တစ်ဦးနဲ့တစ်ဦး
ဆက်သွယ်နိုင်တဲ့ အခွင့်အရေးက အကျိုးများစေတဲ့ မင်္ဂလာတစ်ပါးပါ။ ဒါပေမဲ့ လိုတာထက် ပိုလာတဲ့
ပြောဆို ဆက်သွယ်မှုတွေက လူ့အဖွဲ့အစည်းအတွက် အကျိုးမဲ့စေပြီး ကာယကံရှင်ရဲ့ ယုံကြည်ထိုက်
တဲ့ အရည်အချင်းတွေကို ထိခိုက်စေတယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ဆိုလာကြတယ်။
စမတ်ဖုန်း၊
တက်ဘလက်၊ နုတ်ဘုတ်စတဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေဟာ ရှေးခေတ် အာရပ်ပုံပြင်ထဲက သစ်ကုလားအုတ်လို
ကျွန် တော်တို့ရဲ့ ဘဝတွေထဲ တဖြည်းဖြည်းနဲ့ တိုးဝင် လာခဲ့ကြတယ်။ အဲဒီလို တဖြည်းဖြည်းနဲ့
ကျွန် တော်တို့ဘဝထဲ နေရာယူလာကြတဲ့ ပစ္စည်းတွေရဲ့ ဆွဲအားတွေကြောင့် ဒီပစ္စည်းတွေ မရှိရင်ဘဲ
မနေတတ်တော့တဲ့ အခြေအနေမျိုး ဖြစ်လာတယ်။
ကနေ့ခေတ် လူနေမှု ဘဝတွေထဲမှာ နည်းပညာသုံး ပစ္စည်းလေးက တဖြည်းဖြည်းနဲ့
နေရာယူလာကြတာကို ဘယ်အချိန်၊ ဘယ်နေရာမဆို အထင်အရှား တွေ့မြင်နိုင်ကြပါတယ်။ စား သောက်ဆိုင်တွေ၊
ကော်ဖီဆိုင်တွေမှာ ကြည့်လိုက်ပါ။ မှာထားတဲ့ အစားအစာတွေ ရောက် မလာခင် အချိန်ပိုင်းမှာ
မိုဘိုင်းလ်ဖုန်းတွေ နှိပ်နေ ကြတဲ့ စုံတွဲတွေကို တွေ့ပါလိမ့်မယ်။ တချို့တွေ့ ဆုံပွဲတွေ၊
ဧည့်ခံပွဲတွေမှာ ဆိုရင်လည်း ကိုယ့်အနားမှာ ရှိနေတဲ့လူနဲ့ စကားမပြောအားဘဲ လက်ကိုင်ဖုန်းနဲ့
အလုပ်ရှုပ်နေကြတဲ့သူတွေ များလာပါတယ်။
လုပ်ငန်းခွင်ထဲမှာလည်း
ဆက်သွယ် ချိတ် ဆက်ကြတဲ့ အကြိမ်အရေအတွက်က လျော့ နည်းသွားမယ် မထင်လိုက်ပါနဲ့။ လုပ်ငန်းခွင်
စည်းဝေးပွဲတွေ၊ ဆွေးနွေးပွဲတွေထဲကို လက်ကိုင် ဖုန်းတွေ ယူလာကြလို့ ဖုန်းခေါ်သံတွေ ဆူညံ
သွားတာ၊ အခန်းအပြင်ဘက် ထွက်ပြီး ရေးကြီး သုတ်ပျာ ဖုန်းပြောကြရတာတွေ စတာတွေကို မကြာခဏ
တွေ့မြင်နေကြရပါတယ်။ ဒါပေမဲ့ အချိန်နဲ့အမျှ ပြောဆို ဆက်သွယ်နေကြတဲ့ သူ တွေမှာလည်း ပြောစရာစကားတွေ
အဆင်သင့် ရှိနေတာပါပဲ။ အခုလာတဲ့ဖုန်းက အရေးကြီးတဲ့ ဖုန်းပါ။ ဒီ e-mail တွေကို ချက်ချင်း
အကြောင်း ပြန်ဖို့လိုတယ်။ ဒီအလုပ်တွေကို နုတ်ဘုတ်နဲ့ အခုလုပ်မှဖြစ်မယ် စသဖြင့် အချေအတင်
ပြော ကြပါလိမ့်မယ်။
ကောင်းပြီ။
အချိန်နဲ့အမျှ အဆက်မပြတ် ဆက်သွယ် ချိတ်ဆက်နေရတာက ကျွန်တော်တို့ ရဲ့အလုပ် အဆင်ပြေစေဖို့ပါ။
လုပ်ငန်းအောင်မြင် ဖို့ ဆက်သွယ်ဆောင်ရွက်ရပါတယ်လို့ ပြောနိုင်ပါ တယ်။ အချိန်နဲ့အမျှ
