Friday, August 8, 2014

Chromebook

Google Chromebook ဆိုသည်မှာ Chrome operating system ကို အသုံးပြုထားသော thin client laptop တစ်မျိုးဖြစ်သည်။ Chrome OS တွင် Google Chrome browser ပေါ်၌သာ အလုပ်လုပ်သော software application ကိုသာ အသုံးပြုနိုင်သည်။ Chromebook ကို browser-in-a-box ဟူ၍လည်း ခေါ်ဆိုကြသည်။

Chromebook များသည် ပိုင်ရှင်၏ application များ၊ ဗီဒီယိုများ၊ ဓာတ်ပုံဖိုင်များနှင့် document များကို Google virtual server များတွင် သိုလှောင်သိမ်းဆည်းပေးသောကြောင့် ၎င်းကို cloudbook များဟူ၍လည်း ခေါ်ဆိုကြသည်။ ဖိုင်များနှင့် software application များသည် သုံးစွဲသူ၏ Google account နှင့် ချိတ်ဆက်ထားသောကြောင့် ၎င်းတို့ကို မည်သည့် ထုတ်ကုန်များပေါ်မှမဆို Chrome browser သုံးရုံဖြင့် အသုံးပြုနိုင်သည်။ အကယ်၍ Chromebook ပျောက်ဆုံး သို့မဟုတ် ပျက်စီးခဲ့ပါက သုံးစွဲသူ၏ အချက်အလက်သည် ယခင်အတိုင်း လုံခြုံမှုရှိနေမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Chromebook တွင် အချက်အလက်များကို သိမ်းဆည်းထားခြင်း မရှိသောကြောင့် ဖြစ်သည်။

Chromebook ကို Samsung နှင့် Acer တို့မှ အမျိုးအစားနှစ်မျိုးဖြင့်ရရှိနိုင်သည်။ နှစ်မျိုးစလုံးတွင် 3G နှင့် Wi-Fi တို့ကို အသုံးပြုနိုင်သည်။

Chromebook ၏ အင်္ဂါရပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

- Boot တက်ချိန် ၈ စက္ကန့်သာရှိသည်။
- Chrome OS ကို အသုံးပြုသည်။
- External monitor တစ်ခုကို ချိတ်ဆက်ရန် Video Graphics Array (VGA) port ပါဝင်သည်။
- Sleep ဖြစ်နေရာမှာ ချက်ချင်း resume ပြန်လုပ်နိုင်သည်။
- ဘက်ထရီကို ၈.၅ နာရီအကြာ အသုံးပြုနိုင်သည်။
- သာမန် laptop များထက် screen ၄၀ ရာခိုင်နှုန်း ပိုမိုတောက်ပသည်။
- အလိုအလျောက် update ပြုလုပ်နိုင်သည်။
- မြန်နှုန်းမြင့် USB port တစ်ခု ပါဝင်သည်။
- Built-in Secure Digital/ Secure Digital High Capacity (SD/SDHC) memory card reader ပါဝင်သည်။
- အင်တာနက် အသုံးပြုရန် keyboard ပါဝင်သည်။
- အသံနားထောင်ရန် audio jack တစ်ခုပါဝင်သည်။

Internet Journal

No comments:

Post a Comment