Wednesday, September 24, 2014

ဗီဒီယိုဖောမက်အပြောင်းအလဲအတွက် သိထားစရာတွေ

ယနေ့ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ များလိုက်တဲ့ ဗီဒီယိုဖိုင်တွေ၊ အရေအတွက် ဘယ်လောက် ရှိနိုင်တယ်ဆိုတာ ခန့်မှန်းလို့တောင် မရပါ။ ဆိုးတာက အဲဒီ ဗွီဒီယိုဖိုင် တွေက ဖောမက်အမျိုးမျိုးနဲ့ ရှိနေတာပါ။ ဖောမက် (format) ဆိုတာက “မီဒီယာစနစ် တစ်ခုကို သိုလှောင်ဖို့ ပြင်ဆင်ခြင်း” လို့ ဆိုပါတယ်။ ဒီလိုရေးထားတော့ သိပ် အဓိပ္ပာယ် ပေါက်မှာ မဟုတ်ပါ။ ကျွန်တော့် အတွေးနဲ့ လွယ်လွယ် ရေးရရင် “ကွန်ပျူတာနဲ့ပတ် သက်တဲ့ အချက်အလက်တွေကို ဟာ့ဒ်ဒစ်မှာ ရေးတယ်၊ သိမ်းတယ်ဆိုပါတော့။ အဲဒီ အတွက် ဟာ့ဒ်စ်မှာ နေရာ ပြင်ဆင်ထားရပါတယ်။ တစ်နည်း ပြောရရင် အကွက်ချပေး ပြီး ဖြစ်ပါတယ်။ အဲဒီ အချက်အလက်ကို ပြန်ဖတ်မယ်ဆိုရင် အကွက်ချပေးထားတဲ့ ပုံစံကို နားလည်တဲ့ ဝင်းဒိုးစ်စနစ်က tool ဒါမှမဟုတ် ဆော့ဖ်ဝဲနဲ့ ပြန်ဖွင့်ကြတာပါ။
 နောက်တစ်ချက်သိဖို့က ဟာ့ဒ်ဒစ်ကို ဖောမက်ချတယ်ဆိုတာကလည်း တကယ်တော့ အချက်အလက် (data) တွေကို ဖျက်လိုက်ခြင်း မဟုတ်ပါဘူး။ အချက်အလက်ဖိုင်ရဲ့ လိပ်စာညွှန်း (address table) အကွက်ကိုသာ ဖျက်လိုက် တာပါ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ ဖောမက်ချလိုက်တဲ့ ဖိုင်တွေကို အထူးရေး ထားတဲ့ ဆော့ဖ်ဝဲသုံးပြီး ပြန်ဖော်ထုတ်နိုင်တာပါ။ ဖိုင်အားလုံးကို ပြန်မရပေမဲ့ အတော် များများကိုတော့ ဖော်ထုတ်ပေးနိုင်ပါတယ်။
 Low-level နဲ့ High-level
 ဟာ့ဒ်ဒစ်တစ်လုံးကို ဖောမက်ချတဲ့အခါ high-level format နဲ့ low-level format ဆိုပြီး နှစ်မျိုး ရှိပါတယ်။ High-level format ဆိုတာ အခြေခံအားဖြင့် ကွန်ပျူတာဟာ့ဒ်ဒစ်မှာ file allocation table (FAT) တည်ဆောက်ခြင်းနဲ့ ဟာ့ဒ် ဒစ်ကို OS စနစ်ကနေ ကောင်းစွာသုံးနိုင်အောင် စီစဉ်ပေးခြင်း ဖြစ်ပါတယ်။ နောက် root directory ကိုလည်း တည်ဆောက်ပေးပါတယ်။ အဲဒီအတွက် FDISK ဒါမှ မဟုတ် ဟာ့ဒ်ဒစ်နဲ့ ပါလာတတ်တဲ့ အထူးပရိုဂရမ် (ဆော့ဖ်ဝဲ) ကို သုံးပါတယ်။
Low-level formatting ဟာ ဟာ့ဒ်ဒစ်မှာ အချက်အလက် (data) တွေကို လက်ခံဖို့ရာ sectors များကို တည်ဆောက်ပေးပါတယ်။ Boot sector ကိုလည်း ပြုလုပ်ပေးပါတယ်။ ကွန်ပျူတာသုံး ဟာ့ဒ်ဒစ်အသစ်များအတွက် စက်ရုံကနေ low-lovel format ချပေးထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွန်ပျူတာအသစ်တစ်လုံး စသုံးသူများအနေနဲ့ ဟာ့ဒ်ဒစ်ကို low-lovel format ချရမှာလား၊ high-level format ချရမှာလားဆိုတာ စဉ်းစားစရာ မလိုပါ။ ကွန်ပျူတာကို အသင့်သုံးရုံသာ ဖြစ်ပါ တယ်။

