Sunday, September 28, 2014

ကျေးလက်ဒေသများသို့ အင်တာနက် သို့မဟုတ် မိုဘိုင်းလ်ဖုန်းများ ရောက်စေဖို့ရာ

အရှေ့တောင်အာရှဒေသက နိုင်ငံအများစုမှာ လူနေထိုင်မှုက မြို့ပြထက် ကျေးလက်အရပ်များမှာ ပိုများပါ တယ်။ စင်ကာပူလို ကျွန်းနိုင်ငံက လွဲရင် ကျေးလက်ဒေသတွေက ပိုပြီး ကျယ်ပြန့်ပါတယ်။ ကျေးလက်ဒေသများ ဟာ မြို့ပြထက် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပါတယ်။ မြန်မာနိုင်ငံအနေ နဲ့ ပိုပြီး နှေးကွေးတယ်လို့ ပြောရပါမယ်။ အင်တာနက်ပေါ်ခဲ့တာ နှစ်အတော် ကြာခဲ့ပြီဖြစ်ပေမဲ့ မြန်မာ့ကျေးလက်ဒေသနေ ပြည်သူများကတော့ “အင်တာနက် ဆိုတာ ကျကွဲတတ်သလား”လို့ မေးရမလိုပါ။ Skynet က ကျေး လက်ဒေသအထိ အင်တာနက် သုံးနိုင်အောင် ဆောင်ရွက်ပေးပေမဲ့ တပ် ဆင်ရတဲ့ ကုန်ကျစရိတ်က ကြီးမားနေပါတယ်။
အခု မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းတွေ တိုးချဲ့ တပ်ဆင်လာနေပါပြီ။ ၁၉၉၃ ခုနှစ်ဝန်းကျင်က စတင်ခဲ့တဲ့ မြန်မာ့မိုဘိုင်းလ်သမိုင်းကြောင်း နှစ် ၂ဝ  အကြာမှာ နိုင်ငံ့လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းဟာ မိုဘိုင်းလ်ဖုန်းတစ်လုံးစီ ကိုင်ဆောင် အသုံးပြုခွင့် ရခဲ့ပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်မှာ လိုင်း ရှစ် သန်းကျော် ဖြစ်လာမယ်လို့ ဆိုပါတယ်။ ပတ်ဝန်း ကျင်နိုင်ငံများနဲ့ ယှဉ်ရင်တော့ အများကြီး နည်း နေပါသေးတယ်။ ခက်တာက မိုဘိုင်းလ်ဖုန်း အသုံးပြုမှုဟာ မြန်မာ့ကျေးလက် ဒေသများ အထိ မရောက်သေးပါ။ မကြာခင် အချိန်များက နှစ်သိန်းတန် ဖုန်းများကို ကျေးလက်ဒေသအထိ ဖြန့်ကြက် ရောင်းချခဲ့ပေမဲ့ ဆက်သွယ်မှုဧရိယာက ကျဉ်းနေဆဲဖြစ်ပါတယ်။
ကျေးလက်နှင့်အင်တာနက်
လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က အိန္ဒိယ နိုင်ငံ ကျေးလက်ဒေသတွေမှာ အင်တာနက် အသုံးပြုပုံအကြောင်း ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးပါတယ်။ မှတ်မိသလောက် ပြန်ရေးရရင် ...
အိန္ဒိယနိုင်ငံက ကျေးရွာတိုင်းမှာ အင်တာ နက်ချိတ်ဆက်မှုရှိတဲ့ကွန်ပျူတာတစ်စုံစီကို နိုင်ငံတော်အစိုးရဲ့ အိုင်တီကုမ္ပဏီတို့ ပူးပေါင်းကာ တပ်ဆင်ပေးထားပါတယ်။ အဲဒီကွန်ပျူတာတစ်စုံ ကိုကျေးရွာရဲ့ရွာသူကြီးအိမ် ဒါမှမဟုတ် ကျောင်း ရုံးခန်းမှာ ထားပါတယ်။ ကွန်ပျူတာကို အသုံးပြု ဖို့ရာ ရွာသူကြီး (ကျေးရွာ အုပ်ချုပ်ရေးမှူး) ဒါမှမဟုတ် ကျောင်းဆရာ (ဆရာမ)ကို သင်တန်း ပေးပါတယ်။
ညနေတိုင်းမှာ ကျေးရွာသူ ကျေးရွာ သားတို့ ကွန်ပျူတာရှိတဲ့ နေရာမှာ စုဝေးကြပါ တယ်။ ရွာသူရွာသားတို့ သိလိုတဲ့ သီးနှံဈေးနှုန်း၊ မြို့က ပွဲရုံတွေရဲ့ ပေါက်ဈေးနှုန်း စတာတွေကို အင်တာနက် အွန်လိုင်းကနေ ကြည့်ကြပါတယ်။
နောက် သူတို့ရဲ့သီးနှံတွေကို ဘယ်လို ရောင်းရင် ကောင်းမယ်ဆိုတာကိုလည်း ဆက်ပြီး ဆွေးနွေး ကြပါတယ်။ အချိန်ရရင်ရသလို တခြား ပြည် တွင်းပြည်ပသတင်းတွေ၊ မိုးလေဝသအခြေအနေ စတာတွေကိုလည်း ကြည့်ကြ၊ မှတ်သားကြပါ တယ်။ ဒါတွေက နေ့တဓူဝအလုပ်တွေ ဖြစ်ပါတယ်။
ဒီလို လုပ်ငန်းမျိုးကို တည်ထောင်ပေးဖို့ရာ နိုင်ငံအစိုးရဲ့ National e-Governance Plan (NeGP) ရဲ့အောက်မှာ Microsoft, ITC, HUL,  Google လို ကုမ္ပဏီကြီးများက အကူအညီပေးကြ ပါတယ်။ Internet and Mobile Association of India (IAMAI) နဲ့ Telecom Regulatory Authority of India (TRAI) အဖွဲ့အစည်းကလည်း အိန္ဒိယနိုင်ငံရဲ့ကျေးလက်များမှာ အင်တာနက်နဲ့ မိုဘိုင်းလ်နည်းပညာကို ဘယ်လို ကျယ်ပြန့် အောင် လုပ်ဆောင်ပေးရမယ်ဆိုတာ အမြဲတမ်း ဆန်းစစ် လေ့လာ အဖြေရှာပေးနေတာပါ။ အခု အချိန်များမှာ ဒီ့ထက်မက တိုးတက်နေလောက် ပါပြီ။
နောက် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်က ဒီလိုပါ။ ဟာမစ် အမည်ရှိတဲ့ လူငယ်တစ်ဦးက သူ့ရွာမှာ ကုန်စုံဆိုင်လေး ဖွင့်ထားသူ ဖြစ်ပါတယ်။ သူ့ အနေနဲ့ ရွာကနေ ကီလို ၈ဝ လောက်ဝေးတဲ့ မြို့ ကို ၁၅ ရက် တစ်ခါ ဈေးဝယ် ထွက်ရပါတယ်။ သူတို့ ရွာကလေးက မိုးတွင်းဆိုရင် ရေမြုပ်တတ်ပါတယ်။ အဲဒီအချိန်များမှာ ဟာမစ်အတွက် ဈေး မရောင်းရလို့ ဝင်ငွေလည်း မရှိတော့ပါ။ မြို့ကို လည်း သွားလို့မရနဲ့ ဟာမစ် တစ်ယောက် ဒုက္ခ ရောက်တဲ့ နှစ်တွေလည်း မနည်းခဲ့ပါ။ အခုတော့ သူ့လက်ထဲမှာ မှော်ဝင်ပစ္စည်းတစ်ခု ရှိနေပါပြီ။ ဒီပစ္စည်းလေးက ဟာမစ်ဘဝကို အတော်လေး ပြောင်းလဲစေပါတယ်။ အဲဒီပစ္စည်းလေးက မို ဘိုင်းလ်ဖုန်း တစ်လုံးပါ။ မိုဘိုင်းလ်ဖုန်းကို သုံးပြီး မြို့ကို ပစ္စည်းမှာလိုက်ရင် လာပို့ပါတယ်။ ဖုန်း ပြောခက အရင်လှည်းခလောက်တောင် မကျပါ။ မြို့ကို သွားရတဲ့ အချိန်လည်း မကုန်တော့ပါ။ ဒီ ဖုန်းလေး ရှိနေလို့ ဟာမစ်အတွက် မိသားစုနဲ့ အိုးမကွာ၊ အိမ်မကွာ ဈေးရောင်းနိုင်ပါတယ်။
