Thursday, October 9, 2014

ကမ္ဘာကြီးကို အပြောင်းအလဲ ဖြစ်စေမယ့် သရီးဒီ ပုံနှိပ်နည်းပညာ



တစ်ခေတ်တစ်ခါက ရေနွေးငွေ့ အင်ဂျင် စက်နဲ့ ကြေးနန်းရိုက်တဲ့ တယ်လီဂရပ်ဖ် စက် တွေက ကမ္ဘာ့လုပ်ငန်း နယ်ပယ်အသီးသီးကို အပြောင်းအလဲတွေ ဖြစ်စေခဲ့သလို အခု လူ ပြောများစ ပြုလာတဲ့ 3D printing technology သရီးဒီ ပုံနှိပ်နည်း ပညာဟာလည်း ခေတ်သစ် စက်မှုတော်လှန်ရေး အသစ်တစ်ခု ဖြစ်လာလိမ့် မယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ဆိုကြပါ တယ်။
နည်းပညာနဲ့ အကျွမ်းတဝင် မရှိတဲ့သူတွေ ကတော့ သရီးဒီ ပရင်တာဆိုတာ စိတ်ကူးယဉ် သိပ္ပံ ဇာတ်ကားထဲကလို ခလုတ်ကလေးတစ် ချက် နှိပ်လိုက်ရုံနဲ့ မူလစီစဉ်ထားတဲ့ ပုံသဏ္ဌာန် အတိုင်း တစ်သဝေမတိမ်း တူတဲ့ပစ္စည်း ထွက် လာတာပဲလို့ ထင်ပါလိမ့်မယ်။ ထင်မယ်ဆိုလည်း ထင်စရာပါပဲ။ သရီးဒီ ပုံနှိပ်နည်းပညာဟာ သာ မန်လူတွေအတွက် မယုံနိုင်လောက်အောင် ထူး ခြားတဲ့ ကုန်ထုတ်လုပ်မှု နည်းစနစ်တစ်ခု ဖြစ်နေ ပါတယ်။
ဘယ်လိုပဲ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ် စေ သရီးဒီ ပရင့်တင်း နည်းပညာကတော့ ကနေ့ ခေတ်မှာ တကယ်ရှိနေပါပြီ။ 3D printing နည်း ပညာဟာ လက်တွေ့ စမ်းသပ်ခန်းတွေကနေ ထူးထူးခြားခြား ပေါ်ထွက်လာတဲ့ ရလဒ်ဖြစ်ပြီး တစ်ဆင့်ထက်တစ်ဆင့် ပိုမို ဆန်းသစ် ကောင်း မွန်တဲ့ နည်းစနစ်တွေကို မြန်မြန်ဆန်ဆန် တီ ထွင် လာနိုင်တာလည်း တွေ့ရပါတယ်။ ဒါ့အပြင် သရီးဒီ ပုံနှိပ်နည်းစနစ်ဟာ စီးပွားရေး အခွင့် အလမ်းကောင်းတွေ ဖြစ်ထွန်းနိုင်တဲ့ လုပ်ငန်း တစ်ခုအနေနဲ့ ကြီးမားကျယ်ပြန့်တဲ့ ဈေးကွက်ကြီး တစ်ခုဆီကို ဦးတည်နေပါတယ်။
လောလောဆယ် အဟန့်အတား ဖြစ်နေ တာက ကနေ့ခေတ် နည်းပညာတွေမှာ ဘောင် ခတ်ထားတဲ့ ကန့်သတ်ချက်တွေ ရှိနေခြင်းပါပဲ။ ဒါပေမဲ့ လာမယ့် ၁ဝ နှစ်ကနေ အနှစ် ၂ဝ အတွင်း နည်းပညာ တော်လှန်ရေး တစ်ခုအနေနဲ့ သရီးဒီ ပုံနှိပ်နည်းပညာက လူတိုင်း သုံးစွဲနိုင်မယ်လို့ မျှော် လင့်ရပါတယ်။ သရီးဒီ ပုံနှိပ်နည်းပညာဟာ သမားရိုးကျ နှစ်ဖက်မြင် တူးဒီ ပုံနှိပ်နည်းပညာက နေ စက်ကိရိယာ တန်ဆာပလာ နယ်ပယ် အထိ ကဏ္ဍပေါင်းစုံက သဘောတရား ယူဆချက်တွေ ကို အခြေပြုထားပါတယ်။