 ဒစ်ဂျစ်တယ်ဖိုင်များနှင့် ဖောမက်
++++++++++++++++++
ဟာ့ဒ်ဒစ်မှာ ဖောမက်ချတယ်ဆိုတာ သင်သိပြီးရင် ဒစ်ဂျစ်တယ်ဖိုင်တွေမှာ လည်း ဖောမက်မျိုးစုံ ရှိတယ်ဆိုတာကို လေ့လာကြရအောင်။ ဒစ်ဂျစ်တယ်ဖိုင် ဒါမှ မဟုတ် ဒစ်ဂျစ်တယ် ဗီဒီယိုရယ်လို့ ပေါ်ပေါက်လာခဲ့တဲ့ သက်တမ်းတစ်လျှောက် မှာ များလိုက်တဲ့ ဖောမက်တွေပါ။ ကွန်ပျူတာနယ်ပယ်မှာ ဗီဒီယိုဖောမက် အမျိုး အစားပေါင်း ၁၆၆ ရှိတယ်လို့ စာရင်းတွေ့ပါတယ်။ ဗီဒီယိုနယ်ပယ်မှာ ဒီလိုဖောမက် တွေ များရတာက ဗီဒီယို ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုသည် သူတို့ရဲ့ ထုတ်ကုန် (ဗီဒီယို) ကို သူများထက်သာအောင်၊ သူများက လိုက် မသုံးနိုင်အောင် ဖန်တီးလိုက်ခြင်း ဖြစ်ပါ တယ်။ ဒီလို ဈေးကွက်ကို အပိုင်စီးဖို့ ကြိုးစားကြ ပေမဲ့ ဘယ်သူ့ဖောမက်ကမျှ “စံ”တစ်ရပ် ဖြစ် မလာခဲ့ဘဲ ဖောမက်တွေ များလာရခြင်း ဖြစ်ပါ တယ်။ ဒီလိုဖောမက်များနေလို့ ဗီဒီယို ပရိသတ် အတွက် အောက်ဖော်ပြပါ ပြဿနာများကို မမျှော်လင့်ဘဲ တွေ့နိုင်ပါတယ်။
-    အရေးကြီးတဲ့ ဗီဒီယို presentation တစ်ခု ကို အလုပ်ရှင်ရှေ့ ဒါမှမဟုတ် ပရိသတ် ရှေ့မှာ အရေးပေါ် ပြတဲ့ခါ ဗီဒီိယိုဖိုင်က ဖွင့် မရပါ။
-    သင်ဒေါင်းလုတ်ချယူထားတဲ့ အွန်လိုင်း ဒါမှ မဟုတ် YouTube က ဗီဒီယိုဖိုင်အချို့ကို သင့်ကွန်ပျူတာမှာ ဖွင့်ကြည့်လို့ မရပါ။
-    သင့်ဆီ ပို့လိုက်တဲ့ တချို့ အီးမေးလ်များမှာ ဗီဒီယိုဖိုင်ကို attached လုပ်ပေးလိုက်ပေမဲ့ ကြည့်လို့မရပါ။
-    ကွန်ပျူတာမှာ ကြည့်နေတဲ့ ဗီဒီယိုဖိုင် အတော်များများကို အောက်စက်နဲ့ ဖွင့် ကြည့်တဲ့အခါ ဘာမှ မမြင်ရပါ။
-    ဗီဒီယိုဖိုင်ကို ကြည့်လို့ရအောင် ဟိုပြောင်း ဒီပြောင်းနဲ့ နောက်ဆုံး ရတဲ့ဖောမက်မှာ ဗီဒီ ယို အရည်အသွေးက ကျနေပါပြီ။ ကြည့်လို့ မကောင်းတော့ပါ။
ဗီဒီယို
 ဒီနေ့ခေတ် ဗီဒီယို ဖောမက်များပုံကတော့ ကျွန်တော်တို့ကို အလုပ်ရှုပ်စေပါတယ်။ မူရင်း ဆောင်းပါးထဲကအတိုင်း ရေးရရင် “အတွင်းခံ ဘောင်းဘီထဲမှာ ပုရွက်ဆိတ် ဝင်နေသလို” ဖြစ် နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဗီဒီယို ဖောမက် အပြောင်းအလဲအတွက် “video conversion” အကြောင်းကို လေ့လာထားရပါမယ်။
 (၁) အခြေခံ သဘောတရားကို နားလည်ခြင်း။