အိန္ဒိယနိုင်ငံ လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသများမှာ နေထိုင်ကြသူများ ဖြစ် ကြပါတယ်။ အဲဒီမှာ မိုဘိုင်းလ်ဖုန်း အသုံးပြုမှုက ၄ဝ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကြီးမား ကျယ်ပြန့်တဲ့ မိုဘိုင်းလ်ဖုန်း ဈေးကွက် တစ်ခုလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အိန္ဒိယ နိုင်ငံမှာ မိုဘိုင်းလ်ဖုန်း အသုံးပြုမှုက တကယ့်ကို မြင့်မားနေပါပြီ။ အိန္ဒိယနိုင်ငံ လူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းက မိုဘိုင်းလ်ဖုန်း ကိုယ်စီနဲ့ပါ။
ကျေးလက်နှင့် မိုဘိုင်းလ်ဖုန်း
မြန်မာနိုင်ငံရဲ့ကျေးလက်ဒေသများကို အင် တာနက် ရောက်ဖို့ဆိုတာ အတော်ခက်ခဲပါမယ်။ အခြေခံစွမ်းအင်ဖြစ်တဲ့ လျှပ်စစ်မီးရဖို့ကနေ အင် တာနက်လိုင်း ချိတ်မိဖို့အထိ လိုအပ်ချက်တွေက များလှပါတယ်။ ကုန်ကျစရိတ်လည်း အတော် များပါတယ်။ သူ့ထက်စာရင် မိုဘိုင်းလ်ဖုန်း ဆက် သွယ်မှုရရင်တော့ပိုကောင်းပါမယ်။ ဘာဖြစ်လို့ လဲဆိုတော့ မိုဘိုင်းလ်ဖုန်းနဲ့ SMS လို့ခေါ်တဲ့စာတို ပို့စနစ်သုံးနိုင်လို့ ဖြစ်ပါတယ်။ SMS(Short Message Service)အတွက် အင်တာနက်လိုင်းမလို ပါ။ ဖုန်းလိုင်းကောင်းဖို့သာ လိုပါမယ်။ မြန်မာအိုင် တီနယ်ပယ်မှာ မိုဘိုင်းလ်ဖုန်းများအတွက် SMS (Mobile Phone Application) တွေ ရှိနေပါပြီ။
SMS ဆိုတာ
SMS (Short Message Service)ကို “စာ တိုပို့စနစ်”လို့ မြန်မာလိုရေးကြပါတယ်။ အင်္ဂလိပ် ဘာသာနဲ့ “text messaging” စနစ် ဖြစ်ပါတယ်။ အဲဒီစနစ်ကို ဘယ်လောက်အထိ သုံးနေကြသလဲ ဆိုရင် မိုဘိုင်းလ်ဖုန်းကိုင်ဆောင်သူများရဲ့ ၇၈ ရာခိုင်နှုန်း၊တစ်နည်းအားဖြင့် အသုံးပြုနေသူ ၃.၆ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ Short message ဆိုပေမဲ့ တကယ်တမ်းမှာ စာလုံးရေ ၁၆ဝ အထိ သုံးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ SMS စနစ် ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ ရှိနေပါပြီ။
Smart SMS
-    SMS ကို မြန်မာလို အလိုအလျောက် ဖုန်းမှ အသံထွက်မည်။
-    SMS ကို အင်္ဂလိပ်စာလုံးသုံးပြီး မြန်မာလို အမြန်ရိုက်နိုင်မည်။
-    Root မလုပ်ထား၊ မြန်မာဖောင့် မထည့်ထား လည်း မြန်မာလို အသုံးပြုနိုင်သည်။
-    ဖုန်းတိုင်းမှာ မြန်မာစာလုံး အမှန် ပေါ်မည်။
-    SMS များကို စကားဝှက်နဲ့သိမ်းထားနိုင်မည်။
Myanmar Exchange Business Information Services
နေ့စဉ် အချိန်နှင့်အမျှ ပြောင်းလဲနေသော စီးပွားရေး သတင်းအချက်အလက်များကို အချိန် နှင့် တစ်ပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်စေရေး အတွက် Mobile SMS ပေးပို့ခြင်းဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
-    ဒေါ်လာဈေး၊ Euro ငွေဈေး၊ စင်ကာပူ ဒေါ်လာဈေး၊ ထိုင်းဘတ်၊ တရုတ် ယွမ် စသည့် နိုင်ငံတကာ ငွေကြေးများ၏ ငွေလဲ လှယ်ဈေးနှုန်းများ။
-    ရန်ကုန်ရွှေဈေး၊ မန္တလေးရွှေဈေး၊ ကမ္ဘာ့ရွှေ ဈေး စသည့် နေ့စဉ် ရွှေဈေးနှုန်းများ။
ထိုသတင်းအချက်အလက်များအား လူကြီး မင်းတို့ တိကျသေချာစွာ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရေးအတွက် Mobile SMS ပေးပို့ခြင်း ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
ကျေးလက်၊ မိုဘိုင်းလ်ဖုန်းနှင့် SMS
မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်း သုံးပြီး SMS စနစ်ကို တွင်ကျယ်စွာ သုံးနိုင်မယ်ဆိုရင် ကျေးလက်နေ ပြည်သူအများအတွက် များစွာအကျိုးရှိ ပါလိမ့်မယ်။ ဥပမာ နေ့စဉ် စပါး၊ သီးနှံဈေးနှုန်းများ၊ ရန်ကုန်မြို့ လက်ကား ကုန်စည်အဝယ်ဒိုင်မှ ဈေး နှုန်းများကို အချိန်နဲ့ တစ်ပြေးညီ SMS ပို့ခြင်းဖြစ် ပါတယ်။ အဲဒီအတွက် မိုဘိုင်းလ်ဖုန်းသို့ ပို့စရာ မလိုဘဲ ကျေးလက်နေ တောင်သူလယ်သမား၊ အလုပ်သမားများအတွက် သီးသန့်မှတ်ပုံတင်စေ ပြီး ၎င်းတို့နဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို နေ့စဉ်ပေးပို့ဖို့ ဖြစ်ပါတယ်။ SMS ဝန်ဆောင်မှု အတွက် သင့်တင့်တဲ့စရိတ်ကိုယူပြီး ကျေးလက် ဒေသများအရောက် SMS စနစ်နဲ့ အချက်အလက် များကို ပေးပို့ဖို့ရာ နိုင်ငံတော်အစိုးရ (သက်ဆိုင် ရာဌာန) နဲ့ အိုင်တီကုမ္ပဏီများ ပေါင်းစည်းကာ လုပ်ဆောင်ပေးသင့်ပါတယ်။
ကောင်းတာကတော့ ကျေးလက်ဒေသ အရောက် အင်တာနက်လိုင်းများ ချိတ်နိုင်ဖို့ ဒါမှ မဟုတ် မိုဘိုင်းလ်ဖုန်းကတစ်ဆင့် အင်တာနက် ရအောင်ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ ရေးရတာ လွယ်သလောက် တကယ်လုပ်ဖို့ ခက်တယ်ဆို တာ ကျွန်တော်တို့ နားလည် သဘောပေါက်ပါ တယ်။ အတတ်နိုင်ဆုံး စုပေါင်း အဖြေရှာ လုပ် ဆောင်ပေးဖို့သာ အကြံပြုလိုက်ရပါတယ်။
Credit: Computer Journal