ဆက်သွယ် ဆောင်ရွက်နေရ တာက ကြီးလေးတဲ့ အပြစ်တစ်ခုလို့ မဆိုနိုင်ပါ ဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့
ပတ်သက်လို့ စင်ကာပူက လူသားရင်းမြစ် ကျွမ်းကျင်သူ ပညာရှင်တွေက အကြံပြုထားတာ တစ်ခုရှိနေပါတယ်။
အဲဒါက "ခေတ်သစ် နည်းပညာပစ္စည်း သုံးစွဲကြသူတွေ အနေနဲ့ ကိုယ့်ရဲ့ပြုမူဆက်ဆံပုံကို
သတိထားဖို့ တော့ မမေ့ပါနဲ့။ နည်းပညာပစ္စည်း သုံးစွဲရင်း ရိုင်းပျတဲ့ အပြုအမူမျိုးကို
အများပြည်သူတွေက လက်မခံတတ်ကြပါဘူး။ ဆိုးရွားညံ့ဖျင်းတဲ့ ပြုမူ ဆက်ဆံပုံတွေက ကာလရှည်ကြာ
မျှော်မှန်းထား တဲ့ သင့်တက်လမ်းကို ထိခိုက် ပျက်စီးစေနိုင် တယ်" လို့ ဆိုကြပါတယ်။
သူတို့
ပြောသလို ဟုတ်မဟုတ်ဆိုတာ သိဖို့ ဥပမာတစ်ခုနဲ့ ရှင်းပြထားတယ်။ ဆိုကြပါစို့။ အစည်းအဝေး
ခန်းမထဲမှာ တာဝန်ရှိသူတစ် ယောက်က စကားပြောနေတုန်း တစ်စုံတစ် ယောက်က စားပွဲအောက်ကနေ
မိုဘိုင်းလ်ဖုန်းကို နှိပ်နေတာမျိုးကို တွေ့ဖူးကြပါလိမ့်မယ်။ ဒါကို အစည်းအဝေးမှာ ဟောပြောနေတဲ့သူက
ဒါမှ မဟုတ် အကြီးအကဲ တစ်ယောက်ယောက်က တွေ့သွားခဲ့ရင် အဲဒီလို လုပ်နေတဲ့သူက လက်ရှိ လုပ်နေတဲ့
အလုပ်ကို ငြီးငွေ့နေတဲ့သူ၊ စိတ်မပါ တဲ့သူ ဒါမှမဟုတ် လက်ရှိအလုပ်ထက် တခြား အရာကို ဦးစားပေးနေတဲ့သူလို့
ထင်မြင်သွားမှာ ပါပဲ။ နောက်ထပ် တစ်မျိုးဖြစ်နိုင်တာက သူလုပ် နေတာကို ဘယ်သူမှ မမြင်ဘူးလို့
ယူဆပြီး လုပ် နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ယူဆတာ က တခြားလူတွေကို ဂရုမစိုက်တဲ့သဘော
ဖြစ် လို့ ရိုင်းပျရာ ရောက်ပါတယ်
နောက်ထပ်
အရုပ်ဆိုးတဲ့ အမူအကျင့် တစ်ခုက အလုပ်အတွက် ဆွေးနွေးပွဲတွေ လုပ် နေတုန်းမှာ လက်ပ်တော့
ဒါမှမဟုတ် ဖုန်းနဲ့ အီး မေးလ်တွေ အဆက်မပြတ် ပေးပို့၊ လက်ခံနေတဲ့ ကိစ္စပါပဲ။ တချို့ဆိုရင်
အစည်းအဝေး လုပ်နေ တုန်းမှာ အရေးမပါတဲ့ posts တွေကို Facebook ပေါ် တင်နေကြတာမျိုးတောင်
ရှိပါတယ်။
စင်ကာပူနိုင်ငံရဲ့
LZ Leadership International အဖွဲ့က ညွှန်ကြားရေးမှူးကတော့ "လုပ်ငန်းခွင်ထဲမှာ
ဒီလိုအမူအကျင့်မျိုး မကြာ ခဏ လုပ်လေ့ရှိတဲ့သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင် တန်ဖိုးတွေ၊
ယုံကြည်ထိုက်တဲ့ အရည်အသွေး တွေကို တဖြည်းဖြည်း ယုတ်လျော့ကျဆင်း အောင် လုပ်နေတာပါပဲ"
လို့ ဆိုတယ်။ ဒါတင် မကဘဲ သူတို့ရဲ့လုပ်ငန်းရှင် အကြီးအကဲက ဒီ ပုဂ္ဂိုလ်က ငါတို့အလုပ်မှာ
စိတ်ဝင်စားမှုမှရှိရဲ့လား၊ ဒီထက် ပိုအရေးကြီးတဲ့ အလုပ်တွေကို တာဝန် ပေးလို့မှ ဖြစ်ပါ့မလားလို့
