Sunday, October 5, 2014

ဆဲလ်ဖုန်းလောကရဲ့ပိုင်အိုးနီးယား

ဆဲလ်ဖုန်းလောကရဲ့ ကန့်လန့်ကာကို ပထမဆုံး ဖွင့်တင်ပေးခဲ့ပြီး ရေဒီယိုနဲ့ ဆက်သွယ်ရေးနည်း ပညာလောကမှာ အထင်ကရ ပိုင်အိုးနီးယားဖြစ်တဲ့ Motorola က ဒီ နေ့ ခေတ်စားနေတဲ့ ချပ်ဝတ်တန်ဆာ ကွန်ပျူတာ နယ်ပယ်ထဲမှာ ဆက်လက် ခေတ်မီနေကြောင်း မကြာသေးခင်က ကျင်းပပြီးစီးသွား ခဲ့တဲ့ ဂျာမနီနိုင်ငံဘာလင်မြို့ရဲ့ IFA 2014 မှာ ခေတ်မီထုတ်ကုန် များနဲ့ အတူ showdown လုပ်ပြီး သက်သေပြ သွားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၈၆ နှစ်က အမေရိ ကန်နိုင်ငံ ချီကာဂိုမြို့မှာ တည်ထောင်ခဲ့တဲ့ Galvin Manufacturing Corporation ကို ၁၉၃၀ ခုနှစ်မှာ Motorola လို့ အမည်ပြောင်း ပြီး ရေဒီယိုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ခဲ့တယ်။ ၁၉၄၀ ခုနှစ် ရောက်တဲ့အခါ ကမာပေါ်မှာ ပထမဆုံး Walkie talkie ဆိုတဲ့ ဆက်သွယ်ရေး ကိရိယာကို တီထွင်ပေးခဲ့တယ်။ Motorola ရဲ့ အ ဓိက ထုတ်ကုန်တွေက ဒီအချိန်တုန်း က တယ်လီဗီးရှင်းနဲ့ ရေဒီယိုတို့ ဖြစ်တယ်။ ၁၉၅၅ ခုနှစ်မှာ သုတေ သနနဲ့ဖွံ့ဖြိုးရေး လုပ်ငန်းကြီးကို အ ရီဇိုးနား နယ်ဖီးနစ်မြို့မှာ စတင် တည်ထောင်နိုင်ခဲ့တဲ့ အကျိုးအ ဆက်နဲ့ အတူ ကမာပေါ်မှာ ပါဝါ မြင့်မားလှတဲ့ ဂျာမေးနီးယမ်း အ ခြေပြု ထရန်စစ္စတာကို ပထမဆုံး ထုတ်လုပ်နိုင်ခဲ့သူ ဖြစ်ခဲ့တယ်။
၁၉၅၈ ခုနှစ် Explorer 1 အာကာသယာဉ်နဲ့ အတူ ပါဝင်စေ မယ့် ရေဒီယိုကိရိယာပစ္စည်းတွေ ကို Motorola ကပံ့ပိုးဆောင်ရွက် ခဲ့တာကလည်း သမိုင်းကြောင်းမှာ မှတ်ကျောက်တင်စရာ ဖြစ်သွားရ တယ်။ ၁၉၆၉ ခုနှစ် လပေါ်ကို ခြေ ချချိန်မှာ ပိုပြီးထင်ရှားကျော်ကြား တဲ့ ထုတ်လုပ်သူအဖြစ် ရပ်တည် နိုင်ခဲ့တယ်။ နောက်ပိုင်း ဆဲလ်ဖုန်း၊ လက်ပ်တော့၊ ကွန်ပျူတာပရိုဆက်ဆာ၊ ရေဒီယိုဆက်သွယ်ရေး ကိရိယာတွေ အပါအဝင် နည်းပ ညာသုံး ကိရိယာအမျိုးမျိုးကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီး အဖြစ် လူသိများတယ်။ ဆက်သွယ်ရေး ဖုန်းကတ် ထည့်နိုင်မယ့် slot ၂ ခု တပ်ဆင်ပါရှိတဲ့ Motorola RAZR မော်ဒယ်လိုင်းနဲ့ ၂၀၀၅ ခုနှစ်အတွင်း ဖုန်းအရေအတွက် သန်း ၁၂၀ အထိ ရောင်းချရတဲ့အတွက် နာမည်ကြီးသွားတာကိုလည်း မှတ်မိကြပါလိမ့်မယ်။
 အထူးကောက်နုတ်ပြစရာ ဂုဏ်သတင်းအများအပြား Motorola မှာ ရှိနေမှာ ဖြစ်တယ်။ "လူ တစ်ယောက်ရဲ့ ခြေတစ်လှမ်းက လူသားတို့အတွက် အလွန်ကြီး မားလှတဲ့ ခြေဆန့်နိုင်မှု တစ်ခုဖြစ်ခဲ့ပါပြီ" လို့ Arm Strong ကလပေါ်ကနေ Motorola ရဲ့ ဆက်သွယ်ရေး ကိရိယာကို အသုံးပြုပြီး ကမာကို သတင်းပို့ ပြောကြားခဲ့ကြောင်း မှတ်တမ်းပြုစုထားကြ တယ်။ ကမ္ဘာပေါ်မှာ အလွယ်တကူ သယ်ယူသွားနိုင်တဲ့ ပထမဆုံး မို ဘိုင်းဖုန်းဆိုတာကို ၁၉၇၃ ခုနှစ် မှာ Motorola က ထုတ်ပေးခဲ့ တယ်။ ကွန်ပျူတာစနစ်တွေ၊ မော် တော်ယာဉ်တွေမှာ အသုံးပြုနိုင် မယ့် 8 bits MC 6800 ဆိုတဲ့ ပရိုဆက်ဆာကို ၁၉၇၄ ခုနှစ်က ထုတ်လုပ်ပြီး ကမာပေါ်မှာ ပထမ ဆုံး ပရိုဆက်ဆာ ထုတ်လုပ်သူ အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့တယ်။
၁၉၈၀ ခုနှစ်မှာ MC 68000 ဆိုတဲ့ 32 bit microprocessor မျိုးဆက်သစ်ကို ထုတ်လုပ်ပေးပြီး   ၁၉၈၄ ခုနှစ် ကွန်ပျူတာ ခေတ်သစ်ထူထောင်ရေးမှာ ထိပ်ဆုံးက ပါဝင်သူ ဖြစ်ခဲ့တယ်။ ကမာပေါ်မှာ ပထမဆုံး all-Digital HDTV Standard ကို အဆိုပြုခဲ့သူ အဖြစ် လည်း Motorola ကို မှတ်တမ်းတင်ယူရတယ်။
ဂျာမနီနိုင်ငံ ဟန်အိုဗာမှာ ၁၉၉၁ ခုနှစ်က Motorola အနေနဲ့ ကမာပေါ်မှာ ပထမဆုံး ဒီဂျစ်တယ် ဆယ်လူလာဖုန်းပုံစံ နမူနာကို သရုပ်ပြပေးခဲ့ပြီး GSM Standard ကို အသုံးပြုဖို့ ဖန်တီးပေးခဲ့တာကလည်း မမေ့နိုင်စရာ ဖြစ်စေတယ်။ ၁၉၉၅ ခုနှစ် ရောက်တဲ့အခါစာတို့၊ စာလွှာစနစ် အီးမေးလ်စနစ်တို့ကို ချက်ချင်း အပြန်အလှန် သတင်းပို့နိုင်စေတဲ့ two-way paper စနစ်ကို ကမာပေါ်မှာ ပထမဆုံးအကောင်
အထည်ဖော်ခဲ့သူကလည်း Motorola သာ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်နောက်ပိုင်း Motorola ဆိုတဲ့ အမည် အထင်အရှားထက် ပူးတွဲလုပ်ဆောင်မှုတွေက အများအပြားရှိခဲ့တာကြောင့် အသေးစိတ် လေ့လာ မှတ်သားသူတို့သာ Motorola ရဲ့ နည်းပညာနဲ့ တီထွင်မှု အစွမ်းအစတွေကို သိခွင့်ရကြတယ်။ အိုင်စီတီလောကမှာ Motorola ကို အထင်ကရ ပိုင်အိုး နီးယားကြီးအဖြစ် အားလုံးက နား လည်သိရှိပြီး ဖြစ်ကြတယ်။  ဒါပေ မဲ့ ခေတ်သစ်ထုတ်လုပ်မှု ဖြစ်စဉ်တွေမှာ အသစ်အသစ် အမှတ်တံ ဆိပ်တွေရဲ့ ကျော်ကြားမှုတွေက များပြားလာတဲ့အခါ Motorola အကြောင်း အကျယ်တဝင့် ပြောကြားသူ နည်းပါးလာတယ်။
အခုတော့ Motorola က ပေါ် ပြူလာ ဖြစ်နေတဲ့ မိုဘိုင်းကိရိယာ  တွေနဲ့ ၀တ်ဆင်စရာ ကွန်ပျူတာ တွေ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ မှာ "ငါမအိုသေးလို့" ပြဆိုလိုဟန် ရှိတယ်။ Apple နဲ့ Samsung တို့ ရဲ့ ရက်များလို့ ပြောဆိုနေချိန်မှာ Motorola ထုတ်ကုန် ၄ မျိုးကို အမေရိကန်နိုင်ငံ ချီကာကိုမြို့မှာ စက်တင်ဘာလ ၄ ရက်က မိတ် ဆက် ပြသခဲ့တယ်။ အဆင့်မြင့် တန်းစမတ်ဖုန်းအတွက် Moto X  ဘတ်ဂျက်အဆင့်အတွက် Moto G လို့ ပြဆိုခဲ့ပြီး Smartwatch အ တွက် Moto 360 နဲ့ Bluetooth Headset အတွက် Moto Hint တို့ကို ထုတ်လုပ်ပြသတာ ဖြစ်တယ်။