Saturday, September 27, 2014

နည်းပညာသုံး ပစ္စည်းဆန်းတွေကြောင့် ကိုယ့်တက်လမ်းကို ထိခိုက်စေတဲ့ အမူအကျင့်တွေ မဖြစ်စေဖို့

တစ်ဦးနဲ့တစ်ဦး ဆက်သွယ်နိုင်တဲ့ အခွင့်အရေးက အကျိုးများစေတဲ့ မင်္ဂလာတစ်ပါးပါ။ ဒါပေမဲ့ လိုတာထက် ပိုလာတဲ့ ပြောဆို ဆက်သွယ်မှုတွေက လူ့အဖွဲ့အစည်းအတွက် အကျိုးမဲ့စေပြီး ကာယကံရှင်ရဲ့ ယုံကြည်ထိုက် တဲ့ အရည်အချင်းတွေကို ထိခိုက်စေတယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ဆိုလာကြတယ်။ 
စမတ်ဖုန်း၊ တက်ဘလက်၊ နုတ်ဘုတ်စတဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေဟာ ရှေးခေတ် အာရပ်ပုံပြင်ထဲက သစ်ကုလားအုတ်လို ကျွန် တော်တို့ရဲ့ ဘဝတွေထဲ တဖြည်းဖြည်းနဲ့ တိုးဝင် လာခဲ့ကြတယ်။  အဲဒီလို တဖြည်းဖြည်းနဲ့ ကျွန် တော်တို့ဘဝထဲ နေရာယူလာကြတဲ့ ပစ္စည်းတွေရဲ့ ဆွဲအားတွေကြောင့် ဒီပစ္စည်းတွေ မရှိရင်ဘဲ မနေတတ်တော့တဲ့ အခြေအနေမျိုး ဖြစ်လာတယ်။
ကနေ့ခေတ် လူနေမှု ဘဝတွေထဲမှာ နည်းပညာသုံး ပစ္စည်းလေးက တဖြည်းဖြည်းနဲ့ နေရာယူလာကြတာကို ဘယ်အချိန်၊ ဘယ်နေရာမဆို အထင်အရှား တွေ့မြင်နိုင်ကြပါတယ်။ စား သောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာ ကြည့်လိုက်ပါ။ မှာထားတဲ့ အစားအစာတွေ ရောက် မလာခင် အချိန်ပိုင်းမှာ မိုဘိုင်းလ်ဖုန်းတွေ နှိပ်နေ ကြတဲ့ စုံတွဲတွေကို တွေ့ပါလိမ့်မယ်။ တချို့တွေ့ ဆုံပွဲတွေ၊ ဧည့်ခံပွဲတွေမှာ ဆိုရင်လည်း ကိုယ့်အနားမှာ ရှိနေတဲ့လူနဲ့ စကားမပြောအားဘဲ လက်ကိုင်ဖုန်းနဲ့ အလုပ်ရှုပ်နေကြတဲ့သူတွေ များလာပါတယ်။
လုပ်ငန်းခွင်ထဲမှာလည်း ဆက်သွယ် ချိတ် ဆက်ကြတဲ့ အကြိမ်အရေအတွက်က လျော့ နည်းသွားမယ် မထင်လိုက်ပါနဲ့။ လုပ်ငန်းခွင် စည်းဝေးပွဲတွေ၊ ဆွေးနွေးပွဲတွေထဲကို လက်ကိုင် ဖုန်းတွေ ယူလာကြလို့ ဖုန်းခေါ်သံတွေ ဆူညံ သွားတာ၊ အခန်းအပြင်ဘက် ထွက်ပြီး ရေးကြီး သုတ်ပျာ ဖုန်းပြောကြရတာတွေ စတာတွေကို မကြာခဏ တွေ့မြင်နေကြရပါတယ်။ ဒါပေမဲ့ အချိန်နဲ့အမျှ ပြောဆို ဆက်သွယ်နေကြတဲ့ သူ တွေမှာလည်း ပြောစရာစကားတွေ အဆင်သင့် ရှိနေတာပါပဲ။ အခုလာတဲ့ဖုန်းက အရေးကြီးတဲ့ ဖုန်းပါ။ ဒီ e-mail တွေကို ချက်ချင်း အကြောင်း ပြန်ဖို့လိုတယ်။ ဒီအလုပ်တွေကို နုတ်ဘုတ်နဲ့ အခုလုပ်မှဖြစ်မယ် စသဖြင့် အချေအတင် ပြော ကြပါလိမ့်မယ်။
ကောင်းပြီ။ အချိန်နဲ့အမျှ အဆက်မပြတ် ဆက်သွယ် ချိတ်ဆက်နေရတာက ကျွန်တော်တို့ ရဲ့အလုပ် အဆင်ပြေစေဖို့ပါ။ လုပ်ငန်းအောင်မြင် ဖို့ ဆက်သွယ်ဆောင်ရွက်ရပါတယ်လို့ ပြောနိုင်ပါ တယ်။ အချိန်နဲ့အမျှ ဆက်သွယ် ဆောင်ရွက်နေရ တာက ကြီးလေးတဲ့ အပြစ်တစ်ခုလို့ မဆိုနိုင်ပါ ဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ စင်ကာပူက လူသားရင်းမြစ် ကျွမ်းကျင်သူ ပညာရှင်တွေက အကြံပြုထားတာ တစ်ခုရှိနေပါတယ်။ အဲဒါက "ခေတ်သစ် နည်းပညာပစ္စည်း သုံးစွဲကြသူတွေ အနေနဲ့ ကိုယ့်ရဲ့ပြုမူဆက်ဆံပုံကို သတိထားဖို့ တော့ မမေ့ပါနဲ့။ နည်းပညာပစ္စည်း သုံးစွဲရင်း ရိုင်းပျတဲ့ အပြုအမူမျိုးကို အများပြည်သူတွေက လက်မခံတတ်ကြပါဘူး။ ဆိုးရွားညံ့ဖျင်းတဲ့ ပြုမူ ဆက်ဆံပုံတွေက ကာလရှည်ကြာ မျှော်မှန်းထား တဲ့ သင့်တက်လမ်းကို ထိခိုက် ပျက်စီးစေနိုင် တယ်" လို့ ဆိုကြပါတယ်။