CD ချပ် (DVD ချပ် မပေါ်သေးပါ။) ဆိုတာ စပေါ်တော့ အဲဒီ CD ချပ်မှာ တေးဂီတနဲ့ ဗီဒီယို ဖိုင်ကို ဘယ်လိုဖောမက်နဲ့ သိမ်းမလဲဆိုတာ နဲ့ပတ်သက်လို့ သတ်မှတ်ချက်တွေ ရှိခဲ့ပါတယ်။ အဲဒီ ဖောမက် သတ်မှတ်ချက်တွေကို CD Yellow Book, Red Book စတဲ့ အမည်ပေးပြီး “စံ”တစ်ရပ်အဖြစ် ဖော်ပြကြပါတယ်။ နည်းပညာ ဆိုင်ရာ စံချိန်စံညွှန်းတွေလို့ ဆိုနိုင်ပါတယ်။ အဲဒီ CD Yellow Book, Red Book စတဲ့ “စံ” သတ် မှတ်ချက်တွေနဲ့ ပတ်သက်ပြီး စောစောပိုင်း ကာလမှာ လိုက်နာကြပေမဲ့ နည်းပညာ တိုး တက်မှုနှုန်းက မြန်လို့ “စံ” သတ်မှတ်ချက် ဆို တာတွေကို ချန်ထားလိုက်ရပါတယ်။
ကိုယ့်ကုမ္ပဏီက ထုတ်လုပ်တဲ့ “စံ” သတ် မှတ်ချက် ဒါမှမဟုတ် ဖောမက်ကသာ အကောင်း ဆုံးဆိုပြီး ဗီဒီယိုဈေးကွက်မှာ နေရာရဖို့ ကြိုးစား လာကြပါတယ်။ တချို့ကုမ္ပဏီများက သူတို့ရဲ့ ထုတ်ကုန်ကို ဗီဒီယိုဖောမက် နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုး ထက်ပိုပြီး ထုတ်လုပ်ကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဗီဒီယို ဖောမက်များကို တစ်မျိုးကနေ တစ်မျိုးကို အလွယ်တကူ ပြောင်းနိုင်တဲ့ converter ဆော့ဖ်ဝဲတွေ ပေါ်ထွက်လာလို့ ကျွန် တော်တို့အတွက် အခက်အခဲ မရှိနိုင်တော့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဗီဒီယိုဖောမက်များရဲ့ အခြေခံ သဘောတရားကို နားလည်ထားဖို့တော့ လိုပါမယ်။
မီဒီယာကုမ္ပဏီများက ထုတ်လုပ်တဲ့ ဗီဒီယို ဖိုင် အများစုမှာ သူတို့ရဲ့ ဗီဒီယိုဖိုင်များကို အခက် အခဲမရှိ ဖွင့်နိုင်ဖို့အတွက် အနည်းဆုံး အမျိုး အစားနှစ်ခု ပေးထားပါတယ်။ အဲဒါတွေကတော့ container နဲ့ codec တို့ ဖြစ်ပါတယ်။
 Containers
Container မှာ ဖိုင်တည်ဆောက်ပုံကို ဖော်ပြပေးပါတယ်။ အဲဒီဖိုင်ထဲမှာ အစိတ်အပိုင်း အမျိုးမျိုး ပါဝင်ပေမဲ့ အသုံးပြုသူအတွက် အခက် အခဲ မရှိစေရအောင် စီမံတည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ဆိုလိုတာက ဖိုင်မှာ video codec နဲ့ audio codec စတဲ့ အချက်အလက်တွေပါပေမဲ့ သုံးသူက container ရဲ့ ဖော်မက်အတိုင်း သုံးဖို့ သာ ဖြစ်ပါတယ်။ ဖိုင်တည်ဆောက်ပုံအပေါ် မူတည်ပြီး ၎င်းတို့ရဲ့ ဖိုင် extension မှာ ဖော်ပြ ထားပါတယ်။ ဥပမာ AVI, .MP4, .MOV တို့ ဖြစ်ကြပါတယ်။
တချို့က container format လို့ ရေးသား ကြပြီး အဲဒီထဲမှာ အချက်အလက်အမျိုးအစား မျိုးစုံ ပါဝင်ပါတယ်။ ၎င်းတို့ကို codecs စံညွှန်းနဲ့ ချုံ့ပြီး သိမ်းထားခြင်းဖြစ်ပါတယ်။ Container format မှာ ဘယ်လို အချက်အလက် (အစိတ် အပိုင်း) တွေ သိမ်းဆည်းထားတယ်ဆိုတာ ဖော် ပြပေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။
