Thursday, August 14, 2014

Cyberbullying


Cyberbullying ဆိုသည်မှာ ဆဲလ်ဖုန်းများ၊ instant messaging များ၊ email များ၊ chat room များနှင့် Facebook, Twitter ကဲ့သို့သော social networking ဆိုက်များကို အသုံးပြုကာ တစ်စုံတစ်ယောက်ကို အနှောင့်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ခြင်း ဖြစ်သည်။
Cyberbullying ကို နည်းပညာများနှင့် ပိုမို အကျွမ်းတဝင်ရှိသူ လူငယ်များက ပြုလုပ်လေ့ရှိသည်။ ပြဿနာကို ပိုဆိုးစေသည့် အချက်မှာ အနိုင်ကျင့်မှုတစ်ရပ်ပြုလုပ်သူက ၎င်း၏ စစ်မှန်သော အထောက်အထားကို ဖုံးကွယ်ထားနိုင်ခြင်းဖြစ်သည်။ ထိုကဲ့သို့ လျှို့ဝှက်ထားမှုက ဇစ်မြစ်ကို ခြေရာခံရ ခက်ခဲစေပြီး မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းခြင်းထက် cyberbullying ပြုလုပ်ခြင်းကို ပိုမို အားပေးအားမြှောက်ဖြစ်စေသည်။
Cyberbullying အပြုအမူများတွင် ခြိမ်းခြောက်မှု ပြုလုပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ဆဲရေးစော်ကားမှုများ၊ လူမျိုးရေးဆိုင်ရာ စွပ်စွဲပြောကြားချက်များ၊ လိင်တူချင်းဆက်ဆံသူများကို စော်ကားပြောကြားမှုများ၊ ကွန်ပျူတာများအတွင်း virus ထည့်သွင်းရန် ကြိုးပမ်းမှုများ၊ e-mail inbox တွင် messag အများအပြား ပေးပို့ခြင်းများတို့ ပါဝင်သည်။ အကယ်၍ cyberbullying ပြုလုပ်ခံရသူသည် ခြိမ်းခြောက်ခံရသည့် message များနှင့် အသေရဖျက်သည့် message များကို အကြောင်းပြန်ကြားမှု မပြုလုပ်ခြင်းနှင့် ဇစ်မြစ်မသိသည့် email-message များကို ဖွင့်မဖတ်ခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ထို့အပြင် email account များကို blacklist သို့မဟုတ် whitelist ပြုလုပ်ခြင်း၊ e-mail လိပ်စာများ ပြောင်းလဲခြင်း၊ ISP များ ပြောင်းလဲခြင်း၊ ဆဲလ်ဖုန်း account များ ပြောင်းလဲခြင်းနှင့် ဇစ်မြစ်ကို ခြေရာခံရန် ကြိုးပမ်းခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

Internet Journal

No comments:

Post a Comment