သူတို့ ပြောသလို ဟုတ်မဟုတ်ဆိုတာ သိဖို့ ဥပမာတစ်ခုနဲ့ ရှင်းပြထားတယ်။ ဆိုကြပါစို့။ အစည်းအဝေး ခန်းမထဲမှာ တာဝန်ရှိသူတစ် ယောက်က စကားပြောနေတုန်း တစ်စုံတစ် ယောက်က စားပွဲအောက်ကနေ မိုဘိုင်းလ်ဖုန်းကို နှိပ်နေတာမျိုးကို တွေ့ဖူးကြပါလိမ့်မယ်။ ဒါကို အစည်းအဝေးမှာ ဟောပြောနေတဲ့သူက ဒါမှ မဟုတ် အကြီးအကဲ တစ်ယောက်ယောက်က တွေ့သွားခဲ့ရင် အဲဒီလို လုပ်နေတဲ့သူက လက်ရှိ လုပ်နေတဲ့ အလုပ်ကို ငြီးငွေ့နေတဲ့သူ၊ စိတ်မပါ တဲ့သူ ဒါမှမဟုတ် လက်ရှိအလုပ်ထက် တခြား အရာကို ဦးစားပေးနေတဲ့သူလို့ ထင်မြင်သွားမှာ ပါပဲ။ နောက်ထပ် တစ်မျိုးဖြစ်နိုင်တာက သူလုပ် နေတာကို ဘယ်သူမှ မမြင်ဘူးလို့ ယူဆပြီး လုပ် နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ယူဆတာ က တခြားလူတွေကို ဂရုမစိုက်တဲ့သဘော ဖြစ် လို့ ရိုင်းပျရာ ရောက်ပါတယ်
နောက်ထပ် အရုပ်ဆိုးတဲ့ အမူအကျင့် တစ်ခုက အလုပ်အတွက် ဆွေးနွေးပွဲတွေ လုပ် နေတုန်းမှာ လက်ပ်တော့ ဒါမှမဟုတ် ဖုန်းနဲ့ အီး မေးလ်တွေ အဆက်မပြတ် ပေးပို့၊ လက်ခံနေတဲ့ ကိစ္စပါပဲ။ တချို့ဆိုရင် အစည်းအဝေး လုပ်နေ တုန်းမှာ အရေးမပါတဲ့ posts တွေကို Facebook ပေါ် တင်နေကြတာမျိုးတောင် ရှိပါတယ်။
စင်ကာပူနိုင်ငံရဲ့ LZ Leadership International အဖွဲ့က ညွှန်ကြားရေးမှူးကတော့ "လုပ်ငန်းခွင်ထဲမှာ ဒီလိုအမူအကျင့်မျိုး မကြာ ခဏ လုပ်လေ့ရှိတဲ့သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင် တန်ဖိုးတွေ၊ ယုံကြည်ထိုက်တဲ့ အရည်အသွေး တွေကို တဖြည်းဖြည်း ယုတ်လျော့ကျဆင်း အောင် လုပ်နေတာပါပဲ" လို့ ဆိုတယ်။ ဒါတင် မကဘဲ သူတို့ရဲ့လုပ်ငန်းရှင် အကြီးအကဲက ဒီ ပုဂ္ဂိုလ်က ငါတို့အလုပ်မှာ စိတ်ဝင်စားမှုမှရှိရဲ့လား၊ ဒီထက် ပိုအရေးကြီးတဲ့ အလုပ်တွေကို တာဝန် ပေးလို့မှ ဖြစ်ပါ့မလားလို့ ထင်မှတ်သွားမှာ ဖြစ်ပါတယ်။
တကယ်တော့ အခုလို အီလက်ထရွန်နစ် နည်းပညာ ပစ္စည်းဆန်းတွေကို လူတိုင်းလိုလို ကိုင်တွယ် အသုံးပြုလာကြတဲ့ ခေတ်ကာလမှာ သုံးစွဲကြသူတိုင်းက ဒါကိုသုံးပြီး ချက်ချင်း အကြောင်းပြန်ရမယ်၊ ဒါမှမဟုတ် စက္ကန့်မလပ် အီးမေးလ်တွေကို စစ်ဆေးရမယ်လို့ စိတ်ထဲ အလိုလို မှတ်ယူလာကြတယ်။ သူတို့ ဘယ်နေ ရာမှာပဲ ရောက်ရောက်၊ ဘယ်သူတွေနဲ့ပဲ ရှိနေ နေ၊ ဘာအလုပ်တွေပဲလုပ်လုပ် ဒီပစ္စည်းကို မဖြစ် မနေ သုံးရမယ်လို့ ပုံသေ စွဲမှတ်ထားတဲ့အဆင့် ရောက်လာတယ်။ အဲဒီ ခံယူချက်က သူတို့ရဲ့ အတွင်းစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် လာပြီး ခေတ်ပေါ်ပစ္စည်းတွေရဲ့ ကျေးကျွန် ဖြစ် မှန်းမသိ ဖြစ်သွားကြတော့တာပါပဲ။
ဒီလို နည်းပညာသုံး ပစ္စည်းတွေကြောင့် ကိုယ့်အလုပ်မှာ အကျိုးရှိစေတာကိုတော့ ဘယ် သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ စွဲလမ်းမှု လွန်ကဲတဲ့ ပြဿနာကြောင့် ပြောစရာတွေ ဖြစ်လာရတာပါ။ အရေးကြီးတာက သုံးစွဲသူရဲ့ လုပ်ငန်းခွင်အရည် အသွေးကို မထိခိုက်စေဘဲ ပေါင်းသင်းဆက်ဆံ ရေးနဲ့ လူမှုဘဝ အရည်အသွေးတွေကို မထိခိုက် စေဘဲ ဒီပစ္စည်းတွေကို အကျိုးရှိရှိ သုံးစွဲနိုင်ဖို့ ဖြစ် ပါတယ်။ စင်ကာပူနိုင်ငံရဲ့ လူသားရင်းမြစ် ကျွမ်း ကျင်သူ ပညာရှင်တွေက နည်းပညာသုံး ပစ္စည်း တွေကြောင့် ပြဿနာ မဖြစ်ရအောင် ဖြေရှင်း နည်းတွေ ပေးထားပါတယ်။
၁။    မိမိအဖွဲ့အစည်းအတွင်း တစ်ဦးနဲ့တစ်ဦး ရို သေ လေးစားတတ်တဲ့ အလေ့အကျင့်ကို ပျိုး ထောင်ပေးပါ။ အသိပညာနဲ့ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေက အဖိုးတန်တဲ့ လုပ်ငန်းတွေ ပြီးမြောက်အောင် လုပ်ကိုင်နိုင်ဖို့အတွက် အချိန်နဲ့ အာရုံစူးစိုက်မှုတို့ လိုအပ်ပါတယ်။ တခြားသော ဝန်ထမ်းတွေ အနှောင့်အယှက် ကင်းကင်းနဲ့ အလုပ်လုပ်နိုင်ဖို့ မိုဘိုင်းလ် ပစ္စည်း အလွန်အကျွံ သုံးစွဲတတ်သူတွေနဲ့ ညှိနှိုင်းယူပါ။

