Wednesday, September 3, 2014

DNA storage


DNA storage ဆိုသည်မှာ binary data ကို encode နှင့် decode ပြုလုပ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ သဘာဝအရဆိုလျှင် DNA မော်လီကျူးများတွင် သက်ရှိဆဲလ်များနှင့် ဇီဝသက်ရှိများ အတွက် မျိုးရိုးဗီဇနှင့်ဆိုင်သော genetic blueprint များ ပါဝင်သည်။

Binary ဒီဂျစ်တယ်ဖိုင်တစ်ခုကို DNA အဖြစ် သိမ်းဆည်းသည့်အခါ bit (binary digits) များကို 1 နှင့် 0 မှ အက္ခရာစာလုံး A, C,G, T သို့ ပြောင်းလဲပေးသည်။ အဆိုပါ အက္ခရာစာလုံးများသည် adenine, cytosine, guanine နှင့် thymine ဟူသော DNA ၏ အဓိက ဒြပ်ပေါင်း လေးမျိုးကို ကိုယ်စားပြုသည်။ အချက်အလက်ကို ပြန်လည်ရယူသည့်အခါ A,C, G, T စာလုံးများကို မူလ bits 1, 0 သို့ ပြောင်းလဲပေးသည်။

European Molecular Biology Laboratory (EMBL) မှ သုတေသီများသည် အသံ၊ ဓာတ်ပုံနှင့် စာဖိုင်များကို DNA mocule သို့ encode ပြုလုပ်ပြီးနောက် DNA မှ ဖိုင်များကို ပြန်လည်ရယူရာ၌ ၉၉.၉၉ ရာခိုင်နှုန်း တိကျသည့် အချက်အလက်များကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။

Internet Journal

No comments:

Post a Comment