သရီးဒီ ပုံနှိပ်နည်းပညာရဲ့ အလုပ်လုပ်ပုံကို အများနားလည်လွယ်အောင် ပြောရမယ်ဆိုရင် ပထမဆုံး ကွန်ပျူတာကနေ ပုံကြမ်းတစ်ခုကို ရေးဆွဲလို့ပဲဖြစ်ဖြစ်၊ တကယ့် အရာဝတ္ထုတစ်ခုကို scan ဖတ်လို့ပဲဖြစ်ဖြစ် သရီးဒီ ဒစ်ဂျစ်တယ် ဒီဇိုင်းတစ်ခုကို ဖန်တီးရတယ်။ ပြီးမှ တူးဒီ (နှစ် ဖက်မြင်ပုံရိပ်) အလွှာပါးကလေးတွေအဖြစ် ကွန်ပျူတာက ပိုင်းဖြတ်ပေးပြီး ပရင်တာထဲ ထည့်ပေးလိုက်တယ်။ ကွန်ပျူတာက အနုစိတ် ပိုင်းဖြတ်ပေးလိုက်တဲ့ မူလပစ္စည်းရဲ့ အလွှာပါး ကလေးတွေဟာ ပရင်တာထဲကို တစ်လွှာပြီးတစ် လွှာ ကျဆင်းသွားပြီး မူလပစ္စည်းနဲ့တူတဲ့ ရုပ်ဝတ္ထု တစ်ခုအဖြစ် တည်ဆောက် ဖြစ်ပေါ်လာတာ ဖြစ် ပါတယ်။ သရီးဒီ ပရင်တာက ထွက်ရှိလာတဲ့ ကုန်ပစ္စည်းဟာ ကွန်ပျူတာက ပရိုဂရမ်သွင်းထား တဲ့အတိုင်း အပျော့၊ အမာ အနေအထား၊ အသား အနုအကြမ်း ပုံစံအမျိုးမျိုးနဲ့ ထွက်ရှိလာမှာ ဖြစ်ပါ တယ်။ ပုံနှိပ်ပစ္စည်းထဲမှာ လှုပ်ရှားနေတဲ့ အစိတ် အပိုင်း ရှိရင်တောင် ဖန်တီး ပုံဖော် ပေးနိုင်တယ် လို့ ဆိုတယ်။
ကမ္ဘာ့ဥပဒေ အကျိုးဆောင် ကုမ္ပဏီဖြစ်တဲ့ DLA Piper ရဲ့ နည်းပညာ ကျွမ်းကျင်သူ ဆီမွန် ဂျုံးက "သီအိုရီအရ ပြောရရင် ကနေ့ခေတ် သုံးစွဲ နေတဲ့ ဘယ်လို ပစ္စည်းမျိုးကိုမဆို သရီးဒီ ပုံနှိပ် နည်းပညာက လုပ်ပေးနိုင်တယ်။ ဒီနည်းပညာက ကျွန်တော်တို့ သိရှိနားလည်ထားတဲ့ ကုန်ထုတ် လုပ်မှု နည်းစနစ်ကို အပြောင်းအလဲ ဖြစ်သွားစေ နိုင်ပါတယ်" လို့ ဆိုပါတယ်။
သရီးဒီ ပုံနှိပ်နည်းပညာနဲ့ ပတ်သက်လို့ ရရှိ နိုင်တဲ့ အကျိုးအမြတ်တစ်ခုက လူမှုပတ်ဝန်းကျင် ဂေဟစနစ်မှာ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ ရင် လိုအပ်တဲ့ နေရာတွေမှာ သရီးဒီ ပုံနှိပ်နည်း ပညာနဲ့ ပြန်လည် ဖြည့်ဆည်းပေးနိုင်တာပါပဲ။ ဒီ နည်းပညာဟာ ရှိပြီးသား အရာတွေကို ပုံတူကူး ထားထက် အများကြီး ပိုအသုံးဝင်တဲ့ ကုန်ထုတ် လုပ်မှု လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်တယ်။ ပြော ရမယ်ဆိုရင် ဒီနည်းပညာကနေ လက်ရှိ ရှိပြီး သား ကုန်ထုတ်မှု နည်းစနစ်တွေက မရနိုင်တဲ့ အခွင့် အလမ်းတွေကိုတောင် ဖြည့်ဆည်း ပေး နိုင်ပါတယ်။
ဒီအချက်ကို သိသာ ထင်ရှားအောင် ပြောရ ရင် အရိုးကျိုးသွားတဲ့ လူနာတစ်ယောက်အတွက် သရီးဒီ ပရင်တာကနေ သူ့ရဲ့ ကိုယ်ခန္ဓာ တည် ဆောက်ပုံနဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် လိုအပ်တဲ့ ပစ္စည်းမျိုးကို လုပ်ပေးနိုင်တယ်။ ကျိုးသွားတဲ့ အရိုးကို ပြန်ဆက်ပေးနိုင်တဲ့ မူလီလို ပစ္စည်းမျိုး ကို လူတစ်ယောက်ချင်းစီအတွက် သရီးဒီ ပရင် တာတွေကသာ လုပ်ပေးနိုင်တာ ဖြစ်ပါတယ်။
