Saturday, October 4, 2014

malvertisement

Malvertisement ဆိုသည်မှာ ကြည့်ရှုသူ၏ ကွန်ပျူတာထံ malware ကူးစက်နိုင်စေသည့် အင်တာနက်ပေါ်မှာ ကြော်ငြာတစ်ခုကို ခေါ်ဆိုခြင်း ဖြစ်သည်။

ထိန်းချုပ်ခံထားရသည့် ကွန်ပျူတာများသည် စွမ်းအားပြင်းထန်သည့် botnet များ အဖြစ် အသုံးပြုနိုင်သောကြောင့် identity ခိုးယူခံရခြင်းနှင့် အခြားသော တရားမဝင် လုပ်ဆောင်ချက်များ ပြုလုပ်ခြင်းတို့အတွက် အသုံးချခံရနိုင်သည်။ Malvertisement တိုက်ခိုက်မှုသည် third-party ကြော်ငြာများရှိသည့် ဝက်ဘ်ဆိုက်များမှ ဖြစ်ပေါ်နိုင်သည်။ Malvertisement သည် ဝက်ဘ်ဆိုက် တစ်ခုပေါ်တွင် အောက်ဖော်ပြပါ နည်းလမ်းနှစ်ခုမှ တစ်ခုဖြင့် ရောက်ရှိနိုင်သည်။

တရားဝင်ကြော်ငြာများ -- ဒုစရိုက်သမား တစ်ဦးသည် malware မပါသည့် ကြော်ငြာများကို third-party ကြော်ငြာများ လက်ခံသည့် ယုံကြည်ရသည့် ဆိုက်တစ်ခုပေါ်တွင် လပေါင်းများစွာ တင်ထားကာ ယုံကြည်မှု ရယူသည်။ ထို့နောက်တွင် အဆိုပါ ဒုစရိုက်သမားသည် ကြော်ငြာအတွင်းသို့ အန္တရာယ်ရှိသည့် malware များ ထည့်သွင်းသည်။ အဆိုပါ malware များသည် အန္တရာယ်ရှိသည့် code များ မဖယ်ရှားသရွေ့ သို့မဟုတ် ကြော်ငြာကို မဖယ်ရှားသရွေ့ ကွန်ပျူတာများထံသို့ အချိန်တိုအတွင်း ပျံ့နှံ့စေသည်။

Pop-up ကြော်ငြာများ -- Pop-up ကြော်ငြာတစ်ခုသည် ကြည့်ရှုသူ၏ screen ပေါ်တွင် ကြော်ငြာ ပေါ်လာ သည်နှင့် အန္တရာယ်ရှိသည့် malware တစ်ခုကို လွှဲပြောင်းပေးနိုင်သည်။ Anti-virus application တစ်ခုအသွင် ဟန်ဆောင်နိုင်သည့် Scareware သည် pop-up ကြော်ငြာများမှ တစ်ဆင့် ကူးစက်ပျံ့နှံ့သည်။ အချို့သော အခြေအနေများတွင် ကြည့်ရှုသူက pop-up window ရှိ X ခလုတ်ကို နှိပ်ခြင်းဖြင့် malware ကို စတင်ကူးစက်ပျံ့နှံ့စေသည်။

Malvertising သည် အလွန်ပျံ့နှံ့နေသောကြောင့် သုံးစွဲသူများအနေဖြင့် pop-up ကြော်ငြာအားလုံးကို block ပြုလုပ်ရန်နှင့် အတည်ပြုထားသည့် ပရိုဂရမ်များသာ ကွန်ပျူတာပေါ်တွင် အသုံးပြုနိုင်စေမည့် application whitelist တစ်ခုကို ဖန်တီးရန် လုံခြုံရေးပညာရှင်များက အကြံပြုထားသည်။

No comments:

Post a Comment