Thursday, October 9, 2014

ဖျက်လိုက်တဲ့ ဖိုင်တွေကို ဘာ့ကြောင့် ပြန်ဆယ်ထုတ်နိုင်တာလဲ၊ ဒါဆိုရင် ဘယ်လို ကာကွယ်မလဲ။


မှတ်ချက်
ဖျက်မိတဲ့ ဖိုင်အချက်အလက်တွေကို recover ပြန် လုပ်ချင်ရင် ဟာ့ဒ်ဒစ်မှာ တခြား အလုပ်တွေ မလုပ်ခင်၊ ဒါမှ မဟုတ် အချက်အလက် အပြောင်းအရွှေ့ မလုပ်ခင် အမြန် ပြန်ဆယ်ရပါမယ်။ အထက်မှာ ရေးထားသလို နေရာ (sectors) တွေကို နေရာလွတ် (space) လို့ သတ်မှတ်တဲ့အတွက် နောက်ထပ် ဝင်ရောက်လာတဲ့ ဖိုင်အချက်အလက်များက နေရာဝင်ယူပါလိမ့်မယ်။ ဒါဆိုရင် ဖျက်မိတဲ့ ဖိုင်အချက် အလက်တွေကို ပြန်ရဖို့ ပိုပြီး ခက်ခဲသွားပါလိမ့်မယ်။
ဒါပေမဲ့ ဝင်းဒိုးစ်စနစ်ကနေ အဲဒီ အချက်အလက် အဟောင်းတွေရှိနေတဲ့ sector နေရာများအပေါ် အချက် အလက်အသစ်တွေ ဖုံးအုပ် ရေးလိုက်ပေမဲ့ အချက်အလက် အဟောင်းတွေကို ပြန်ဖော်ထုတ်နိုင်သေးတယ်လို့ ဆိုပြန်ပါ တယ်။ အချို့သော ‘file recovery’ ဆော့ဖ်ဝဲတွေက ဘယ် နည်းနဲ့ ဖျက်ဖျက်၊ အဲဒီဖျက်လိုက်တဲ့ ဖိုင်တွေကို ပြန်ဖော် ထုတ်နိုင်လောက်အောင် အစွမ်း ရှိကြပါတယ်။ တချို့ ဆော့ဖ်ဝဲက (overwritten) ဖုံးအုပ်ရေးလိုက်တဲ့ အပိုင်းက လွတ်နေတဲ့ အစိတ်အပိုင်း နေရာတွေရဲ့ ဖိုင်အဟောင်းတွေ ကို ရွေးချယ်ပြီး ပြန်ဖော်ထုတ်ပေးနိုင်ပါတယ်။
မှတ်ရန်မှာ
အထက်ဖော်ပြပါ အချက်တွေကို solid-state drives (SSDs) တွေနဲ့ တော့ မသက်ဆိုင်ပါ။ ဘာကြောင့်လဲဆိုတော့ SSDs တည်ဆောက်ပုံနဲ့ ဟာ့ဒ်ဒစ် (HDD) တည်ဆောက် ပုံက လုံးဝ မတူလို့ ဖြစ်ပါတယ်။