 Codec
Container တိုင်းမှာ ဗီဒီယိုနဲ့ အသံ အချက် အလက် (data) တွေ ပါရှိပါတယ်။ ၎င်းတို့ကို codec (coder/decoder) လို့ ခေါ်တဲ့ ဆော့ဖ်ဝဲနဲ့ စီမံဖန်တီးထားပါတယ်။ ဆိုက်အချို့မှာ Codec ကို (compressor/decompressor) ရဲ့ အတို ကောက် စာလုံးဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုပါ တယ်။ ၎င်းက ဒစ်ဂျစ်တယ်တေးဂီတ၊ ဓာတ်ပုံ၊ ရုပ်ရှင် စတာတွေကို ကျစ်လျစ်နေအောင် ချုံ့ပြီး သိမ်းထားဖို့ကို လုပ်ဆောင်ပေးပါတယ်။ လိုအပ် ရင် မူရင်း အချက်အလက်များအတိုင်း ပြန်ဖြည် ပေးပါတယ်။ ဒါ့ကြောင့် ချုံ့ခြင်းနဲ့ ပြန်ဖြည်ခြင်း (compressor/decompressor) လို့ ရေးသား သတ်မှတ်ခြင်းဖြစ်ပါတယ်။ အသုံးများတဲ့ video codecs မှာ  DivX, XviD, 3ivx, MPEG (MPEG-1,2,3,4), ReadVideo စတာတွေ ပါဝင်ကြပါ တယ်။
Container & Codec
Container လို့ပဲရေးရေး၊ codec လို့ပဲ ခေါ် ခေါ် အဲဒါကတော့ ဗီဒီယိုဖောမက်သာ ဖြစ်ပါ တယ်။ Container ဟာ ဖိုင်ဖြစ်ပြီး codec ကို တော့ ပါဝင်တဲ့ အချက်အလက်တွေလို့လည်း မှတ်ယူနိုင်ပါတယ်။ Container ကို အချက် အလက်များ ထည့်သွင်းထုပ်ပိုးထားတဲ့ package တစ်ခုအဖြစ် မြင်ယောင်ကြည့်နိုင်ပါတယ်။ Codec ကတော့ container ထဲက ဗီဒီယိုနဲ့ အော်ဒီယို အချက်အလက် (signal) များကို encoding နဲ့ decoding ပြုလုပ်တဲ့ နည်းလမ်း ဖြစ် ပါတယ်။ အလွန် ပြည့်စုံကောင်းမွန်တဲ့ container မှာ codecs များစွာ ထည့်သွင်းထားနိုင်ပါတယ်။
ဗီဒီယို ဖရိမ်
ဗီဒီယို (ရုပ်ရှင်) တစ်ကား ရိုက်ကူးတဲ့အခါ အဲဒီမှာ ရိုက်ချက် (snapshots) များစွာနဲ့ ဖွဲ့ စည်းထားခြင်းဖြစ်ပြီး ရိုက်ချက်တစ်ခုချင်းကို ဖရိမ် (frame) လို့ သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။ Frame rate ဟာ ဗီဒီယိုရဲ့ အချိန်ယူနစ်တစ်ခုမှာ ပါရှိတဲ့ ရုပ်သေပုံများရဲ့ အရေအတွက် ဖြစ်ပါ တယ်။ Frame rate ကို frames per second (fps) နဲ့ ပြပါတယ်။ ဥပမာ ရုပ်ရှင် (ဖလင်) မှာဆို ရင် တစ်စက္ကန့်ကို ၂၄ ဖရိမ်နှုန်းနဲ့ ရိုက်ပါတယ်။ တစ်စက္ကန့်ဆိုတဲ့ အချိန်အတွင်း ရုပ်သေပုံ ၂၄ ပုံ ပါဝင်တယ်လို့ ပြောရပါမယ်။ ဒါ့ကြောင့် လူသား တို့ရဲ့ မျက်စိရှေ့မှာ ရုပ်သေ ၂၄ ပုံကို တစ်စက္ကန့် အတွင်း ဆွဲယူပြသလိုက်လို့ အလွန်မြန်တဲ့ လှုပ် ရှားမှုတစ်ခုအသွင် မြင်ရခြင်း ဖြစ်ပါတယ်။ ဒစ် ဂျစ်တယ် ဗီဒီယိုဖိုင်ရဲ့ ရုပ်ထွက် (ပြတ်သားမှု) အရည်အသွေးကို resolution နဲ့ပြပြီး kilobytes per second (kbps) နဲ့ တိုင်းတာပါတယ်။
