Saturday, September 13, 2014

OpenShift

OpenShift ဆိုသည်မှာ RedHat ၏ cloud development Platform as a Service (PaaS) ဖြစ်သည်။ အဆိုပါ အခမဲ့နှင့် open source cloud အခြေခံ platform သည် developer များအား ၎င်း၏ application များကို ဖန်တီးခြင်း၊ စမ်းသပ်ခြင်းနှင့် အသုံးပြုခြင်းတို့ကို ပြုလုပ်ကာ cloud ပေါ်တွင် အသုံးချမှု ပြုလုပ်နိုင်သည်။

OpenShift သည် Node.js, Ruby, Python, PHP, Perl နှင့် Java တို့အတွက် အထောက်အပံ့များ ထောက်ပံ့ပေးနိုင်သည်။ ထို့အပြင် OpenShift တွင် အခြားသော ဘာသာစကားများကို သုံးစွဲသူများက ထည့်သွင်းနိုင်သည်။ Application အတွက် ရင်းမြစ်များကို ခွဲဝေသတ်မှတ်နိုင်သောကြောင့် စွမ်းဆောင်ရည် ကျဆင်းမှုမျိုး မဖြစ်ပေါ်နိုင်ပေ။ OpenShift သည် DeltaCloud API မှတစ်ဆင့် အလွယ်တကူ အသုံးပြုနိုင်ရန် ထောက်ပံ့ပေးထားသောကြောင့် သုံးစွဲသူများက အခြားသော cloud ဝန်ဆောင်မှုများထံ ပြောင်းလဲ အသုံးချနိုင်သည်။

Internet Journal

No comments:

Post a Comment