သင့်အနေနဲ့ ဖိုင်တစ်ဖိုင်ကို delete လုပ်ပြီး ဖျက်လိုက်တယ် ဆိုပါတော့။ တကယ် တော့ အဲဒီဖိုင်က အပြီး ပျက်မသွားသေးပါ။ သင့်ကွန်ပျူတာက ဟာ့ဒ်ဒစ်မှာ ရှိနေ ဆဲ ဖြစ်ပါတယ်။ တချို့က အမှိုက်ပုံး (Recycle Bin) ကို သွန်လိုက်ရင် ဘာမှ မရှိ တော့ဘူးလို့လည်း ထင်ကြပါတယ်။ ဒါလည်း ဟာ့ဒ်ဒစ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီ ဖျက်လိုက်တယ်ဆိုတဲ့ ဖိုင်အချက်အလက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြန် ဆယ်ယူနိုင်ပါတယ်။
ဒါများ ဘာအရေးကြီးလို့လည်း မေးကြပါတယ်။ သင့် ရဲ့ အိမ်သုံး ကွန်ပျူတာအတွက်တော့ အရေးကြီးချင်မှ ကြီး မှာပါ။ ဒါပေမဲ့ အစိုးရလုပ်ငန်း၊ ကုမ္ပဏီတွေ၊ သုတေသန ဌာန၊ စစ်ရေးနဲ့သက်ဆိုင်တဲ့ဌာနစတဲ့ စာရင်းဇယားအချက် အလက်တွေကို အလွန် လျှို့ဝှက် သိမ်းဆည်းရတဲ့ လုပ် ငန်းများအတွက် သူတို့ရဲ့ ကွန်ပျူတာကတစ်ဆင့် မပေါက် ကြားဖို့ရာ ထိန်းသိမ်းရပါတယ်။ အခု ကွန်ပျူတာခေတ်မှာ ကွန်ပျူတာတစ်လုံး ပျက်သွားရင် ပစ်စလက်ခတ် လွှင့်ပစ် လို့ မရတော့ပါ။ အထူးသဖြင့် ဟာ့ဒ်ဒစ်မှာ ဘာဖိုင်မှ မရှိ တော့ဘူးဆိုပြီး အပြင်ဆိုင်ကို ပို့လို့ မဖြစ်ပါ။ အဲဒီ အချက် အလက် (ဖိုင်) တွေကို ပြန်ဆယ်ထုတ်လို့ ရပါတယ်။

ဖိုင်တစ်ဖိုင်ကို ဖျက်လိုက်တဲ့အခါ ဘယ်လို ဖြစ်သွားသလဲ
Windows ဒါမှမဟုတ် တခြား operating system များဟာ ဟာ့ဒ်ဒစ်ပေါ်က ဖိုင်တွေရှိနေတဲ့ လမ်းကြောင်းကို သိထားကြပါတယ်။ အထူးသဖြင့် ဖတ်တံကနေ အီလက် ထရွန်နစ် တုံ့ပြန်မှုနဲ့ ဖိုင်တွေတည်ရှိတဲ့ လမ်းကြောင်းကို ခြေရာခံနိုင်တာပါ။ အဲဒီလို ခြေရာခံနိုင်ဖို့ကို ပွိုင်တာ (pointers) လို့ခေါ်တဲ့ အမှတ်အသားတွေ ပြုလုပ်ထားရပါတယ်။
သင့်ဟာ့ဒ်ဒစ်က ဖိုင်နဲ့ ဖိုလ်ဒါတိုင်းမှာ ပွိုင်တာ (pointer) တစ်ခုစီ ရှိပါတယ်။ ပွိုင်တာ (pointer) လို့ခေါ်တဲ့ အမှတ် အသားတစ်ခုစီကနေ ဖိုင်ရဲ့ အချက်အလက်တွေ ဘယ် နေရာက စတယ်၊ ဘယ်နေရာမှာ အဆုံးသတ်တယ်ဆိုတာ ဝင်းဒိုးစ်စနစ်ကို အကြောင်းကြားပါတယ်။
သင့်အနေနဲ့ ဖိုင်တစ်ဖိုင်ကို delete လုပ် ဖျက်လိုက်တဲ့ အခါ ဝင်းဒိုးစ်စနစ်က အဲဒီပွိုင်တာ (pointer) ကို ဖြုတ်လိုက် တာပါ။ တစ်နည်းအားဖြင့် ဖယ်ထုတ်လိုက်ပါတယ်။ ပြီးရင် အဲဒီဖိုင်က အချက်အလက်တွေ ပါဝင်တဲ့နေရာ (sectors) တွေကို ရနိုင်သလောက် အမှတ်အသား လုပ်ပေးလိုက်ပါ တယ်။ အမြင်အားဖြင့်တော့ ဖျက်လိုက်တဲ့ ဖိုင်အချက် အလက်တွေဟာ ဟာ့ဒ်ဒစ်မှာ မရှိတော့ဘူး ဆိုပါတော့။ စောစောက အမှတ်အသားလုပ်လိုက်တဲ့ နေရာ (sectors) တွေကိုလည်း နေရာလွတ်ဆိုပြီး သတ်မှတ်လိုက်ပါတယ်။