ထင်မှတ်သွားမှာ ဖြစ်ပါတယ်။
တကယ်တော့
အခုလို အီလက်ထရွန်နစ် နည်းပညာ ပစ္စည်းဆန်းတွေကို လူတိုင်းလိုလို ကိုင်တွယ် အသုံးပြုလာကြတဲ့
ခေတ်ကာလမှာ သုံးစွဲကြသူတိုင်းက ဒါကိုသုံးပြီး ချက်ချင်း အကြောင်းပြန်ရမယ်၊ ဒါမှမဟုတ်
စက္ကန့်မလပ် အီးမေးလ်တွေကို စစ်ဆေးရမယ်လို့ စိတ်ထဲ အလိုလို မှတ်ယူလာကြတယ်။ သူတို့ ဘယ်နေ
ရာမှာပဲ ရောက်ရောက်၊ ဘယ်သူတွေနဲ့ပဲ ရှိနေ နေ၊ ဘာအလုပ်တွေပဲလုပ်လုပ် ဒီပစ္စည်းကို မဖြစ်
မနေ သုံးရမယ်လို့ ပုံသေ စွဲမှတ်ထားတဲ့အဆင့် ရောက်လာတယ်။ အဲဒီ ခံယူချက်က သူတို့ရဲ့ အတွင်းစိတ်ထဲမှာ
နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် လာပြီး ခေတ်ပေါ်ပစ္စည်းတွေရဲ့ ကျေးကျွန် ဖြစ် မှန်းမသိ
ဖြစ်သွားကြတော့တာပါပဲ။
ဒီလို
နည်းပညာသုံး ပစ္စည်းတွေကြောင့် ကိုယ့်အလုပ်မှာ အကျိုးရှိစေတာကိုတော့ ဘယ် သူမှ မငြင်းနိုင်ပါဘူး။
ဒါပေမဲ့ စွဲလမ်းမှု လွန်ကဲတဲ့ ပြဿနာကြောင့် ပြောစရာတွေ ဖြစ်လာရတာပါ။ အရေးကြီးတာက သုံးစွဲသူရဲ့
လုပ်ငန်းခွင်အရည် အသွေးကို မထိခိုက်စေဘဲ ပေါင်းသင်းဆက်ဆံ ရေးနဲ့ လူမှုဘဝ အရည်အသွေးတွေကို
မထိခိုက် စေဘဲ ဒီပစ္စည်းတွေကို အကျိုးရှိရှိ သုံးစွဲနိုင်ဖို့ ဖြစ် ပါတယ်။ စင်ကာပူနိုင်ငံရဲ့
လူသားရင်းမြစ် ကျွမ်း ကျင်သူ ပညာရှင်တွေက နည်းပညာသုံး ပစ္စည်း တွေကြောင့် ပြဿနာ မဖြစ်ရအောင်
ဖြေရှင်း နည်းတွေ ပေးထားပါတယ်။
၁။
မိမိအဖွဲ့အစည်းအတွင်း တစ်ဦးနဲ့တစ်ဦး ရို သေ လေးစားတတ်တဲ့ အလေ့အကျင့်ကို ပျိုး ထောင်ပေးပါ။
အသိပညာနဲ့ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေက အဖိုးတန်တဲ့ လုပ်ငန်းတွေ ပြီးမြောက်အောင် လုပ်ကိုင်နိုင်ဖို့အတွက်
အချိန်နဲ့ အာရုံစူးစိုက်မှုတို့ လိုအပ်ပါတယ်။ တခြားသော ဝန်ထမ်းတွေ အနှောင့်အယှက် ကင်းကင်းနဲ့
အလုပ်လုပ်နိုင်ဖို့ မိုဘိုင်းလ် ပစ္စည်း အလွန်အကျွံ သုံးစွဲတတ်သူတွေနဲ့ ညှိနှိုင်းယူပါ။
၂။ မျှော်မှန်းချက်အတိုင်း စီမံဆောင်ရွက်ပါ။ ရုံးတွင်း အစည်းအဝေးတစ်ခု လုပ်စရာရှိ ကြောင်း ဒါမှမဟုတ် သင်က ခရီးထွက်စရာရှိ ကြောင်း တခြားဝန်ထမ်းတွေကို အသိပေး ထားပါ။
၃။ သင်မရှိချိန်မှာ သင့်အစား တာဝန်ယူလုပ် ပေးနိုင်မယ့် တခြားတစ်ယောက်ယောက်ကို တာဝန်လွှဲပေးပါ။ ဒါမှမဟုတ် သင့်ဆီလာ မယ့် ဖုန်း call တွေကို သင့်မိတ်ဆွေဆီ လွှဲ ပေးခဲ့ပါ။ သင်က ကူညီနိုင်တဲ့အချိန်မှာလည်း ပြန်လည် ကူညီပေးပါ။