၂။    မျှော်မှန်းချက်အတိုင်း စီမံဆောင်ရွက်ပါ။ ရုံးတွင်း အစည်းအဝေးတစ်ခု လုပ်စရာရှိ ကြောင်း ဒါမှမဟုတ် သင်က ခရီးထွက်စရာရှိ ကြောင်း တခြားဝန်ထမ်းတွေကို အသိပေး ထားပါ။

၃။    သင်မရှိချိန်မှာ သင့်အစား တာဝန်ယူလုပ် ပေးနိုင်မယ့် တခြားတစ်ယောက်ယောက်ကို  တာဝန်လွှဲပေးပါ။ ဒါမှမဟုတ် သင့်ဆီလာ မယ့် ဖုန်း call တွေကို သင့်မိတ်ဆွေဆီ လွှဲ ပေးခဲ့ပါ။ သင်က ကူညီနိုင်တဲ့အချိန်မှာလည်း ပြန်လည် ကူညီပေးပါ။

၎။    အီးမေးလ်ပေးပို့တဲ့အခါ တစ်ဖက်လူရဲ့ တုံ့ပြန်မှုကို လိုချင်တယ်ဆိုရင် လိုအပ်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေကို အီး မေးလ်ထဲမှာ ဖော်ပြပေးပါ။ Asap (as soon as possible) ဖြစ်နိုင်သမျှ မြန်မြန် အကြောင်းပြန်ပါလို့ ရေးသား သုံးနှုန်းတာ မျိုးကိုတော့ ရှောင်ပါ။

၅။    အစည်းအဝေး လုပ်နေချိန်မှာ မိုဘိုင်းလ် ပစ္စည်းကို အသံပိတ် (silent mode လုပ် ထား) ပြီး အစည်းအဝေး အခန်းအပြင်မှာ ထားခဲ့ပါ။ လူကိုယ်တိုင်ကသာ အခန်းထဲမှာ ရှိနေပြီး စိတ်က တခြားရောက်နေတာမျိုး မဖြစ်သင့်ပါဘူး။

    တကယ်တမ်း ပြောရရင် နည်းပညာသုံး ပစ္စည်းလေးတွေက ဆိုးဝါးတဲ့ အမူအကျင့်တွေကို ဖြစ်စေတာ မဟုတ်ပါဘူး။ သုံးစွဲသူ ပြည်သူတွေရဲ့ စိတ်စွဲလမ်းမှုနဲ့ အသိအမြင် လွဲမှားမှုတွေကသာ လုပ်ငန်းခွင်မှာ ဆိုးဝါးတဲ့ အမူအကျင့်တွေကို ဖြစ် စေတာပဲ ဖြစ်ပါတယ်။

Credit: ကိုလူ (Computer Journal)


Friday, September 26, 2014

ဂျီပီအက် (GPS) ဘယ်လို အလုပ်လုပ်

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးက ကျဉ်းလာသလား မသိပါ။ ကျွန်တော် ဘယ်နေရာမှာနေနေ ကျွန်တော့်ရဲ့ တည်နေရာကို သူတို့က သိတယ်လို့ ဆိုပါတယ်။ သူတို့ ဘယ်လိုသိတာလဲ။ ကျွန်တော်တို့ရဲ့တည်နေရာကို သိတယ်ဆိုတာ ဒီခေတ်မှာ သိပ်ပြီး ထူးဆန်းတဲ့အရာ မဟုတ်ပါ။ ကျွန်တော်တို့ လက်တစ်ဖက်နဲ့ ကိုင်လို့ရတဲ့ ပစ္စည်းလေးတစ်ခုပဲ လိုပါမယ်။ ဒါက ဂျီပီအက်စ်(GPS)လို့ခေါ်တဲ့ တည်နေရာတိုင်းတာတဲ့ စက်လေးပါ။ စကားလုံး အရှည် ကောက်က “Global Positioning System” ဖြစ်ပါတယ်။ GPS ဘယ်လို အလုပ်လုပ်တယ် ဆိုတာကော သင် သိချင်ပါသလား။
GPS ဆိုတဲ့ စက်လေးက ကမ္ဘာ့ပင်လယ်ပြင်အမြင့် မိုင်တစ်သောင်း နှစ်ထောင်ကျော်လောက် ဂြိုဟ်ပတ်လမ်း က  ဂြိုဟ်တု (satellite) ကို ဆက် သွယ်ခြင်း မဟုတ်ပါ။ ဂြိုဟ်တုဆီကို ဘယ်လို အချက်အလက်မျိုးမျှ ပို့မပေးပါ။ GPS က ဂြိုဟ်တုမှလာတဲ့ အချက်အလက်တွေကို လက်ခံနိုင်ရုံ (receiver) သက်သက်ပါ။ အဲဒီအချက်အလက် (ရေဒီယိုလှိုင်း)တွေကလည်း စဉ်ဆက်မပြတ် ရောက်လာနေတာပါ။ ဂြိုဟ်တုက ပို့လွှတ်တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး GPS စက် ဒါမှမဟုတ် အဲဒီစက်ကို သုံးနေတဲ့သူရဲ့ တည်နေရာကို တွက်ချက်ပေးတာပါ။

