Sunday, September 21, 2014

အခမဲ့ Android app များ ရယူနိုင်မည့် ထိပ်တန်း ဝက်ဘ်ဆိုက် (၁၀) ခု

Android app များကို ငွေကြေးဖြင့် ဝယ်ယူစရာ မလိုဘဲ အခမဲ့ download ရယူနိုင်သည့် ဝက်ဘ်ဆိုက်များစွာရှိသည်။ သို့ရာတွင် အဆိုပါ ဝက်ဘ်ဆိုက်တိုင်းက Android သုံးစွဲသူများအား စိတ်ကျေနပ်မှု အပြည့်အဝ မပေးနိုင်သလို သုံးစွဲသူများ၏ တန်ဖိုးရှိသည့် အချိန်ကိုလည်း အလဟဿ ဖြစ်စေနိုင်သည်။ ထို့ကြောင့် Android app များကို အခမဲ့ download ပြုလုပ်နိုင်မည့် ဝက်ဘ်ဆိုက် (၁၀) ခုကို ဖော်ပြလိုက်ပါသည်။

(၁) Google Play
++++++++++
Android app များကို download ရယူနိုင်သည့် နာမည်ကျော် ဆိုက်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို Android Market ဟူ၍လည်း လူသိများသည်။ Android app များကို အလွယ်တကူ ရှာဖွေပြီး download ပြုလုပ်နိုင်သည်။ Google Play တွင် အခမဲ့ Android application များ ရရှိနိုင်သလို အခပေး application များကိုလည်း ဝယ်ယူနိုင်သည်။

(၂) Amazon Appstore for Android
+++++++++++++++++++++
Android application များ အားလုံးကို တစ်စုတစ်စည်းတည်း ဖော်ပြပေးထားသည့် ဆိုက်ဖြစ်သည်။ ကဏ္ဍများဖြင့် ခွဲခြားထားသောကြောင့် Android ကို စတင် သုံးစွဲသူများ အနေဖြင့် application များကို အလွယ်တကူ ရှာဖွေပြီး download ပြုလုပ်နိုင်စေမည် ဖြစ်သည်။ ၎င်းဆိုက်တွင် အကောင်းဆုံး app များနှင့် download ပြုလုပ်မှု အများဆုံး app များကို ထိပ်တန်း အခပေး app ၁၀၀ နှင့် ထိပ်တန်း အခမဲ့ app ၁ဝ၀ ဖြင့် ဖော်ပြထားသည်။

(၃) AndroidPIT
++++++++++
ကွဲပြားခြားနားသော အခမဲ့နှင့် အခပေး Android app များကို ထောက်ပံ့ပေးထားသည့် ဆိုက်ဖြစ်သည်။ ထိပ်တန်း အခပေး app များ၊ ထိပ်တန်း အခမဲ့ app များနှင့် စမ်းသပ်ထားသည့် app များစသည်ဖြင့် ခွဲခြားဖော်ပြထားသောကြောင့် အချိန်ကုန် အလုပ်ရှုပ်စရာမလိုဘဲ လိုအပ်သည့် app များကို အလွယ်တကူ ရယူနိုင်သည်။

(၄) Freewarelovers
Android ထုတ်ကုန် အတွက် အခမဲ့ application နှစ်ထောင်နီးပါး ထောက်ပံ့ပေးထားသည့် ဆိုက်ဖြစ်သည်။ Android app များကို အမျိုးအစားများဖြင့် ခွဲခြား ဖော်ပြထားသောကြောင့် အလွယ်တကူ ရှာဖွေပြီး ရယူနိုင်သည်။

(၅) Appsapk
+++++++++
Android သုံးစွဲသူများအတွက် အကောင်းဆုံး အခမဲ့ Android app များကို ထောက်ပံ့ပေးထားသည်။ ကဏ္ဍများဖြင့် ခွဲခြားကာ ဖော်ပြထားသောကြောင့် လိုအပ်သည့် app များကို အလွယ်တကူ ရှာဖွေပြီး download ပြုလုပ်နိုင်သည်။

(၆) Slideme
++++++++
Android ထုတ်ကုန် အားလုံးအတွက် အခမဲ့နှင့် အခပေး application များကို ရှာဖွေပြီး download ရယူနိုင်သည့် ထိပ်တန်းဆိုက် တစ်ခုဖြစ်သည်။

(၇) Pandaapp
++++++++++
Panda App ဆိုက်မှတစ်ဆင့် အခမဲ့ Android ဂိမ်းများနှင့် အခမဲ့ Android app များကို download ပြုလုပ်နိုင်သည်။ ထို့အပြင် wallpaper များနှင့် ringtone များကိုလည်း ထောက်ပံ့ပေးထားသည်။

(၈) Phoload
+++++++++
Android ဖုန်းအတွက် အမျိုးမျိုးသော အခမဲ့ Android app များနှင့် ဂိမ်းများကို download ရယူနိုင်မည့် ဆိုက်ဖြစ်သည်။ ဖုန်းအမျိုးအစားကို ရွေးချယ်ပြီး download ပြုလုပ်နိုင်သောကြောင့် မိမိဖုန်းနှင့် လိုက်ဖက်မည့် app များနှင့် ဂိမ်းများကို ရရှိနိုင်သည်။

(၉) AppBrain
+++++++++
အကောင်းဆုံး Android app များကို ရှာဖွေရာတွင် အကူအညီပေးနိုင်မည့် ဆိုက်ဖြစ်သည်။ ထို့အပြင် မိမိနှစ်သက်သည့် app များကို စီမံခန့်ခွဲပြီး သူငယ်ချင်းများထံ ဝေမျှနိုင်သည်။

(၁၀) Appitalism
+++++++++++++
Android သုံးစွဲသူများ အတွက် အကောင်းဆုံး အခမဲ့၊ အခပေး Android app တွေကို ထောက်ပံ့ပေးနိုင်သည့် ဆိုက်ဖြစ်သည်။ App များနှင့် ဂိမ်းများကို ကဏ္ဍအမျိုးအစား ခွဲခြားပေးထားသောကြောင့် သုံးစွဲသူ၏ Android ထုတ်ကုန်အတွက် လိုအပ်သည့် app များကို လွယ်ကူလျင်မြန်စွာ ရှာဖွေနိုင်မည် ဖြစ်သည်။

Computer Journal Magazine

No comments:

Post a Comment