၎။ အီးမေးလ်ပေးပို့တဲ့အခါ တစ်ဖက်လူရဲ့ တုံ့ပြန်မှုကို လိုချင်တယ်ဆိုရင် လိုအပ်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေကို အီး မေးလ်ထဲမှာ ဖော်ပြပေးပါ။ Asap (as soon as possible) ဖြစ်နိုင်သမျှ မြန်မြန် အကြောင်းပြန်ပါလို့ ရေးသား သုံးနှုန်းတာ မျိုးကိုတော့ ရှောင်ပါ။
၅။ အစည်းအဝေး လုပ်နေချိန်မှာ မိုဘိုင်းလ် ပစ္စည်းကို အသံပိတ် (silent mode လုပ် ထား) ပြီး အစည်းအဝေး အခန်းအပြင်မှာ ထားခဲ့ပါ။ လူကိုယ်တိုင်ကသာ အခန်းထဲမှာ ရှိနေပြီး စိတ်က တခြားရောက်နေတာမျိုး မဖြစ်သင့်ပါဘူး။
တကယ်တမ်း ပြောရရင် နည်းပညာသုံး ပစ္စည်းလေးတွေက ဆိုးဝါးတဲ့ အမူအကျင့်တွေကို ဖြစ်စေတာ မဟုတ်ပါဘူး။ သုံးစွဲသူ ပြည်သူတွေရဲ့ စိတ်စွဲလမ်းမှုနဲ့ အသိအမြင် လွဲမှားမှုတွေကသာ လုပ်ငန်းခွင်မှာ ဆိုးဝါးတဲ့ အမူအကျင့်တွေကို ဖြစ် စေတာပဲ ဖြစ်ပါတယ်။
Credit: ကိုလူ (Computer Journal)
၂။ မျှော်မှန်းချက်အတိုင်း စီမံဆောင်ရွက်ပါ။ ရုံးတွင်း အစည်းအဝေးတစ်ခု လုပ်စရာရှိ ကြောင်း ဒါမှမဟုတ် သင်က ခရီးထွက်စရာရှိ ကြောင်း တခြားဝန်ထမ်းတွေကို အသိပေး ထားပါ။
၃။ သင်မရှိချိန်မှာ သင့်အစား တာဝန်ယူလုပ် ပေးနိုင်မယ့် တခြားတစ်ယောက်ယောက်ကို တာဝန်လွှဲပေးပါ။ ဒါမှမဟုတ် သင့်ဆီလာ မယ့် ဖုန်း call တွေကို သင့်မိတ်ဆွေဆီ လွှဲ ပေးခဲ့ပါ။ သင်က ကူညီနိုင်တဲ့အချိန်မှာလည်း ပြန်လည် ကူညီပေးပါ။
၎။ အီးမေးလ်ပေးပို့တဲ့အခါ တစ်ဖက်လူရဲ့ တုံ့ပြန်မှုကို လိုချင်တယ်ဆိုရင် လိုအပ်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေကို အီး မေးလ်ထဲမှာ ဖော်ပြပေးပါ။ Asap (as soon as possible) ဖြစ်နိုင်သမျှ မြန်မြန် အကြောင်းပြန်ပါလို့ ရေးသား သုံးနှုန်းတာ မျိုးကိုတော့ ရှောင်ပါ။
၅။ အစည်းအဝေး လုပ်နေချိန်မှာ မိုဘိုင်းလ် ပစ္စည်းကို အသံပိတ် (silent mode လုပ် ထား) ပြီး အစည်းအဝေး အခန်းအပြင်မှာ ထားခဲ့ပါ။ လူကိုယ်တိုင်ကသာ အခန်းထဲမှာ ရှိနေပြီး စိတ်က တခြားရောက်နေတာမျိုး မဖြစ်သင့်ပါဘူး။
တကယ်တမ်း ပြောရရင် နည်းပညာသုံး ပစ္စည်းလေးတွေက ဆိုးဝါးတဲ့ အမူအကျင့်တွေကို ဖြစ်စေတာ မဟုတ်ပါဘူး။ သုံးစွဲသူ ပြည်သူတွေရဲ့ စိတ်စွဲလမ်းမှုနဲ့ အသိအမြင် လွဲမှားမှုတွေကသာ လုပ်ငန်းခွင်မှာ ဆိုးဝါးတဲ့ အမူအကျင့်တွေကို ဖြစ် စေတာပဲ ဖြစ်ပါတယ်။
Credit: ကိုလူ (Computer Journal)
No comments:
Post a Comment