Microsoft
ကော်ပိုရေးရှင်းသည် ၎င်းတို့၏ ကွန်ပျူတာ OS အသစ်ဖြစ်သည့် Windows 10 နှင့် ပတ်သက်ပြီး
အချက်အလက်များ ပထမဆုံးအကြိမ် သတင်းထုတ်ပြန် ကြေညာခဲ့သည်။
Microsoft
၏ နောက်ဆုံးထုတ် OS မှာ Windows 8 ဖြစ်သော်လည်း အံ့ဩဖွယ်ရာအဖြစ် အမည်ကို နံပါတ်တစ်ခုကျော်
သတ်မှတ်ကာ Windows 10 ကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ OS သည် တစ်ကိုယ်ရည် သုံး
PC ကွန်ပျူတာများအပြင် Microsoft က ထုတ်လုပ်ရောင်းချသည့် Xbox ဂိမ်းစက်များ၊
စမတ်ဖုန်းများတွင်ပါ အသုံးပြုနိုင်မည်ဟု ဆိုသည်။ OS နှင့် ကိုက်ညီမည့်
Applicationများကို စတိုးတစ်ခုတည်းတွင် ရောင်းချ သွားမည်ဟုလည်း သိရသည်။
Windows
8 စနစ်တွင် ပယ်ဖျက်ခဲ့သဖြင့် ဝေဖန်မှုများ ကြုံခဲ့ရသည့် Start Menu ခလုတ်သည်လည်း
Windows 10 တွင် တစ်ကျော့ပြန် ပါဝင်လာသည်။ Windows 8 တွင် PC နှင့် Tablet များ၌
Touch စနစ်ဖြင့် ထိတွေ့ သုံးစွဲနိုင်သည့် Feature များကိုလည်း Windows 10 ၌
ပြန်လည် ထည့်သွင်းပေးထားကြောင်း Microsoft က ဆိုသည်။ Windows 7 နှင့် Windows 8
သုံးစွဲဖူးသူများအတွက် Windows 10 မှ Software များသည် ရင်းနှီးကျွမ်းဝင်ပြီး
ဖြစ်နေစေမည် ဟုလည်း သိရသည်။
Windows
8 ကို ထုတ်လုပ်ရောင်းချစဉ်က ယခင် Windows မျိုးဆက်ဟောင်းများနှင့် အလွန်အကျွံ
ခြားနား သွားခြင်းကြောင့် ဝေဖန်မှုများ ခံခဲ့ရသည်။ အထူးသဖြင့် Start Menu ခလုတ်ကို
ဖယ်ရှားလိုက်ခြင်းအပေါ် Windows သုံးစွဲသူ အများစုက မနှစ်မြို့ခဲ့ကြချေ။
Microsoft
သည် Windows 8 က အသုံးပြုသူများကို ဆွဲဆောင်နိုင်မှု မရှိခဲ့သည့် အားနည်းချက်ကို
Windows 10 ဖြင့် ပြန်လည်ပြင်ဆင်ရန်လည်း မျှော်လင့်ထားသည်။ PC ကွန်ပျူတာများတွင်
Windows 8 နှင့် 8.1တို့အနက် တစ်ခုခုကို အသုံးပြုနေသူ (၁၃.၄)ရာခိုင်နှုန်းသာ
ရှိကြောင်း သုတေသန ဌာနတစ်ခုဖြစ်သည့် NetMarketShare က ဆိုသည်။ ထိုအချိန်တွင်
Windows စနစ် အဟောင်းများဖြစ်သည့် Windows 7 ကို အသုံးပြုနေမှု
(၅၁.၂)ရာခိုင်နှုန်းနှင့် Windows XP ကို အသုံးပြုနေမှု (၂၃.၉)ရာခိုင်နှုန်း
ရှိနေကြောင်း သိရသည်။
7 Day Daily

No comments:
Post a Comment