မှတ်ချက်
ဖျက်မိတဲ့ ဖိုင်အချက်အလက်တွေကို recover ပြန် လုပ်ချင်ရင် ဟာ့ဒ်ဒစ်မှာ တခြား အလုပ်တွေ မလုပ်ခင်၊ ဒါမှ မဟုတ် အချက်အလက် အပြောင်းအရွှေ့ မလုပ်ခင် အမြန် ပြန်ဆယ်ရပါမယ်။ အထက်မှာ ရေးထားသလို နေရာ (sectors) တွေကို နေရာလွတ် (space) လို့ သတ်မှတ်တဲ့အတွက် နောက်ထပ် ဝင်ရောက်လာတဲ့ ဖိုင်အချက်အလက်များက နေရာဝင်ယူပါလိမ့်မယ်။ ဒါဆိုရင် ဖျက်မိတဲ့ ဖိုင်အချက် အလက်တွေကို ပြန်ရဖို့ ပိုပြီး ခက်ခဲသွားပါလိမ့်မယ်။
ဒါပေမဲ့ ဝင်းဒိုးစ်စနစ်ကနေ အဲဒီ အချက်အလက် အဟောင်းတွေရှိနေတဲ့ sector နေရာများအပေါ် အချက် အလက်အသစ်တွေ ဖုံးအုပ် ရေးလိုက်ပေမဲ့ အချက်အလက် အဟောင်းတွေကို ပြန်ဖော်ထုတ်နိုင်သေးတယ်လို့ ဆိုပြန်ပါ တယ်။ အချို့သော ‘file recovery’ ဆော့ဖ်ဝဲတွေက ဘယ် နည်းနဲ့ ဖျက်ဖျက်၊ အဲဒီဖျက်လိုက်တဲ့ ဖိုင်တွေကို ပြန်ဖော် ထုတ်နိုင်လောက်အောင် အစွမ်း ရှိကြပါတယ်။ တချို့ ဆော့ဖ်ဝဲက (overwritten) ဖုံးအုပ်ရေးလိုက်တဲ့ အပိုင်းက လွတ်နေတဲ့ အစိတ်အပိုင်း နေရာတွေရဲ့ ဖိုင်အဟောင်းတွေ ကို ရွေးချယ်ပြီး ပြန်ဖော်ထုတ်ပေးနိုင်ပါတယ်။
မှတ်ရန်မှာ
အထက်ဖော်ပြပါ အချက်တွေကို solid-state drives (SSDs) တွေနဲ့ တော့ မသက်ဆိုင်ပါ။ ဘာကြောင့်လဲဆိုတော့ SSDs တည်ဆောက်ပုံနဲ့ ဟာ့ဒ်ဒစ် (HDD) တည်ဆောက် ပုံက လုံးဝ မတူလို့ ဖြစ်ပါတယ်။