တကယ်တော့ ဒီနည်းပညာဟာ လူတွေ ထင်ထားတာထက် စောပြီး ပေါ်ခဲ့တာပါ။ ပထမ ဆုံး စီးပွားဖြစ် ဈေးကွက်တင် ရောင်းနိုင်ခဲ့တဲ့ ရုပ် လုံးကြွ ပုံနှိပ်စာ stereo-Lithography ကို ၁၉၉၄ ခုနှစ်မှာ တီထွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဖြည်းဖြည်း ချင်း လူသိများလာဖို့ အတော်ကြာအောင် အချိန် ယူခဲ့ရတယ်။
"ရိုးရိုးသားသား ပြောရရင် သရီးဒီ ပုံနှိပ် စနစ်ကို တွင်တွင်ကျယ်ကျယ် လူသုံးများလာဖို့က နည်းနည်း အလှမ်းဝေးနေပါသေးတယ်။ ဒါပေမဲ့ အပြောင်းအလဲ ဖြစ်လာမယ့် လက္ခဏာတွေ တော့ ရှိနေပါပြီ"လို့ Prevue-Medical ဆေး ကုမ္ပဏီက ပညာရှင်တစ်ဦးက ဆိုပါတယ်။ Prevue-Medical ကုမ္ပဏီဟာ ဆေးပညာဆိုင်ရာ သရီးဒီ ဒေတာတွေကနေ လိုအပ်တဲ့ နမူနာပုံစံ တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီပါ။ ကျွမ်းကျင်သူ ပညာရှင်တွေကတော့ အွန်လိုင်း သရီးဒီ ပုံနှိပ် ဆားဗစ်ကိုသုံးဖို့ရာမှာ စံသတ်မှတ်ချက်တွေ ရှိဖို့ လိုအပ် နေသေးတယ်လို့ ဆိုကြပါတယ်။ ဒါ့ အပြင် လောလောဆယ်အချိန်မှာ ပရင်တာ အတွက် ကုန်ကျစရိတ်တွေကလည်း များနေပါ သေးတယ်။
မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် က "Fabrication Laboratories" (အတိုကောက် "Fablabs") လို့ခေါ်တဲ့ နည်းစနစ်တစ်ခုကို သုံး ပြီး အခြေခံ လူတန်းစားတွေ သုံးနိုင်တဲ့ သရီးဒီ ပုံနှိပ်စက် တစ်မျိုးကို တီထွင်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ ထုတ်လုပ်တဲ့ ပုံနှိပ်စက်က ဈေး ကွက်ထဲကို အနည်းငယ်မျှသာ ရောက်ရှိခဲ့ပြီး အိမ်တွင်းမှု လုပ်ငန်းအနေနဲ့ ထုတ်လုပ်လိုသူ တွေ လက်လှမ်းမမီတဲ့ ဈေးနှုန်းတွေ ဖြစ်ခဲ့တယ်။
ဒါပေမဲ့ သရီးဒီ ပုံနှိပ်ပရင်တာတွေဟာ ကွန် ပျူတာနဲ့ စီစဉ် ဖန်တီးရတဲ့ နည်းပညာဖြစ်တာ ကြောင့် အချိန်ကြာလာတာနဲ့အမျှ ကုန်ကျစရိတ် ကျဆင်းလာပြီး နည်းပညာပိုင်း တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ မျှော်မှန်းနိုင်ပါတယ်။ စက်မှု လုပ်ငန်းသုံး အဆင့်မှာတော့ သရီးဒီ ပုံနှိပ်နည်း ပညာက လက်ရှိ သမားရိုးကျ နည်းစနစ်တွေကို လွှဲပြောင်း နေရာယူသွားမယ့် အခြေအနေ မရှိ သေးပါဘူး။ ဖြစ်နိုင်တာ တစ်ခုက ရှိပြီးသား နည်း စနစ်တွေနဲ့ အတူယှဉ်တွဲရင်းနဲ့သာ သရီးဒီ ပုံနှိပ် စက်တွေကို သုံးလာနိုင်ပါတယ်။ တချို့သော ထုတ်ကုန်ပစ္စည်းတွေရဲ့ ထုတ်လုပ်မှု လုပ်ငန်း တွေကို အကျိုးသက်ရောက်မှုလည်း ရှိလာနိုင် ပါတယ်။
ဘဝင်မကျစရာ မေးခွန်းများ