ထုတ်ကုန် ၄ မျိုးမှာ ပြဆိုထား တဲ့ အသေးစိတ် အချက်အလက် တွေက ဒီနေ့ထိပ်ဆုံးတန်းမှာ ရှိနေတဲ့ အခြားအမှတ်တံဆိပ်တွေကို ထိုးဖောက်ကျော်လွှားနိုင်စွမ်း မရှိပေမယ့် အားရကျေနပ်စရာ ကောင်းတဲ့ ထုတ်ကုန်တွေ အဖြစ် အသိအမှတ်ပြုနိုင်ပါလိမ့်မယ်။ စိတ်ဝင်စားစရာ အကောင်း ဆုံးကတော့ ခေတ်သစ်အချိန်ပြ ကိရိယာကို တစ်မျိုးဆန်းသစ်စေတဲ့ Moto 360 ဖြစ်တယ်။ Moto 360 ကို Moto X နဲ့ Moto Hint တို့ တွဲသုံးကြမယ်ဆိုရင်တော့ အရာ ရာကို စိန်ခေါ်နိုင်ပါတယ်လို့ Motorola Mobility ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Rick Osterloh က ရဲရဲဝံ့ဝံ့ ပြောကြားသွားတယ်။
Moto 360 ကို လက်ကောက် ဝတ်မှာ ဆင်မြန်းထားတဲ့အခါ smartwatch ပုံစံထက် အဆင့်မြင့် ဖက်ရှင်နာရီ တစ်လုံးလို့ ယူဆနိုင် တဲ့ အသွင်အပြင်ရှိတယ်။ ဒီအ တွက်ပိုပြီး တင့်တယ်မှု ရှိသွားစေ တယ်။ ဒီနာရီလေးကနေ Text တွေ Call တွေ Emails တွေကိုလက်ခံရယူနိုင်စေတဲ့အပြင် navigation အနေနဲ့သုံးသုံး Google Now Cards အဖြစ်သုံးသုံး အ လွန်အဆင်ပြေစေမှာ ဖြစ်တယ်။ Wear Friendly apps လို့ ခေါ်ဆိုတဲ့ အသုံးပြုသူအတွက် အခက်အခဲမရှိ လွယ်လင့်တကူ သုံးနိုင်မယ့် ပရိုဂရမ်ဆော့ဖ်ဝဲတွေ ပါဝင်ထားတယ်။ လက်နဲ့ တို့ထိလို့ ဖြစ်ဖြစ်၊ ဝှေ့ယမ်းလို့ဖြစ်ဖြစ်၊ နှုတ်နဲ့ အမိန့်ပေးလို့ ဖြစ်ဖြစ် အသုံးပြုသူ ရဲ့ ခိုင်းစေချက်ကို လိုက်နာပြီး ကျိုးကျိုးနွံနွံ ဆောင်ရွက်လုပ်ကိုင် ပေးမယ့် နာရီလေး ဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာ အသုံးချ မှုတွေလည်း ထည့်သွင်းပါရှိလာ လိမ့်မယ်။ နှလုံးခုန်နှုန်းကို ဖတ်ရှု ပြီး မိမိရဲ့ ကျန်းမာရေးအခြေအနေ အားလုံးကို တင်ပြအသိပေးနေ လိမ့်မယ်။ ၄၉ ဂရမ်သာလေးတဲ့ အတွက် ဝတ်ဆင်ရာမှာလည်း သက်သောင့်သက်သာ ရှိနေစေ တယ်။ စက်ဝိုင်းပုံသဏ္ဌာန် နာရီဒိုင်ခွက်ဖြစ်တာကြောင့် ဖက်ရှင်စတိုင်အတွက်လည်း သားသားနားနား ဖြစ်နေစေမယ်။
အချင်းအတိုင်းအတာ ၁.၅၆ လက်မရှိပြီး resolution 320 x 290 ရှိတဲ့ display နဲ့အတူ သတင်းအချက်အလက် အားလုံးကို ဖော်ပြပေးနေမှာ ဖြစ်တယ်။ TIO MAP3 Processor ကို သုံးပြီး 512 MB RAM နဲ့ မောင်းနှင် ဆောင်ရွက်ပေးစေတယ်။ အတွင်း ပိုင်းသိုမှီးမှု အတွက် 4 GB အထိ ခွင့်ပြုပေးထားတယ်။ 320 mAh ဘက်ထရီကို သုံးထားတာ ဖြစ်တာကြောင့် တစ်နေ့တာအချိန်ပြည့် တစ်ဆက်တည်း အသုံးပြုလို့ရ တယ်။ အမေရိကန်နိုင်ငံ ဈေးကွက် အတွက် ၂၉၉ ဒေါ်လာနဲ့ ချိတ်ဆွဲ ရောင်းချနေပြီဖြစ်တယ်။ Moto 360 နဲ့ အတူ ထည့်သွင်းပေးလိုက်မယ့် အားသွင်းကိရိယာလေးက ကြိုးမဲ့အားသွင်းကိရိယာလေး ဖြစ်တဲ့အတွက် အထူးကျေနပ်စရာဖြစ်တယ်။ ပိုင်အိုးနီးယားကြီးကို ဂုဏ်ယူပြီး ဝတ်ဆင်အသုံးပြုသူတွေ အများအပြားရှိနေမှာ ဖြစ်ပါတယ်။

No comments:

Post a Comment