Delete လုပ်ဖျက်လိုက်တဲ့ ဖိုင်များသည် အမြန် မပျက်ပါ
သင် ‘Delete’ လုပ် ဖျက်လိုက်တဲ့ ဖိုင်များကို ကွန်ပျူ တာက ဘာကြောင့် မဖျက်တာလဲဆိုတာကို သင်စဉ်းစားနေ ပါသလား။ ရှင်းပါတယ်။ ဖိုင်တစ်ဖိုင်ကို ‘Delete’ လုပ်လိုက် တယ်ဆိုတာ အဲဒီဖိုင်ရဲ့အညွှန်း (pointer) ကိုပဲ ဖျက်ပြီး နေရာလွတ်တစ်ခုရအောင် ဖန်တီးလိုက်တာပါ။ တကယ် ဖျက်မှာက အဲဒီနေရာကို အစားဝင်တဲ့ အချက်အလက် (data) တွေက နေရာယူ ဖုံးအုပ်လိုက်တာပါ။ ဥပမာအားဖြင့် သင်က 10GB အရွယ်အစားရှိတဲ့ ဖိုင်တစ်ဖိုင်ကို ဖျက် လိုက်တယ်ဆိုရင် စက္ကန့်ပိုင်းအတွင်း ဒါမှမဟုတ် ဖျတ်ကနဲ ပျောက်သွားတာကို တွေ့ရပါမယ်။ ဖိုင်အရွယ်အစားကြီးရင် အမှိုက်ပုံးထဲမှာတောင် မရှိတော့ပါ။ တကယ်သာ ဖျက်မယ် ဆိုရင် 10GB အတွက် မိနစ်များစွာ ကြာနိုင်ပါတယ်။ အခု မြန်တယ်ဆိုတာက ဟာ့ဒ်ဒစ်မှာ 10GB စာ နေရာတစ်ခုကို ပေးဖို့ အဆင်သင့် လုပ်လိုက်တာပါ။ အဲဒီဖျက်လိုက်တဲ့ ဖိုင်ကို ပြန်ဆယ်မယ် (recovery) ဆိုရင် ရနိုင်ပါသေးတယ်။
အခုလို ဖျက်လိုက်တဲ့ဖိုင်ရဲ့ အညွှန်း (pointer) ကိုပဲ ဖျက်လိုက်ခြင်းဟာ ဝင်းဒိုးစ်စနစ်က အချိန်ကို သက်သာ အောင် လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ သင့်အနေနဲ့ ဖိုင် တစ်ဖိုင်လုံးကို ဖျက်စေချင်ရင် “file-shredding” tool လို သီးခြား လုပ်ဆောင်ချက် ဆော့ဖ်ဝဲတစ်ခုခုကို သုံးနိုင်ပါ တယ်။


Solid-State Drives အလုပ်လုပ်ပုံက သီးခြား ဖြစ်ပါတယ်
SSDs (Solid-State Drives) မှာ ဖိုင်များကို ဖျက် တယ်ဆိုတာက memory ကို ဖျက်ခြင်း ဖြစ်ပါတယ်။ ဖျက် လိုက်တဲ့နေရာမှာ အချက်အလက် (data) အသစ်က အစားထိုး ဖုံးအုပ်ခြင်းမျိုး မဟုတ်ပါ။ တစ်နည်းအားဖြင့် SDs မှာ အချက်အလက်ဖိုင်တွေကို သိမ်းဖို့ရာ solid-state memory ကို အသုံးပြုပါတယ်။ ဟာ့ဒ်ဒစ်တွေမှာ လည်နေတဲ့ အချပ်ပြားမှာ သံလိုက်နည်းပညာနဲ့ အချက် အလက်များကို သိမ်းခြင်းဖြစ်ပြီး SSDs မှာ DDR RAM ဒါမှမဟုတ် Flash Memory လို့ခေါ်တဲ့ memory chips ကို သုံးပြီး အချက်အလက်များကို သိမ်းခြင်းဖြစ်ပါတယ်။
SSDs များ ပေါ်ခါစမှာ ဖျက်လိုက်တဲ့ အချက်အလက် ဖိုင်များကို ပြန်ဖော်မရနိုင်ဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ နည်းပညာ တိုးတက် မြင့်မားလာတာနဲ့အမျှ SSDs ကနေ ဖျက်လိုက်တဲ့ အချက်အလက်ဖိုင်များကို ပြန်ဖော်ထုတ်နိုင်ပါ တယ်။ ဥပမာ EaseUS Data Recovery ဖြစ်ပါတယ်။


