ကွန်ပျူတာပေါ်တွင်
အသုံးပြုနိုင်သည့် အခမဲ့နှင့် open source ထုတ်ကုန် သန်းပေါင်းများစွာရှိသည်။
အဆိုပါ အခမဲ့ ပရိုဂရမ် အများစုသည် စီးပွားဖြစ် ရောင်းချသည့် ထုတ်ကုန်များထက်
သာလွန်ကောင်းမွန်သည်။ ထို့ကြောင့် ကွန်ပျူတာ သုံးစွဲသူများတွင် ရှိထားသင့်သည့်
အခမဲ့ ထိပ်တန်း ပရိုဂရမ် (၁၀) ခုကို ဖော်ပြလိုက်ပါသည်။
Antivirus နှင့် malware ကာကွယ်ခြင်း
+++++++++++++++++++++++
ကွန်ပျူတာ
သုံးစွဲသူ အများစုသည် ၎င်းတို့၏ ကွန်ပျူတာများကို antivirus program များထည့်သွင်းကာ
ကာကွယ်မှုပြုလုပ်ကြသည်။ သို့ရာတွင် အချို့သော အခြေအနေများ၌ အခမဲ့ antivirus program
များက စီးပွားဖြစ် ရောင်းချသည့် ထုတ်ကုန်များထက် ပိုမိုကောင်းမွန်သည်ကို
သတိမပြုမိဘဲ ရှိတတ်ကြသည်။ အခမဲ့ ထိပ်တန်း antivirus program များအဖြစ်
အောက်ဖော်ပြပါ program များကို အသုံးပြုနိုင်သည်။
Backup ပြုလုပ်ခြင်း
++++++++++++
ကွန်ပျူတာများတွင်
အသုံးပြုနိုင်မည့် အခမဲ့နှင့် အခပေး backup program များစွာရှိသည်။ သို့ရာတွင်
အချို့သော backup များသည် ကွန်ပျူတာပေါ်တွင်သာ သိမ်းဆည်းထားသောကြောင့် ကွန်ပျူတာ
ခိုးယူခံရခြင်း၊ backup disc များ ပျောက်ဆုံးခြင်း စသည့် ကိစ္စရပ်များ
ဖြစ်ပွားသည့်အခါ အချက်အလက်များ ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် အရေးကြီး အချက်အလက်များကို
အွန်လိုင်း ဝန်ဆောင်မှုများဖြင့် backup ပြုလုပ်သင့်သည်။
Browser များ
Microsoft
Internet Explorer သည် Windows ကွန်ပျူတာများတွင် တစ်ပါတည်း ပါဝင်လာသော်လည်း ၎င်းထက်
ပိုကောင်းသည့် browser များကို သုံးစွဲသူများက ပြောင်းလဲသုံးစွဲနိုင်သည်။ အခမဲ့
ရရှိနိုင်သည့် အောက်ဖော်ပြပါ ထိပ်တန်း browser များသည် လုပ်ဆောင်ချက်များကို
လျင်မြန်စွာ ပြုလုပ်ပေးနိုင်သလို option အများအပြားကိုလည်း ထောက်ပံ့ပေးထားသည်။
ထို့အပြင် လုံခြုံမှုအပိုင်းတွင်လည်း Internet Explorer ထက် ပိုမိုကောင်းမွန်သည်။
Compression utility
+++++++++++++
အင်တာနက်ပေါ်မှ
ဖိုင်များကို download ပြုလုပ်သည့်အခါ .zip, .rar နှင့် အခြားသော compressed
ဖိုင်များနှင့် ရရှိနိုင်သည်။ ထိုသို့သော compressed ဖိုင်များကို ဖြည်ရန်အတွက်
file compression utility တစ်ခု လိုအပ်သည်။ အောက်ဖော်ပြပါ အခမဲ့ file compression
utility သည် compress လုပ်ထားသည့် ဖိုင်များကို အလွယ်တကူ ဖြည်ပေးနိုင်သည်။
File
compression utility: 7-Zip
Disc ripper နှင့် creation utility
++++++++++++++++++++
Audio
သို့မဟုတ် data CD/DVD တစ်ခုကို ဖန်တီးလိုသည့်အခါ ဒါမှမဟုတ် audio CD မှ
အချက်အလက်များကို ရယူလိုသည့်အခါနှင့် .ISO ဖိုင်ကို CD တစ်ခုအဖြစ်
