Wednesday, September 3, 2014

Amaya


Amaya ဆိုသည်မှာ World Wide Web Consortium (W3C) အဖွဲ့ဝင်များက ဖန်တီးထားသော W3C စိတ်ကူးအကြံဉာဏ်များအတွက် စမ်းသပ်သုံးစွဲသည့် tool တစ်ခုဖြစ်သည်။ Amaya တွင် HTML editor တစ်ခုအပြင် viewer တစ်ခုပါဝင်သည် ၎င်းကို Linux နှင့် Windows 95/NT/2000 operating system များပေါ်တွင် အသုံးပြုရန်အတွက် W3C ဝက်ဘ်ဆိုက်မှ အခမဲ့ download ပြုလုပ်နိုင်သည်။ Amaya ကို open source software တစ်ခုအနေဖြင့် ဖြန့်ချိထားသောကြောင့် software developer များအနေဖြင့် code များ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းနှင့် လုပ်ဆောင်ချက်များ တိုးချဲ့ခြင်းတို့ကို ပြုလုပ်နိုင်သည်။

Web တီထွင်သူနှင့် W3C ဒါရိုက်တာ တင်မ်ဘာနာစ်လီ၏ အဆိုအရ Amaya ကို ဖန်တီးစဉ်က စီးပွားဖြစ်အတွက် ရည်ရွယ်ထားခြင်းမရှိကြောင်း၊ browser က လုပ်ဆောင်ချက်များ မည်သည့်အတွက်ကြောင့် မထောက်ပံ့ပေးနိုင်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်းတို့အတွက် Amaya ကို ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Amaya သည် MathML ကဲ့သို့ အခြားသော W3C ဖွံ့ဖြိုးမှုများအတွက် testing platform တစ်ခုအနေဖြင့် ထောက်ပံ့ပေးသည်။ ဘာနာစ်လီနှင့် ဝန်ထမ်းအဖွဲ့များသည် Amaya ကို ပင်မ browser အနေဖြင့် အသုံးပြုကြသည်။

Internet Journal

No comments:

Post a Comment