Delete လုပ် ဖျက်လိုက်တဲ့ ဖိုင်များကို ပြန်ဆယ်ခြင်း
တကယ်လို့ သင်သည် ရုတ်တရက် ဖိုင်တစ်ဖိုင်ကို ဖျက်ပြီးခါမှ ပြန်လိုချင်တယ်ဆိုရင် နည်းလမ်းတွေ ရှိပါတယ်။
-     သင့်အနေနဲ့ ပြန်ဆယ်တဲ့ recover လုပ်ငန်းကို ချက်ချင်း ပြန်လုပ်သင့်ပါတယ်။
ဝင်းဒိုးစ်စနစ်က အဲဒီဟာ့ဒ်ဒစ်နေရာမှာ တစ်ခုခု မရေး ခင် ဒါမှမဟုတ် တခြားလုပ်ငန်းစဉ်တစ်ခု မလုပ်ခင် အချိန်မှာ recovery လုပ်ရမှာ ဖြစ်ပါတယ်။
-    အကောင်းဆုံးနည်းလမ်းက ဖိုင်တစ်ဖိုင်ကို ဖျက်မိပြီဆို တာနဲ့ ကွန်ပျူတာကို ဘာမှ ဆက်မသုံးတော့ဘဲ လုံးဝ ပိတ်လိုက်ပါ။ အဲဒီဟာ့ဒ်ဒစ်ကိုဖြုတ်ပြီး တခြား ကွန်ပျူ တာမှာ အရံအနေနဲ့တပ်က ဖျက်လိုက်တဲ့ဖိုင်ကို ပြန် ဆယ်ရမှာ ဖြစ်ပါတယ်။ ဒီနည်းက သင့်အတွက် အလုပ် ရှုပ်နိုင်ပေမဲ့ recovery အတွက် ပိုပြီး သေချာပါတယ်။
ဆိုလိုတာက မူလကွန်ပျူတာမှာ ဖိုင်ဆယ်တဲ့ recovery အလုပ်အတွက် file-recovery ဆော့ဖ်ဝဲကို တင်တဲ့ အခါ အဲဒီတင်တဲ့ အချက်အလက်တွေက ဖျက်လိုက်တဲ့ နေရာ (space) မှာ အစားဝင်သွားနိုင်ပါတယ်။
ဖျက်လိုက်တဲ့ ဖိုင်တွေအတွက် ပြန်ရှာပေးတဲ့ လုပ်ငန်း စဉ် (tool) ဟာ ဝင်းဒိုးစ်စနစ်မှာ မပါပါ။ အဲဒီအတွက် third-party tools လို့ခေါ်တဲ့ သီးခြားဆော့ဖ်ဝဲတစ်ခုခုကို သုံးရမှာ ဖြစ်ပါတယ်။ Recuva v1.43 (www.piriform.com/recuva) လို ဆော့ဖ်ဝဲက ဟာ့ဒ်ဒစ်မှာ ဖျက်လိုက်တဲ့ ဖိုင်တွေကို စကန်လုပ် ရှာပေးကာ ပြန်လည် ဖော်ထုတ်ပေးနိုင်ပါတယ်




ဖျက်လိုက်တဲ့ ဖိုင်ကို ပြန်ဆယ်မရအောင် ကာကွယ်ခြင်း
တကယ်လို့ သင့်ကွန်ပျူတာက အရေးကြီးတဲ့ အချက် အလက်ဖိုင်တွေကို မလိုအပ်လို့ ဖျက်ထားတယ်ဆိုပါတော့။ အဲဒီကွန်ပျူတာကိုလည်း တခြားတစ်နေရာကို ပို့မယ်၊ ဒါမှ မဟုတ် ရောင်းလိုက်မယ်ဆိုရင် သင့်ရဲ့ အရေးကြီးတဲ့ အချက်အလက်ဖိုင်တွေက ဟာ့ဒ်ဒစ်မှာရှိနေမှာ ဖြစ်ပါတယ်။ ဒါက သင့်အတွက် စိတ်ပူစရာကိစ္စလည်း ဖြစ်ပါတယ်။
သင့်အနေနဲ့ ဟာ့ဒ်ဒစ်က မလိုအပ်တဲ့ဖိုင်တွေကို တံမြက်စည်းလှဲပြီး ရှင်းသလို ရှင်းထုတ်နိုင်ပါတယ်။ အဲဒါက နေရာ (space) ပိုထွက်လာအောင် လုပ်တဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ ဥပမာ CCleaner နဲ့ အတူပါလာတဲ့ Drive Wiper tool ကို သုံးခြင်း ဖြစ်ပါတယ်။
နောက်အချက်က ဖိုင်ဖျက်ရာမှာ ဖိုင်ဆိုက်သေးသေး တစ်ဖိုင်ကိုပင် ပြန်ဆယ်လို့ မရအောင် ဖျက်ချင်တယ်ဆိုရင် ‘Eraser’ လို “file-shredding” ဆော့ဖ်ဝဲကိုသုံးပြီး ဖျက်ရပါ မယ်။ အဲဒီဆော့ဖ်ဝဲက ဖိုင်တစ်ဖိုင်ကို စက္ကူဖြဲသလို shred လုပ်တယ် ဒါမှမဟုတ် ခဲဖျက်နဲ့ ဖျက်သလို erase လုပ်ဖျက် တာမျိုးဆိုတာထက် အချက်အလက်တွေ ဖုံးအုပ်ပေးလိုက် တာလို့ ဆိုပါတယ်။ ပြန်ဆယ်လို့ မရအောင် ကာကွယ်ခြင်း လည်း ဖြစ်ပါတယ်။

