Third party application ဆိုသည်မှာ
operating system များတွင် အလုပ်လုပ်နိုင်ရန် ရေးဆွဲထားသော ပရိုဂရမ်များဖြစ်သည်။ သို့ရာတွင်
အဆိုပါ ပရိုဂရမ်များကို operating system ထောက်ပံ့သူထက် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ်
ကုမ္ပဏီများမှ ရေးဆွဲထားခြင်း ဖြစ်သည်။
Microsoft system များတွင် software application အချို့ တစ်ပါတည်း ပါဝင်လေ့ရှိသည်။ ၎င်းတို့ကို first party application ဟုခေါ်ဆိုသည်။ သို့သော် အခြားသော ကုမ္ပဏီတစ်ခု သို့မဟုတ် developer တစ်ယောက်က ရေးဆွဲထားသော မည်သည့် ပရိုဂရမ်ကိုမဆို third party application ဟု ခေါ်ဆိုသည်။ ၎င်းအခြေအနေတွင် သုံးစွဲသူက second party ဖြစ်သည်။
Third party application များသည် standalone ပရိုဂရမ်များ ဖြစ်နိုင်သလို ရှိပြီးသား ပရိုဂရမ်တစ်ခုတွင် အလုပ်လုပ်နိုင်သည့် သေးငယ်သော plugin များလည်း ဖြစ်နိုင်သည်။ Opera, Safari, Firefox ကဲ့သို့သော Web browser များနှင့် Thunderbird, The Bat! နှင့် Pegasus ကဲ့သို့သော email client များသည် ထင်ရှားသည့် standalone third party application များ ဖြစ်သည်။

Internet Nournal
No comments:
Post a Comment