ဂြိုဟ်တုမှသည် သင့်ရဲ့ လက်ဖဝါးပေါ်က စက်လေးဆီသို့
GPS (Global Positioning System) နည်း ပညာ ဒါမှမဟုတ် GPS စနစ်ကို အမေရိကန်ပြည် ထောင်စုစစ်ဘက်ပညာရှင်များက အစဦးတီထွင် ခဲ့တာပါ။  တစ်ချိန်က “အာကာသ စစ်ပွဲကြီးတွေ ဖြစ်နိုင်တယ်၊ ဒီလိုစစ်ပွဲတွေဖြစ်လာရင် လက်ဦးမှု ရဖို့ကို ဘယ်လိုနည်းလမ်းတွေ တည်ဆောက်ရ မယ်” ဆိုတာကို တွေးတောအကြုံထုတ်ရာကနေ GPS စနစ် ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။ အခု တော့ စစ်မက်ရေးရာကိစ္စများက မရှိတော့ GPS စနစ်ကို ကမ္ဘာ့နိုင်ငံအားလုံး (လူသားတို့) သုံးနိုင် ဖို့ရာ လွှဲပြောင်းပေးလိုက်ပါတယ်။
အခုအချိန်မှာ ဂြိုဟ်ပတ် လမ်းကြောင်း အတွင်း GPS ဂြိုဟ်တု ၂၄ လုံးက လည်ပတ် အလုပ်လုပ်နေကြပါတယ်။ အရန်အဖြစ်လည်း သုံးလုံးရှိနေပါတယ်။ ဂြိုဟ်တုတွေကနေ သက် ဆိုင်ရာအချက်အလက်တွေကို အဆက်မပြတ် ထုတ်လွှင့်ပေးနေဆဲလည်း ဖြစ်ပါတယ်။ ဂြိုဟ်တု တွေဟာ ကမ္ဘာ့ ဂြိုဟ်ပတ်လမ်းအတွင်း ရှိနေ တယ် ဆိုပေမဲ့ တစ်နေရာတည်း စုမနေကြပါ။ ကျွန်တော်တို့ ကမ္ဘာမြေ တစ်နေရာကနေ ကောင်းကင်ကို မှန်ပြောင်းနဲ့ ကြည့်မယ်ဆိုရင် ဂြိုဟ်တု လေးလုံးကို မြင်နိုင်တယ်လို့ ဆိုပါတယ်။ တကယ် မြင်တာ၊ မမြင်တာထက် ဆိုလို တာက ဂြိုဟ်တုလေးလုံးက ထုတ်လွှင့်တဲ့ ရေဒီယိုလှိုင်း လမ်းကြောင်းဟာ ကမ္ဘာ့မြေပြင်၊ ရေပြင်ကို တိုက်ရိုက်ရောက် တယ် ဆိုတဲ့ အနေအထားပါ။
တစ်နည်းအားဖြင့် GPS ဟာ ဂြိုဟ်တုက လာတဲ့ ရေဒီလှိုင်း သုံးခု၊ ဒါမှမဟုတ် လေးခုကို တစ်ပြိုင်တည်း မဖမ်းနိုင်ပါက အလုပ် မလုပ်ပါ။ အဲဒီ ရေဒီယိုလှိုင်းတစ်ခုခုကို ကြားက ပိတ်ဆို့ ထားတယ်၊ အတားအဆီးရှိတယ်ဆိုရင်လည်း အလုပ်မလုပ်နိုင်ပါ။ ကောင်းကင်နဲ့ GPS သုံးသူ တို့အကြား ရေဒီယိုလှိုင်းလွှင့်ထုတ်ချက်က တိုက် ရိုက်ကျဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မြေ အောက် ကတုတ်ကျင်းတွေ၊ တောင်အောက်က ဂူတွေထဲမှာ GPS အလုပ် မလုပ်နိုင်ပါ။ သာမန် တိုက်နံရံလို အကာအကွယ်လောက်တော့ ရပါ တယ်။
မှတ်ချက်။  ။ မြေအောက်မှာ အလုပ်လုပ်တဲ့ GPS အမျိုးအစားကို တီထွင်ထားပြီး ဖြစ်ပါတယ်။ ဥပမာ ဂျပန်ကုမ္ပဏီ Aichi Steel က ထုတ်လုပ်တဲ့ GPS ဟာ ကမ္ဘာ့သံလိုက်စက်ကွင်းကို အသုံးပြု ပြီး GPS ကို တွက်ချက်စေပါတယ်။
GPS(satellites)ဂြိုဟ်တုများဟာ ရေဒီယို အချက်ပြ (signals) များကို ကမ္ဘာမြေပြင်သို့ အဆက်မပြတ် လွှင့်ထုတ်နေပါတယ်။ ရေဒီယို အချက်ပြလှိုင်း လွှင့်ချက်တိုင်းမှာ GPS ဂြိုဟ်တု ရဲ့ တည်နေရာ (location) နဲ့ လှိုင်းလွှင့်ထုတ်ချိန် (time) တို့ ပါရှိပါတယ်။ ဂြိုဟ်တုတိုင်းမှာ atomic clock လို့ခေါ်တဲ့ တကယ့်ကို မှန်ကန်တိကျတဲ့ နာရီ တပ်ဆင်ထားပါတယ်။ ဒါ့ကြောင့် လှိုင်းလွှင့် ထုတ်ချိန်ကို တွက်ချက်ရာမှာ အလွန် တိကျပါ တယ်။