ဒါတောင် သိပ်မသေချာသေးပါ။ အဲဒီဖိုင်ကို မဖျက်ခင် သင့်အနေနဲ့ copy လုပ်ထားရင်လည်း မူရင်းဖိုင် ပျက်သွား သည့်တိုင် ကော်ပီလုပ်လိုက်တဲ့ အရိပ်က ဟာ့ဒ်ဒစ်တစ် နေရာမှာ ကျန်ရှိနိုင်ပါတယ်။
မှတ်ရန်မှာ ဖျက်သမျှ ဖိုင်အားလုံးအတွက် “file-shredding” ဆော့ဖ်ဝဲကို သုံးမယ်ဆိုရင် ပုံမှန်ထက် အချိန် ကြာတတ်ပါတယ်။ အရေးကြီးတဲ့ ဖိုင်တွေကို ဖျက်တဲ့အခါ မှသာ သုံးသင့်ပါတယ်။
နောက်တစ်နည်းက DBAN (Darik’s Boot and Nuke) လို disk-wiping program မျိုးကို သုံးကြည့်ပါ။ သင်ဖျက်လိုက်တဲ့ အချက်အလက်ဖိုင်တွေကို ပြန်ဆယ် မရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းက ဟာ့ဒ်ဒစ်တစ်ခုလုံးကို ဖျက်ဖို့သာ ဖြစ်ပါတယ်။ DBAN (CD) ကို တင်တဲ့အခါ ၎င်းက boot ကနေ အလုပ်လုပ်မှာဖြစ်ပြီး ဟာ့ဒ်ဒစ်က operating system အပါအဝင် အချက်အလက် ဖိုင်အားလုံးကို ဖျက်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အရေးမပါတဲ့ အချက်အလက်တွေကို ဟာ့ဒ်ဒစ်မှာ အစား ထိုးမှာ ဖြစ်ပါတယ်။ ကွန်ပျူတာကို တခြားသူ တစ်ဦးဦးထံ ရောင်းမယ်၊ ပို့မယ်ဆိုရင် သုံးနိုင်ပါတယ်။


အချို့ ကွန်ပျူတာသမားတွေက “ဖျက်ချင်တဲ့နည်းနဲ့ ဖျက်၊ ဟာ့ဒ်ဒစ်က အချက်အလက် ဖိုင်တွေကို ပြန်ဖော်နိုင်တယ်” လို့ ဆိုပါတယ်။
ကျွန်တော်တို့ သိရသလောက် မသေချာပါ။ အကောင်းဆုံး recovery ဆော့ဖ်ဝဲတစ်ခုခုသုံးပြီး ပြန်ဖော် ရင်တောင် ဖျက်လိုက်တဲ့ အချက်အလက်ဖိုင်တွေကို အပြည့်အဝ မရတတ်ပါ။ အချို့်ဖိုင်များက ဖွင့်မရအောင် ဖြစ်နေတတ်ပါတယ်။
ဘာပဲဖြစ်ဖြစ် သင့်အနေနဲ့ ဘယ်လို အခြေအနေမျိုးမှာ ဖျက်လိုက်တဲ့ အချက်အလက်ဖိုင်တွေကို ပြန်ဆယ်နိုင်တယ် ဒါမှမဟုတ် ပြန်မဆယ်ထုတ်နိုင်ပါဆိုတာကို နားလည် သဘောပေါက်နိုင်ပါပြီ။
Credit: Computer Journal
HTG Explains: Why Deleted Files Can Be Recovered and How You Can Prevent It ကို ဆီလျော်အောင် ဘာသာပြန်သည်။

No comments:

Post a Comment