Firesheep ဆိုသည်မှာ လုံခြုံစိတ်ချမှု
မရှိသည့် Wi-Fi ကွန်ရက်များပေါ်မှ session hijacking တိုက်ခိုက်မှုများကို အလိုအလျောက်
ပြုလုပ်နိုင်သည့် Firefox plug-in တစ်ခုဖြစ်သည်။ ၎င်း plug-in သည် ကွန်ရက်သို့ ချိတ်ဆက်ထားသည့်
Wi-Fi router နှင့် end user များအကြား encrypt မလုပ်ထားသော ဝက်ဘ်ဆိုက်များမှ
cookie များကို ကြားဖြတ်ရယူနိုင်သည့် packet sniffer တစ်ခုဖြစ်သည်။ ဆီယက်တဲလ်မြို့
အခြေစိုက် အဲရစ်ဘတ်တလာ ဆိုသူက Firesheep ကို ဖန်တီးခဲ့ပြီး ၎င်းကို ၂၀၁၀
ခုနှစ် အောက်တိုဘာတွင် ကျင်းပပြုလုပ်ခဲ့သော ToorCon ဟက်ကာ ကွန်ဖရင့်စ်တွင် မိတ်ဆက်ကြေညာခဲ့သည်။
Firesheep သည် အလွယ်တကူ အသုံးပြုနိုင်သောကြောင့် လုံခြုံစိတ်ချရခြင်း မရှိသည့် Wi-Fi connection ကို အသုံးပြုသော မည်သူမဆို အခြားသော သုံးစွဲသူ၏ session ကို တရားမဝင် ရယူနိုင်သည်။ Firesheep ၏ default database တွင် Amazon, Facebook, Google, Twitter, The New York Times နှင့် Wordpress အပါအဝင် နာမည်ကျော် ဝက်ဘ် ဝန်ဆောင်မှုနှင့် လူမှုရေးကွန်ရက်ဆိုက် ၂၆ ခု ပါဝင်သည်။ ထို့အပြင် ၎င်း database တွင် အခြား ဝက်ဘ်ဆိုက်များ ထည့်သွင်းရန် ပြင်ဆင်မှု ပြုလုပ်နိုင်သည်။

Internet Journal
No comments:
Post a Comment