ရှုထောင့်အချိုး (Aspect ratio)
Aspect ratio က video screen နဲ့ video picture တို့ရဲ့ အတိုင်းအတာ (dimension) ကို ဖော်ပြခြင်း ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဗီဒီယို ဖော မက်များဟာ မျဉ်းဖြောင့်များ ဖြစ်ကြပါတယ်။ Aspect ratio ဟာ screen အမြင့်နဲ့ အကျယ် အကြား အချိုး (ratio) ကို ဖော်ပြခြင်းလည်း ဖြစ် ပါတယ်။ ယခင်တီဗွီ screen ရဲ့ aspect ratio သည် 4:3 ဖြစ်ပါတယ်။ 1.33:1 လို့လည်း ဖော်ပြ တတ်ပါတယ်။ စွမ်းရည် မြင့်မားတဲ့ တီဗွီများရဲ့ aspect ratio ဟာ 16:9 ဖြစ်ပါတယ်။ 1.78:1 လို့လည်း ဖော်ပြပါတယ်။ အရင်တုန်းက ဖလင် ကင်မရာမှာ သုံးတဲ့ 35-mm ဖလင် (soundtrack အပါအဝင်) ရဲ့ aspect ratio ဟာ 1.375:1 ဖြစ်ပါတယ်။
ဗီဒီယိုက ငြိမ်နေတဲ့ပုံများကို စုစည်းထား ခြင်းဖြစ်ပြီး ဗီဒီယိုကြည့်သူက ဖွင့်လိုက်တဲ့အခါ တစ်ပုံပြီးတစ်ပုံ ဆက်တိုက် ပြခြင်းဖြစ်ပါတယ်။ တစ်ပုံနဲ့တစ်ပုံ အကူးအပြောင်းက မြန်လွန်းလို့ ပုံက တကယ့်ကို လှုပ်ရှားနေတယ်လို့ မြင်ရတာ ပါ။ ဗီဒီယို မြင်ကွင်းမှာ ပုံရဲ့ resolution ကို pixels များနဲ့ ပြပါတယ်။ ဥပမာ iPod ရဲ့ ဗီဒီယို မြင်ကွင်းဟာ 320 x 240 ဖြစ်ပါတယ်။ သီအိုရီ အရ ဗီဒီယိုအပြောင်းအလဲ (conversion) မှာ ဗီဒီယိုအရည်အသွေးကို မြှင့်တင်ပေးလို့ မရပါ ဘူး။
ဒီနေရာမှာ video streaming ဆိုတဲ့ စကားလုံးကို အနည်းငယ် ရှင်းပြလိုပါတယ်။ အင်တာနက် အွန်လိုင်းကနေ ဗီဒီယိုဇာတ်လမ်း တစ်ခုကို တိုက်ရိုက်ကြည့်တယ်၊ သီချင်း နား ထောင်တယ်ဆိုရင် ၎င်းက video ဒါမှမဟုတ် audio streaming ဖြစ်ပါတယ်။ အဲဒီဖိုင္မ်ားဟာ ကြန္ပ်ဴတာ ဟာ့ဒ္ဒစ္မွာ မက်န္ရိွပါ။
မှတ်ချက်
ဗီဒီယိုဖောမက်တွေအကြောင်းကို ဒီ့ထက် အသေးစိတ် သိချင်ရင် http://library.rice.edu/services/dmc/guides/video/VideoFormatsGuide.pdf ဆိုက်က pdf ဖိုင်ကို ဒေါင်း လုတ်ချယူပြီး လေ့လာဖတ်ရှုနိုင်ပါတယ်။
(၂) အရေအသွေးမြင့်တဲ့ Video Converter ကို ရှာပါ။ ဝယ်ပါ။
အရည်အသွေး မြင့်မားတဲ့ video converter ဖြစ်မှသာ အောင်မြင်တဲ့ ဗီဒီယို(ဇာတ်လမ်း) ကောင်းတစ်ခုကိုရမှာ ဖြစ်ပါတယ်။ ရိုက်ကူးချက် တွေ ဘယ်လောက်ပဲ ကောင်းပေမဲ့ ဗီဒီယိုဖော မက်အပြောင်းအလဲမှာ resolution ကျသွားတာ၊ အသံတိုးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။