GPS သည် သင့်ရဲ့ Location ကို ဘယ်လိုစူးစမ်းတွက်ချက်တာလဲ
GPS စနစ် ထည့်သွင်းတည်ဆောက်ထားတဲ့ စက်ကို GPS လို့ပဲ အလွယ်တကူ ခေါ်ကြပါတယ်။ ကားမှာသုံးတဲ့ GPS ဆိုရင် car GPS လို့ ပြောပါ တယ်။ ဒါပေမဲ့ car GPS ဟာ လမ်းညွှန်တဲ့ အလုပ်ကို လုပ်သလို စမတ်ဖုန်း တစ်လုံးလည်း ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် GPS ဟာ receiver တစ်လုံးသာ ဖြစ်ပါတယ်။ GPS တပ်ထားတဲ့ ဘယ်လို စက်ပစ္စည်းမဆို ဂြိုဟ်တုကို ဆက်သွယ် ပြီး တည်နေရာကို တောင်းခံခြင်း မဟုတ်ပါ။ ဂြိုဟ်တု (satellites)တွေက အဆက်မပြတ် လွှင့် ထုတ်နေတဲ့ ရေဒီယို အချက်ပြကို လက်ခံ (နား ထောင်) ခြင်းသာ ဖြစ်ပါတယ်။
GPS က ဂြိုဟ်တု လေးလုံး ဒါမှမဟုတ် လေးလုံးထက်ပိုတဲ့ ဂြိုဟ်တုတွေဆီကနေ လွှင့် ထုတ်တဲ့ အချက်ပြများကို လက်ခံပါတယ်။ GPS စက်နဲ့ အနီးဆုံး ဂြိုဟ်တုက လွှင့်တဲ့အချက်ပြကို အရင်ဆုံး ရတယ်ဆိုပါတော့။ ဒါဆိုရင် GPS စက် နဲ့ ပိုဝေးတဲ့ဂြိုဟ်တုဆီက အချက်ပြကို နည်းနည်း နောက်ကျပြီးမှာ ရပါလိမ့်မယ်။ အဲဒီ ခြားနားတဲ့ အချိန်အတိုင်းအတာဟာ တကယ်တော့ နည်း နည်းလေးပါ။ ဒါပေမဲ့ GPS စက်အနေနဲ့ လှိုင်းဖမ်း ယူမှုနဲ့ တွက်ချက်မှုတို့ဟာ အတော်ကွာခြားသွား ပါတယ်။ အဲဒီကွာခြားတဲ့အချိန်ကို နှိုင်းယှဉ်ပြီး ခေတ်မီ နည်းပညာတွေနဲ့ တွက်ချက်ပါတယ်။ ဥပမာ Trilateration ဆိုတဲ့ နည်းပညာ ဒါမှ မဟုတ် လုပ်ငန်းစဉ်ကို သုံးပါတယ်။ အရင်တုန်း က GPS တည်နေရာနဲ့ တကယ့် တည်နေရာတို့ အနည်းငယ် ကွာခြားမှု ရှိခဲ့ပါတယ်။

Trilateration
Trilateration အကြောင်းကို ရှင်းပြဖို့ရာ အတန်ငယ် ရှုပ်ထွေးနိုင်ပါတယ်။ အတတ်နိုင်ဆုံး ဥပမာပေးပြီး ရေးရရင် ပုံရိပ်တစ်ခု ဒါမှမဟုတ် GPS စက် သုံးနေတဲ့ ပုဂ္ဂိုလ်ဟာ နယူးယောက် ကနေ မိုင် ၅ဝဝ အကွာအဝေးမှာရှိတယ်လို့ ဂြိုဟ် တုတစ်လုံးက တွက်ချက်လိုက်ပါတယ်။ နောက် တစ်လုံးက မီယာမီကနေ မိုင် ၈ဝဝ ကွာတယ်လို့ တွက်ပြန်ပါတယ်။ နောက်တစ်လုံးက ကန်ဆတ် စီတီကနေ မိုင် ၇ဝဝ အကွာအဝေးမှာလို့ တွက်ပါ တယ်။ အဲဒီလို အချက်အလက်တွေကို ရယူပြီး သင့်အနေနဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ခန့်မှန်း တွက်ချက်ခြင်း ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ဂြိုဟ်တုသုံးလုံး ဒါမှမဟုတ် လေးလုံးရဲ့ပို့ လွှတ်ချက်ဆုံချက်ဟာ အနီးစပ်ဆုံး တည်နေရာ ဖြစ်ပါတယ်။ ဂြိုဟ်တုသုံးလုံးက ရတဲ့ အချက်ပြ တွေထက် ဂြိုဟ်တု လေးလုံးက အချက်ပြများကို တစ်ပြိုင်တည်းရမယ်ဆိုရင် ပိုပြီး တိကျပါမယ်။ Trilateration ဟာ ဗဟို ဒါမှမဟုတ် ဆုံချက် (point)ကို အတိအကျ တွက်ချက်ဖို့ရာ လုပ် ဆောင်ပေးပါတယ်။

ရွေးချယ်စရာ GPS များ
ဒီနေ့ခေတ်မှာ GPS ဟာ တည်နေရာကို သိရဖို့အတွက်သာ မဟုတ်တော့ပါ။ သာမန်အား ဖြင့် GPS ဟာ တည်နေရာကို လတ္တီတွဒ် (latitude)၊ လောင်ဂျီတွဒ် (longitude) နဲ့ ပြတာပါ။ အထူးသဖြင့် ရေကြောင်း နဲ့ လေကြောင်းသွား ယာဉ်များအတွက် အထူး အသုံးဝင်ပါတယ်။ နည်းပညာ တိုးတက်လာတာနဲ့အမျှ GPS စနစ် ဟာ အရွယ်အစား အလွန်သေးငယ်တဲ့ မို ဘိုင်းလ်ဖုန်းထဲကိုပင် ဝင်လာခဲ့ပါပြီ။
အခု မိုဘိုင်းလ်ဖုန်း သုံးသူရဲ့ တည်နေရာကို မြေပုံလိပ်စာနဲ့ ပြနိုင်ပါတယ်။ မြေပြင်မှာ တည် ဆောက်ထားတဲ့ ဆဲလ်တာဝါ(cell towers) တွေ အကြား ခြားနားချက်နည်းအောင် တွက်ချက်နိုင် ပါတယ်။ ခေတ်မီစမတ်ဖုန်းများမှာ GPS စနစ်ကို အပြီး ထည့်သွင်း တည်ဆောက်ထားပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ အနီးအနားက ကြိုးမဲ့ ကွန်ရက်(wireless networks)ကို စကန်လုပ်ပြီး ကိုယ့်တည်နေရာနဲ့ တခြားသိချင်တဲ့ (သွားချင် တဲ့) တည်နေရာကို ကြိုတင်မြင်နိုင်ပါတယ်။
အချို့သောစက်များဟာ ဝိုင်ဖိုင်ကို အခြေခံ တည်ဆောက်တဲ့ Wi-Fi based positioning system (WPS) ကို သုံးပြီး သင့်ရဲ့ လက်ရှိ တည် နေရာကို တွက်တယ်။ ဥပမာ Google Street View ဆိုရင် ကမ္ဘာ့နိုင်ငံအတော်များများရဲ့ လမ်း မြေပုံများကိုပင် ကြည့်နိုင်ပါတယ်။ Google က တော့ GPS စနစ်ကို အခြေခံပြီး လမ်းညွှန်ဝန် ဆောင်မှု အမျိုးမျိုးကို လုပ်ဆောင်ပေးနေပါတယ်။
GPS စနစ်ဟာ အမေရိကန်တို့ တည် ဆောက်ထားတဲ့ဂြိုဟ်တုများအပေါ် အားကိုးအား ထားပြုနေရလို့ တစ်ချိန်မှာ အမေရိကန်တို့က ပြန်ပြီး သိမ်းမှာ၊ ပိတ်မှာကို စိုးရိမ်ပြီး ကိုယ်ပိုင် တည်ဆောက်မှုများရှိလာခဲ့ပါတယ်။ ဥပမာ ရုရှား နိုင်ငံဟာ ကိုယ်ပိုင် GLONASS စနစ်ကို တည် ဆောက်သလို တရုတ်နိုင်ငံကလည်း BDS (Direct-Broadcast Satellite) စနစ်ကို တည် ဆောက်ပါတယ်။ ဥရောပတိုက် နိုင်ငံတချို့က လည်း ကိုယ်ပိုင်အဖြစ် Galileo လို့ခေါ်တဲ့ GPS စနစ်ကို တည်ဆောက်ထားပါတယ်။ Galileo GPS စနစ်မှာ ဂြိုဟ်တုများကို ၂ဝ၁၁ ခုနှစ်က စတင် လွှတ်တင်ခဲ့ပြီး ဂြိုဟ်တုလေးလုံးနဲ့ အလုပ် လုပ်နေပါပြီ။ ၂ဝ၁၉ ခုနှစ်မှာ အလုံး ၃ဝ အထိ တင်ကာ ကမ္ဘာ့နေရာအနှံ့ အပြည့်အဝ အလုပ် လုပ်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ အဲဒီ မှာတွင် ဂြိုဟ်တု ၂၇ လုံးက အလုပ်လုပ်ကာ ကျန် သုံးလုံးကတော့ အရန်အဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။

