Auxiliary သို့မဟုတ် external
storage ဟူ၍လည်း ခေါ်ဆိုနိုင်သော secondary storage ဆိုသည်မှာ ကွန်ပျူတာ၏ central
processing unit (CPU) ၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် မရှိသော၊ application တစ်ခုဖြင့်
တိုက်ရိုက် အပြန်အလှန် မလုပ်ဆောင်နိုင်သော non-volatile storage ဖြစ်သည်။
Secondary storage ကို အချက်အလက်ကို ကူးယူထားသော back up primary storage အနေဖြင့်လည်း အသုံးပြုကြသည်။ အကျိုးရှိစေမည့် secondary storage media ကို ရွေးချယ်ရန်အတွက် အချက်အလက်၏ တန်ဖိုးကို ဦးစွာ နားလည်ရန် လိုအပ်သည်။ External hard drive များ၊ portable flash drive များ၊ CD များ၊ DVD များနှင့် cloud backup တို့ကို secondary storage အနေဖြင့် အသုံးပြုကြသည်။
စီးပွားရေးလုပ်ငန်း နယ်ပယ်တွင် network-attached storage (NAS) box ကို secondary storage အတွက် အသုံးပြုကြသည်။ Object storage system များသည်လည်း ဈေးနှုန်း မကြီးမြင့်သောကြောင့် secondary storage အဖြစ် အသုံးပြုကြသည်။ Secondary storage သည် secondary storage ထုတ်ကုန်များထက် တန်ဖိုးကြီးမြင့်သော်လည်း စွမ်းဆောင်ရည်ပိုမို ကောင်းမွန်သည်။

Internet Journal
No comments:
Post a Comment