ဖန်တီးလိုသည့်အခါမျိုးတွင် အောက်ဖော်ပြပါ အခမဲ့ program ဖြင့် အသုံးပြုနိုင်သည်။
CD
burner utility: CDBurnerXP
E-mail
Email
သည်လည်း အခမဲ့သုံးစွဲနိုင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ယနေ့ခေတ်တွင်
သုံးစွဲသူများသည် အောက်ဖော်ပြပါ အွန်လိုင်း e-mail solution များကို
တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။ သို့သော်လည်း ၎င်း solution များအပြင်
Microsoft Outlook ကဲ့သို့သော e-mail client ကိုလည်း အသုံးပြုနေကြဆဲ ဖြစ်သည်။
E-mail
client: Mozilla
Thunderbird
Online
e-mail: Gmail
FTP, SFTP နှင့် SSH Utility
++++++++++++++++
ကိုယ်ပိုင်
ဝက်ဘ်စာမျက်နှာကို ပြုပြင်ထိန်းသိမ်းလိုသူများ သို့မဟုတ် ဆာဗာတစ်ခုမှ ဖိုင်များကို
download ပြုလုပ်ခြင်း၊ ဆာဗာတစ်ခုထံ ဖိုင်များကို upload ပြုလုပ်ခြင်း တို့ကို
ပြုလုပ်လိုသူများ အနေဖြင့် FTP utility သို့မဟုတ် SSH client ကို တစ်ခုကို
အသုံးပြုနိုင်သည်။ ၎င်းတို့အတွက် အခပေး ပရိုဂရမ်များရှိသော်လည်း အောက်ဖော်ပြပါ အခမဲ့
ပရိုဂရမ်များဖြင့်လည်း အသုံးပြုနိုင်သည်။
FTP
client: Filezilla
Image editor, paint program နှင့် picture organizer
++++++++++++++++++++++++++++++++
ကွန်ပျူတာပေါ်တွင်
ဓာတ်ပုံများကို ပြင်ဆင်ခြင်း၊ ဖန်တီးခြင်းနှင့် တစ်စုတစ်စည်းတည်း
ထားရှိခြင်းတို့ ကို ပြုလုပ်နိုင်သည့် အခပေး ပရိုဂရမ်များသည် ဒေါ်လာ ၁၀၀ ကျော်သည်။
သို့သော်လည်း ယခုဖော်ပြလိုက်သည့် အခပေး ပရိုဂရမ်များက ဓာတ်ပုံ ပြင်ဆင်၊ တည်းဖြတ်၊
ဖန်တီးခြင်းတို့ကို အကောင်းဆုံး ပြုလုပ်နိုင်သည်။
Image
editor: GIMP
Paint
program: Paint.net
Picture
organizer: Google Picasa
Multimedia
++++++++
Multimedia
ပရိုဂရမ်များသည် လုပ်ဆောင်နိုင်စွမ်း အမျိုးမျိုးကို ထောက်ပံ့ပေးနိုင်သလို
ကန့်သတ်မှု အမျိုးမျိုးလည်း ရှိကြသည်။ အောက်ဖော်ပြပါ အခမဲ့ ထိပ်တန်း multimedia
program များသည် ဗီဒီယိုဖိုင်များ ကြည့်ရှုခြင်း၊ အသံများ ဖမ်းယူခြင်းတို့ အတွက်
အကောင်းဆုံး ဖြစ်သည်။
Audio
editing and creating tool: Audacity
Office Suite
++++++++
Microsoft
Office ကဲ့သို့သော Office suite သည် ဈေးကြီးသည့် ပရိုဂရမ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။
ထို့ကြောင့် ရုံးလုပ်ငန်းသုံး ကိစ္စရပ်များအတွက် အခမဲ့ ထိပ်တန်း Office suite ဖြင့်
အသုံးပြုလိုပါက OpenOffice ကို ရွေးချယ်နိုင်သည်။
Office
suite: OpenOffice
Notepad
and Source code editor: Notepad++
Internet Journal
No comments:
Post a Comment