ဖေ့စ်ဘုတ်ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ
ဒေါ်လာဘီလီယံ ၂၀၀ ကျော်ထိ မြင့်တက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီစာရင်းဝင်ဖြစ်လာခဲ့သည်။
ဖေ့စ်ဘုတ်က ကုမ္ပဏီ၏ ၃ လပတ် ၀င်ငွေအားကြေညာပြီးနောက် ရှယ်ယာ ဈေးမှာ ဇူလိုင်လနှင့် ယှဉ်လျှင်
၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဘလွန်းဘက်သတင်းဌာန၏ အစီရင်ခံစာအရ ဖေ့စ်ဘုတ်၏ ဈေးကွက်တန်ဖိုးမှာ
ဒေါ်လာ ၂၀၀.၆ ဘီလီယံ ရှိပြီး ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီ စာရင်းတွင် အဆင့် ၂၂ ရှိကာ တိုယိုတာ
ထက် ပိုများသည်ဟု ဆိုသည်။
ယခုနှစ် ဒုတိယ ၃
လပတ်တွင် ဖေ့စ်ဘုတ်၏၀င်ငွေမှာ ၆၁ ရာခိုင်နှုန်း တိုး လာပြီး ဒေါ်လာ ၂.၉၁ ဘီလီယံ ရှိကြောင်း
ဇူလိုင်လကုန်ပိုင်း က ကြေညာ ခဲ့သည်။ မိုဘိုင်းကဏ္ဍမှဝင်ငွေမှာ ယခင် ၃ လပတ်က ၅၉ ရာခိုင်နှုန်း
ရှိရာမှ ၆၂ ရာခိုင်နှုန်းထိ မြင့် တက်လာခဲ့သည်။ ဖေ့စ်ဘုတ် အမှုဆောင်ချုပ် မက်ဇူကာဘက်
မှာ ကမ္ဘာပေါ်တွင် ၁၃ ဦးမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဇူကာဘက်က မိုဘိုင်းကြော်ငြာလုပ်ငန်းအား
ကုမ္ပဏီ ၏ အဓိက စီးပွားရေး အဖြစ် ဆောင်ရွက် ရန် ဆုံးဖြတ်ခဲ့သည်။
ကုမ္ပဏီ ဘုတ်အဖွဲ့တွင် မဲပေးခွင့် ၆၁.၆
ရာ ခိုင်နှုန်းအထိ ရရှိထားသည့် ဇက်ကာဘက်၏ ကြွယ်ဝမှု မှာ ဒေါ်လာ ၃၄.၅ ဘီလီယံရှိသည်။ ဖေ့စ်ဘုတ်
ရှယ်ယာဈေးမှာ ၁ နှစ်အတွင်း ၈၀ ရာခိုင်နှုန်း နီးပါး မြင့်တက်ခဲ့သဖြင့် ဇက်ကာဘက်၏ ကြွယ်ဝမှုမြင့်တက်ခဲ့ခြင်း
ဖြစ်သည်။ ဖေ့စ်ဘုတ်တွင် ပျမ်းမျှကြော်ငြာခနှုန်းများမှာ ၂ ဆ ကျော်တက် လာခဲ့ပြီး ၂၀၁၃
ခုနှစ်၏ ကမ္ဘာ တစ်ဝန်း ဒီဂျစ်တယ်ကြော်ငြာ ၀င်ငွေ၏ ၅.၈ ရာခိုင်နှုန်းအား ဖေ့စ်ဘုတ် က ရရှိ
ခဲ့သည်။
No comments:
Post a Comment