ကလျား လှုပ်ရှား ကူးခတ်သွားချိန်တွင် ဖြစ်ပေါ်လာသော
ရိုက်ခတ်မှုမျိုးသည် ဖိုင်ဘာကြိုးလိုင်းများ၏ သံလိုက်စက်ကွင်းမှ လှိုင်းများ
ရိုက်ခတ်မှုနှင့် တူညီနေတတ်ရာ ငါးမန်းများက အဆိုပါ ကြိုးများကို ကိုက်ခဲရန်
အလွန်စိတ်ဝင်စားလေ့ ရှိကြောင်းလည်း သိရသည်။
Google
၏ ဖိုင်ဘာကြိုးများအတွက် အကာအကွယ်ပေးမည့် ကက်ဗ်လာသားကို DuPont ကုမ္ပဏီက တာဝန်ယူ
ဖန်တီးပေးသည်။ ဖိုင်ဘာလိုင်းများသည် တစ်စက္ကန့်လျှင် Data ပမာဏ 1GB မျှထိ
ပို့ဆောင်ပေးနိုင်ပြီး သမားရိုးကျ ကြေးနီကြိုးလိုင်းများထက် မြန်နှုန်း အဆ(၁၀၀)ခန့်
သာလွန်သည်။ အဆိုပါ ကြေးနီကြိုးလိုင်းများကိုမူ ငါးမန်းများက ကိုက်ဖြတ်လေ့
မရှိကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
_Ref:
Dailymail
No comments:
Post a Comment