Video converter applications တွေက လည်း များမှများပါ။ ဒါပေမဲ့ အဆင့်မြင့်တဲ့ video converter ဆော့ဖ်ဝဲမျိုးက တကယ့်ကို ဈေးကြီး ပါတယ်။ ဥပမာ ဗီဒီယိုဖိုင်ကို ပြင်ဆင်တည်းဖြတ် တဲ့ Adobe Primiere Pro ဟာ ဒေါ်လာ ၈ဝဝ ဝန်းကျင် ကျသင့်ပါတယ်။ Video converter applications တွေဟာ ဈေးသိပ်မကြီးပေမဲ့ ရွေးချယ်တတ်ဖို့ လိုပါတယ်။ Video converter ဆော့ဖ်ဝဲ တစ်ခုခုကို မဝယ်ခင် စမ်းသပ်သုံး ကြည့်သင့်ပါတယ်။ Video converter ဆော့ဖ်ဝဲ စာရင်းကို အောက်မှာ ဖော်ပြပေးထားပါတယ်။ Video converter ဆော့ဖ်ဝဲ ဝယ်တဲ့အခါ ဘယ်လိုအချက်တွေကို စဉ်းစားရမယ်ဆိုတာ ဗီဒီယို တည်းဖြတ် ကျွမ်းကျင်သူများထံ စုံစမ်း မေးမြန်းပါ။ ဖော်ပြပါ အချက်များကိုလည်း ထည့် သွင်း စဉ်းစားပါ။
အဝင်ဖိုင်များကို ကောင်းစွာ လက်ခံနိုင်ခြင်း
Video converter ဆော့ဖ်ဝဲတစ်ခုအနေနဲ့ ဘယ်လို အဝင် (input) ဖိုင် ဒါမှမဟုတ် ဖောမက် အမျိုးအစားကိုမဆို ကောင်းစွာ လက်ခံနိုင်ရပါ မယ်။ တချို့သော video converter များဟာ အဝင် (input) ဖိုင်ကို လက်ခံရာမှာ ကန့်သတ် ချက်တွေ ရှိပါတယ်။
အထွက် (Output) ဖိုင်ကို အရည်အသွေး ပြည့်မီစွာ ထုတ်ပေးခြင်း
Video converter ဟာ အဝင်ဖိုင်ကို ကောင်းစွာ လက်ခံနိုင်သလို ပြင်ဆင် မွမ်းမံ တည်းဖြတ်ပြီးတဲ့ အထွက် (output) ဖိုင်ကို လည်း အရည်အသွေး အပြည့်နဲ့ ထုတ်ပေးနိုင်ရပါ မယ်။ ဥပမာအားဖြင့်  ဖောမက် အကူးအပြောင်း မှာ resolution ကျသွားခြင်းမျိုး မဖြစ်စေရပါ။ တချို့ video converter ဟာ အထွက် (output) ဖိုင်ကို အရွယ်အစားကြီးကြီး ထုတ်မပေး တာမျိုးလည်း ရှိပါတယ်။
အသွင်အပြင်
Video converter ရဲ့ အသွင်အပြင်လို့ ဆိုရာမှာ အဲဒီ video converter ရဲ့ ထုတ်ပေး နိုင်တဲ့ video size, frame rates, codecs, bitrates စတဲ့ အချက်များဟာ ဗီဒီယိုဖိုင်တစ်ခုရဲ့ ရှိရမယ့် အဆင့် (high quality) ပြည့်မီဖို့ လိုပါ တယ်။ တချို့က အိမ်သုံး ဒါမှမဟုတ် အပျော် တမ်း ဗီဒီယိုဖိုင်မျိုးကိုသာ တည်ဆောက်ပေးပါ တယ်။ အဲဒီ ဖိုင်အမျိုးအစားဟာ မိုဘိုင်းလ် ဟန်းဆက်မှာ ကြည့်လို့ကောင်းပေမဲ့ အိမ်က တီဗွီမှာ ဖွင့်ကြည့်တဲ့အခါ screen အရွယ်အစား ကြောင့် အရည်အသွေး ကျသွားတာမျိုး ဖြစ် တတ်ပါတယ်။
သုံးရ လွယ်ကူရပါမည်
Video converter ဆော့ဖ်ဝဲမှာ ပါတဲ့ ခလုတ်၊ options များဟာ အသုံးပြုရ လွယ်ကူ ရပါမယ်။ Video converters ဆော့ဖ်ဝဲအများစု ဟာ အလုပ်လုပ်ရာမှာ အဆင့်တွေများပြီး ကွန် ပျူတာနဲ့ သိပ်မရင်းနှီးသူများအတွက် အခက်အခဲ တွေ ရှိနိုင်ပါတယ်။