ဒီနည်းပညာနဲ့ ပတ်သက်လို့ နယ်ပယ်ကဏ္ဍ ပေါင်းစုံမှာ ဘဝင်မကျတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဥပမာအားဖြင့် မော် တော်ကား ထုတ်လုပ်တဲ့ သူတစ်ယောက်ဟာ သူ နဲ့အမျိုးတူ ပြိုင်ဘက်ကုမ္ပဏီ တစ်ခုရဲ့ စက် ပစ္စည်း အစိတ်အပိုင်းတွေကို သရီးဒီ ပုံနှိပ်စက်နဲ့ ထုတ်လုပ်မယ်ဆိုရင် ဥပဒေအရ ခွင့်ပြုမှာလား။ ဒါမှမဟုတ် တရားဝင် ခွင့်ပြုချက် လိုင်စင်နဲ့ထုတ်
လုပ်တဲ့ ပစ္စည်းတွေကို သရီးဒီနည်းနဲ့ ထုတ်ပေး နိုင်ရင် အဲဒီပစ္စည်းရဲ့ အရည်အသွေးက အာမခံ ချက် ရှိနိုင်ပါ့မလား"။ စတဲ့ မေးခွန်းတွေက ဘဝင် မကျစရာ ဖြစ်လာပါတယ်။
ဉာဏပစ္စည်း မူပိုင်ခွင့်ကို ရှေ့တန်းတင်ကြ တဲ့ သူတွေကလည်း "ကိုယ့်မှာရှိပြီးသား ပစ္စည်း တစ်ခုခုကို အစားထိုး လဲလှယ်ဖို့အတွက် တရား မျှတတဲ့ ထုတ်လုပ်မှုဖြစ်အောင် လုပ်ပိုင်ခွင့်တွေ ပေးကြမှာလား။ သရီးဒီပစ္စည်း ထုတ်လုပ်တဲ့ ဒီဇိုင်နာတွေက သူတို့အချင်းချင်း လက်တို့ သတင်းပေးပြီး file-sharing တွေ လုပ်ရင် ဘယ် လို ကာကွယ်ကြမလဲ။ အွန်လိုင်းကနေ သီချင်း တွေ ကူးသလို သရီးဒီ နည်းစနစ်တွေကို ဝိုင်းကူး  ကြရင် မခက်ပါလား" ဆိုပြီး ပြဿနာ ရှာကြပြန် ပါတယ်။
DLA Piper ဥပဒေ ကုမ္ပဏီက ဆီမွန်ဂျုံးက "ဒီနည်းပညာကြောင့် စီးပွားကုန်သွယ်မှုပိုင်းမှာ ထိခိုက်မှုတွေ ရှိလာမှာကိုတော့ သတိထားရမှာ  ဖြစ်ပါတယ်။ သရီးဒီ ပုံနှိပ်စက်တွေကိုသာ သင့် တင့်လျောက်ပတ်တဲ့ ကုန်ကျစရိတ်နဲ့ ရနိုင်ပြီဆို ရင် ထိခိုက်မှုတွေကို တားဆီးဖို့ ပိုပြီး ခက်ခဲလာ နိုင်ပါတယ်"လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ကမ္ဘာ့ ဉာဏပစ္စည်း မူပိုင်ခွင့် အဖွဲ့ကြီးရဲ့ အကြီးအကဲ ဖရင့်ဂါရီက "ကမ္ဘာတစ်ဝန်း လုပ်ကိုင်နေတဲ့ သရီးဒီ ပုံနှိပ်လုပ်ငန်းဟာ ၂ဝ၁၅ ခုနှစ်ရောက်ရင် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ ပမာဏအထိ ရှိလာလိမ့်မယ်လို့ ခန့်မှန်း ထားတယ်။ နှိုင်းယှဉ်ကြည့်ရင် မနှစ်က ကမ္ဘာ့ ကုန်ပစ္စည်း တင်ပို့မှုက ဒေါ်လာ ၁၈ ဒသမ ၃ ထရီလီယံ ရှိခဲ့ပြီး ကုန်သွယ်ရေး ဝန်ဆောင်မှုက ဒေါ်လာ ၄ ဒသမ ၃ ထရီလီယံ ရှိခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ပမာဏ သေးငယ်နေပေမဲ့ သရီးဒီ ပုံနှိပ်လုပ်ငန်း ဟာ အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်ဖို့ မျှော်မှန်းထားကြပါတယ်။

Credit: Computer Journal
3D Printing Is A  New Industrial Revolution. ကို ဆီလျော်အောင် ပြန်ဆိုရေးသားသည်
(From- Channelnewsasia)

No comments:

Post a Comment