GPS နှင့် ခရီးသွားလာခြင်း
GPS ဟာ တည်နေရာကို ပြတဲ့အတွက် ခရီးသွားလာရေးအတွက် တကယ့်ကို အသုံးဝင် တဲ့ နည်းစနစ်ဖြစ်ပါတယ်။ ဥပမာ တစ်ချိန်က ပင် လယ်ကူး သင်္ဘောများဟာ ပင်လယ်ပြင်မှာ မိမိ တည်နေရာကို Sextant ကိရိယာနဲ့ ခက်ခက်ခဲခဲ ကြည့်ရှု တွက်ချက်ခဲ့ရပါတယ်။ နောင်အခါ GPS စနစ်ကို သုံးခွင့်ရလာပြီး အရွယ်အစား သေးငယ် တဲ့ GPS စက်နဲ့ သင်္ဘော ရဲ့ လက်ရှိတည်နေရာကို ဘာမှ တွက်ချက်စရာမလိုဘဲ အလွယ်တကူ သိ နိုင်ပါတယ်။
အဆိုပါ GPS စနစ်ကို ယခုအခါ ကုန်းလမ်း ခရီးသွား မော်တော်ယာဉ်များမှာပါ အသုံးပြုလာ ကြပါတယ်။ Car GPS ကတော့ မိမိယာဉ်ရဲ့ လက်ရှိတည်နေရာကို ကြည့်နိုင်တဲ့အပြင် မိမိ သွားမယ့်လမ်းကြောင်းကို ကြိုတင်ရှာဖွေနိုင်ခြင်း၊ သွားလိုတဲ့လိပ်စာကို အလွယ်တကူ ရှာဖွေနိုင် ခြင်း စတဲ့ လမ်းညွှန်မှုများကို ပြုလုပ်ပေးပါတယ်။

PolarStar
PolarStar mini, PolarStar HD နဲ့ PolarStar DASH စက်အသစ် သုံးမျိုးကို ပြီးခဲ့တဲ့ မတ် လ ၂၂-၂၄ ရက်နေ့ တပ်မတော်ခန်းမမှာ ပြုလုပ် ခဲ့တဲ့ “ရန်ကုန်အိုင်စီတီပြပွဲ”မှာ Technomation (http://www.technomation.asia) ကနေ မိတ်ဆက် ရောင်းချခဲ့ပါတယ်။ PolarStar mini ဆိုတာမှာ ယခင် ရောင်းချလျက်ရှိတဲ့ PolarStar II များထက် စွမ်းဆောင်ရည် မနိမ့်ကျစေဘဲ ဈေးနှုန်းများစွာ သက်သာပါတယ်။ PolarStar HD ဟာ အရွယ်အစား ၇ လက်မ HD screen နဲ့ စွမ်းဆောင်ရည် များစွာပါဝင်တဲ့ GPS device ဖြစ်ပြီးမြေပုံလမ်းညွှန်အပြင် Bluetooth Handsfree, Bluetooth Musics A2DP စတဲ့ စွမ်း ဆောင်ရည်များ ပါဝင်ပြီး စွမ်းရည်မြင့်မားတဲ့ စက် ဖြစ်ပါတယ်။ PolarStar DASH ဆိုတာကတော့ သင့်ရဲ့ ကားများမှာ original ပါဝင်တဲ့ TV နဲ့ Dash System များမှာ မြန်မာမြေပုံ ပါရှိပါတယ်။

မိုဘိုင်းလ်ဖုန်းအတွက်ဆော့ဖ်ဝဲငယ် (apps) များ
မိုဘိုင်းလ်ဖုန်းများအတွက် GPS စနစ်ပါရှိပြီး ဖြစ်ပေမဲ့ အဲဒီအတွက် သက်ဆိုင်ရာ ဆော့ဖ်ဝဲ (apps)လိုပါတယ်။ ဖော်ပြပါ apps များကို ဘယ် လိုနေရာမှာ သုံးတယ်ဆိုတာ ကျွန်တော်မသိပေ မဲ့ စာဖတ်သူများ သိထားရအောင် ဖော်ပြပေး လိုပါတယ်။ အဲဒါတွေကတော့ Google Maps for mobile (Java, Android), Moovit (iOS, Android), OsmAnd (Android), Ovi Maps (Symbian OS S60, Maemo), BlackBerry Maps (BlackBerry OS), Tracker for Android (Android) တို့ ဖြစ်ပါတယ်။ ဒါတွေက အခမဲ့ ဒေါင်းလုတ်ချယူ သုံးနိုင်တဲ့ ဆော့ဖ်ဝဲတွေပါ။ iGO (iOSm Windows Mobile, Android) ကတော့ အခပေး သုံးရပါမယ်။
နောက် extension .apk apps များမှာ Compass.apk, GPS Grid Reference v2.7.apk, GPS Traveler.apk, Marine compass.apk, Maverick Pro v1.75.apk, Maverick_Like_1.2.0.apk, MapDroyd.apk (Offline GPS), Run.GPS Trainer UV Pro (2.3.6).apk, a2b - GPS (2.2.0).apk, AllSport GPS (3.0.54).apk, GPS Car Park (3.1).apk, GPS Speedo (2.1).apk, GPSSpeedometer-2.1 .apk, GPS_Status.apk, GPSies_1.4.7.apk တို့ ဖြစ်ကြပါတယ်။

HTG Explains: How GPS Actually Works ကို အခြေခံပြီး ရေးသားပါတယ်။
Credit: Computer Journal