Video conversion ဆော့ဖ်ဝဲ ကောင်းကောင်း
သင့်အနေနဲ့ အရည်အသွေးပြည့်တဲ့ video converter တစ်ခုကို သုံးနေပြီဆိုရင် အောင်မြင် မှုနဲ့ နီးစပ်နေပါပြီ။
(၃) Settings ကို အကောင်းဆုံးဖြစ်အောင် ချိန်ပါ။
ဗီဒီယိုဖောမက်တွေ ပြောင်းတဲ့အခါ settings တွေ ချိန်တတ်ဖို့ လိုပါတယ်။ ဆိုလိုတာက ဗီဒီိယိုဖောမက်တစ်ခုမှာ ချိန်ထားတဲ့ settings သည် တခြားဖောမက်ကို ပြောင်းတဲ့အခါ settings တွေ မတူတော့ပါ။ Settings အမှားအယွင်း ဟာ အသစ်ထုတ်လုပ်လိုက်တဲ့ ဗီဒီယိုဖိုင်မှာ သိသိသာသာ ပြောင်းလဲမှုဖြစ်နိုင်ပါတယ်။ ဥပမာ ဗီဒီယိုအရည်အသွေး ကျသွားခြင်းမျိုး ဖြစ်ပါ တယ်။ မူရင်း ဗီဒီယိုဖိုင်က အရည်အသွေးနိမ့်တဲ့ အခါ video converter ဆော့ဖ်ဝဲက မြှင့်တင်ပေး ခြင်း မလုပ်နိုင်ပေမဲ့ settings ချိန်ပေးခြင်း ဖြင့် ကြည့်ကောင်းအောင် ပြုလုပ်နိုင်ပါတယ်။
အချို့သော video converters များမှာ ပြောင်းလဲမှု (output) အသစ်အတွက် ပိုမို ကောင်းမွန်အောင် လုပ်ပေးတဲ့ နည်းလမ်းများ ပါရှိပါတယ်။ ကျွန်တော် သုံးဖူးတဲ့ Xilisoft Video Converter မှာ settings တွေ၊ options တွေ စုံလင်စွာ ပါပါတယ်။
(၄) သင်နှစ်သက်ရာနည်းလမ်းနဲ့ ဗီဒီယိုကို တည်းဖြတ်ပါ။
ဗီဒီယို တည်းဖြတ်ရာမှာ တကယ့်ကို ကျွမ်း ကျင်တဲ့ ပညာရှင်တွေ လိုအပ်တယ်ဆိုတဲ့ သင့်ရဲ့ အတွေးကို ရပ်လိုက်ပါ။ ဒီနေ့ခေတ်မှာ ကောင်း ပေ့ဆိုတဲ့ ဗီဒီယို၊ ရုပ်ရှင်တွေကို ဟောလီးဝုဒ်ကပဲ ထုတ်လုပ်နေတာ မဟုတ်ပါဘူး။ Video converter အများစုက သင့်ရဲ့ ဗီဒီယိုရိုက်ချက် ဒါမှ မဟုတ် ဇာတ်လမ်းကို effects တွေ ဝေဝေ ဆာဆာထည့်ကာ ပိုပြီးကြည့်ကောင်းအောင် လုပ်ပေးနိုင်ပါတယ်။
အထူးသဖြင့် သင့်ရဲ့ ဗီဒီယိုမှာ စိတ်တိုင်း မကျတဲ့ နောက်ခံရှုခင်းတွေကို ဖယ်ထုတ်ပြီး သင့် စိတ်ကြိုက် ပြောင်းထည့်နိုင်ပါတယ်။ ဗီဒီယို ဖိုင်ထဲက မလိုအပ်တဲ့ ရိုက်ချက်တွေကို ဖြတ် ထုတ်ခြင်း၊ ခေါင်းစီးတင်ခြင်း၊ နောက်ခံ တေးဂီတ ထည့်ခြင်း၊ စာတန်းထိုးခြင်းစတဲ့ အလုပ်တွေကို ဆော့ဖ်ဝဲ ကောင်းရင် ကောင်းသလို လုပ်ဆောင် နိုင်ပါတယ်။ အဲဒီအကောင်းစား ဗီဒီယိုဆော့ဖ်ဝဲ တွေက သင့်ကို လေ့ကျင့်ပေးတဲ့ သင်ခန်းစာတွေ၊ အကူအညီတွေ အသေးစိတ် ပါတတ်ပါတယ်။ အဲဒီလို လေ့ကျင့်ဖို့အတွက် ဗီဒီယိုသင်ခန်းစာ ပါရှိသလို pdf ဖိုင်နဲ့ ရှင်းပြတာမျိုးလည်း ရှိပါ တယ်။ သင့်အနေနဲ့ ကောင်းပေ့ဆိုတဲ့ ဗီဒီယို ဆော့ဖ်ဝဲကို လေ့ကျင့်မှုများ ပြုလုပ်ကာ များများ သုံးပြီး အတွေ့အကြုံယူဖို့က အရေးကြီးပါ တယ်။    
(၅) လက်တွေ့လေ့ကျင့်မှုကို ပိုလုပ်ပါ။ တခြား ပုဂ္ဂိုလ်များနှင့် အတွေ့အကြုံကို မျှဝေပါ။
သင့်အနေနဲ့ ဗီဒီယို ကောင်းကောင်းတစ်ခု ကို ထုတ်လုပ်ချင်ရင် အကောင်းဆုံး နည်းလမ်း က သင်သုံးတဲ့ ဗီဒီယိုဆော့ဖ်ဝဲကို ကျွမ်းကျင် အောင် ပြုလုပ်ခြင်းနဲ့ လေ့ကျင့်မှု များများလုပ်ဖို့ ဖြစ်ပါတယ်။ ဒီအချက်က အပေါ်မှာလည်း ရေး ထားပြီး ဖြစ်ပါတယ်။ ဗီဒီယို သင်ခန်းစာအတွက် အွန်လိုင်းမှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထား တာတွေ ရှိသလို မြန်မာဘာသာနဲ့ နမူနာပြ ရေး ထားတာတွေလည်း ရှိနေပါပြီ။ သင်ကိုယ်တိုင် လေ့လာရုံသာမက တခြားကျွမ်းကျင်တဲ့ ဆရာ သမား၊ ဗီဒီယိုတည်းဖြတ်သူများထံ မေးမြန်းပါ။ ကိုယ်နဲ့ တန်းတူ ပညာယူနေသူများနဲ့လည်း အတွေ့အကြုံ မျှဝေပါ။
သင့်အနေနဲ့ ဘယ်လို မီဒီယာပစ္စည်းတွေမှာ ဘယ်လို ဗီဒီယို ဖောမက်မျိုး သုံးတယ်ဆိုတာ လည်း လေ့လာထားရပါမယ်။ ဥပမာအားဖြင့် MP4 ဖောမက်သည် စမတ်ဖုန်းနဲ့ တက်ဘလက် များမှာ အသုံးအများဆုံး ဖောမက်ဆိုတာ သိ ထားရပါမယ်။ ပီစီကွန်ပျူတာမှာ ဖွင့်လို့ရတဲ့ ဗီဒီ ယိုဖောမက်ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်များ မှာ ဖွင့်လို့ရမှာ မဟုတ်ပါ။ အဲဒီလိုပဲ အောက်စက် လို့ ခေါ်ကြတဲ့ video player မှာ ဖွင့်နိုင်တဲ့ ဖောမက်တိုင်းကလည်း စမတ်ဖုန်းနဲ့ တက် ဘလက်များမှာ ဖွင့်လို့ရမယ် မဟုတ်ပါဘူး။
အကောင်းဆုံးဆိုတဲ့ video converter ဆော့ဖ်ဝဲ
ကျွန်တော်တို့ဆီ မေးကြတာက ဘယ် ဗီဒီ ယိုဆော့ဖ်ဝဲ (video converter) ဟာ အကောင်း ဆုံးလဲ ဆိုတာပါ။ အဲဒါက ဖြေရတာ လွယ်သလို ခက်ကောင်းခက်နိုင်ပါတယ်။ လွယ်တယ်ဆိုတာ က ဈေးကြီးကြီး ပေးရတဲ့ ဆော့ဖ်ဝဲကို ဝယ်သုံး ပေါ့ ဗျာလို့ ဖြေလိုက်လို့ပါ။ ခက်နိုင်တယ်ဆိုတာက ဘယ်လိုပဲ ဆော့ဖ်ဝဲက ကောင်းပေမဲ့ ဗီဒီယို ရိုက်တဲ့ ကင်မရာ၊ ရိုက်ကွင်း၊ ဗီဒီယိုရိုက်သူရဲ့ ကျွမ်းကျင်မှုတွေကစပြီး လေ့လာမှ ဗီဒီယိုဖိုင် ကောင်းကောင်းတစ်ခုကို ထုတ်လုပ်နိုင်မှာပါ။
အဲဒီလို အကောင်းဆုံးတွေနဲ့ ရိုက်ကူးပြီး အကောင်းဆုံး ဗီဒီယိုတည်းဖြတ်ကာ ကောင်းပေ့ ဆိုတဲ့ converter ဆော့ဖ်ဝဲကို သုံးမယ်ဆိုရင် သင် ထုတ်လုပ်လိုက်တဲ့ ဗီဒီယိုကားကလည်း အကောင်းဆုံးဆိုတာတော့ ဖြစ်နိုင်ပါလိမ့်မယ်။
5 Tips to Make Successful Video Conversion
Jul 16, 2013 ကို ဆီလျော်အောင် ပြန်ဆိုရေးသားသည်
Computer Journal

No comments:

Post a Comment