ကိုယ်ပိုင်
software code ကို တိုးတက်အောင် လုပ်ဆောင်လိုသူများအနေဖြင့် လက်ရှိတွင်
လူသုံးများလျက်ရှိသော Programming language များကို လေ့လာသင့်သည်။ Programming သည်
စွယ်စုံရ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပြီး အသုံးဝင်သည့် လုပ်ဆောင်ချက်များကို
ဖန်တီးနိုင်သည်။ ၂၀၁၅ ခုနှစ်တွင် နည်းပညာသည် အဓိက အခန်းကဏ္ဍ တစ်ရပ်အနေဖြင့်
ဆက်လက်ရှိနေမည် ဖြစ်သောကြောင့် ပရိုဂရမ်ရေးဆွဲသူများအနေဖြင့် လေ့လာသင့်သည့်
language (၅) မျိုးကို ဖော်ပြလိုက်ပါသည်။
(၁)
Java နှင့် Swift
Java
သည် ဈေးကွက်အတွင်းရှိ မိုဘိုင်း application များစွာ၌ အသုံးပြုနေသော programming
language တစ်မျိုးဖြစ်သည်။ Android app အများစုကို Java ဖြင့်ဖန်တီးထားသည်။ Java
သည် desktop နှင့် မိုဘိုင်း application များစွာနှင့် ပတ်သက်နေသောကြောင့်
လေ့လာသင့်သော language တစ်မျိုးဖြစ်သည်။ Swift သည် Objective-C, Ruby နှင့် Python
အပြင် မတူညီသော အယူအဆများပေါ်တွင် Apple မှ ဖန်တီးခဲ့သည့် language
တစ်မျိုးဖြစ်သည်။ iOS နှင့် OS X အတွက် app များကို ၎င်း language ဖြင့်ပင်
ဖန်တီးကြသည်။ Swift သည် Java ထက် ခက်ခဲသော်လည်း programming language များ
တည်ဆောက်ရာတွင် အလွန် နားလည်လွယ်နိုင်သလို ပရိုဂရမ်ရေးဆွဲသူများ
ရင်းနှီးကျွမ်းဝင်လျက်ရှိသော C/C++ သို့မဟုတ် Python များနှင့်
အလွန်ကွာခြားမှုရှိမည် ဖြစ်သည်။
(၂)
Python
ဈေးကွက်အတွင်းရှိ
application များစွာသည်လည်း python ကိုအသုံးပြုထားကြသည်။ အင်တာနက်ရှိ framework
ရာပေါင်းများစွာသည် programming language များတွင် အသုံးပြုထားကြပြီး အံ့အားသင့်
ဖွယ်ရာအရာများအဖြစ် ဖန်တီးလျက်ရှိသည်။ Python ကို Sims 4 အပါအဝင်
ဂိမ်းအများအပြားတွင် logical engine အဖြစ် အသုံးပြုထားသောကြောင့် အချက်အလက်များကို
အလွယ်အကူ ရွေ့ပြောင်းနိုင်သည်။ ထို့အပြင် Python သည်လူတိုင်းက အချိန်တိုအတွင်း
အလွယ်တကူ သင်ကြားနိုင်သော programming language တစ်မျိုးလည်း ဖြစ်သည်။
(၃)
C++
C++
သည် ယနေ့အချိန်အထိ လူသုံးများနေသည့် programming language တစ်မျိုးဖြစ်သည်။ အဆိုပါ
programming language ကိုအသုံးပြု၍ ပရိုဂရမ်ရေးဆွဲရာတွင် အချိန်အတိုင်းအတာ
လိုအပ်သည်။ C++ ကို ကျွမ်းကျင်ပိုင်နိုင်အောင် အသုံးပြုလာနိုင်သည်နှင့်အမျှ
ဖြစ်ပေါ်လာမည့် ရလဒ်လည်း ကြီးမားသည်။ C/C++ အတွင်း code ထည့်သွင်းခြင်းသည် Java,
Python, C# ကဲ့သို့ အဆင့်မြင့် language တွင် code ထည့်သွင်းခြင်းထက်
ပိုမိုမြန်ဆန်သည်။
(၄)
R
Programming
language တစ်မျိုးဖြစ်သော R ကို များပြားလှသည့် အချက်အလက်နှင့်
စာရင်းဇယားများဖြင့် application များ ဖန်တီးရာတွင် အသုံးပြုကြသည်။ အထူးသဖြင့် R
သည် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိကာ လုပ်ငန်းသုံး software ဖြစ်သည့်
enterprise resource planning (ERP) ၏ platform များတွင် ဆုံးဖြတ်ချက်များ
ချမှတ်နိုင်ရန်အတွက် ကြီးမားသော အချက်အလက်များကို ဆန်းစစ်ရာတွင် အသုံးပြုသည်။ R
ကို လွန်ခဲ့သည့် ၂၂ နှစ်ခန့်ကတည်းက ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်အထိ
ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။ ထို့ကြောင့် စီးပွားရေးကုမ္ပဏီတစ်ခု၌
တာဝန်ထမ်းဆောင်လျက်ရှိသည့် ပရိုဂရမ်ရေးဆွဲသူများအနေဖြင့် R ကို လေ့လာထားသင့်သည်။
(၅)
Ziron
Assembly (ASM) ကို ရင်းနှီးကျွမ်းဝင်သူများသည်
Ziron ကိုလည်း နှစ်သက်မည် ဖြစ်သည်။ Ziron နှင့် ASM မှ အရည်အချင်းများကို ပေါင်းစပ်၍
ညွှန်းကြားချက်များ ပြုလုပ်နိုင်မည့် စွမ်းဆောင်ရည်မြင့် platform တစ်ခုကို ထောက်ပံ့ပေးနိုင်သည်။
C ပရိုဂရမ်ရေးဆွဲသူအနေဖြင့် code ထောင်ပေါင်းများစွာကို ရေးဆွဲရန် မလိုအပ်ဘဲ Ziron
ဖြင့် လျင်မြန်ထိရောက်စွာ ASM အတွင်းသို့ ဝင်ရောက်နိုင်သည်။
Assembly (ASM) ကို ရင်းနှီးကျွမ်းဝင်သူများသည်
Ziron ကိုလည်း နှစ်သက်မည် ဖြစ်သည်။ Ziron နှင့် ASM မှ အရည်အချင်းများကို ပေါင်းစပ်၍
ညွှန်းကြားချက်များ ပြုလုပ်နိုင်မည့် စွမ်းဆောင်ရည်မြင့် platform တစ်ခုကို ထောက်ပံ့ပေးနိုင်သည်။
C ပရိုဂရမ်ရေးဆွဲသူအနေဖြင့် code ထောင်ပေါင်းများစွာကို ရေးဆွဲရန် မလိုအပ်ဘဲ Ziron
ဖြင့် လျင်မြန်ထိရောက်စွာ ASM အတွင်းသို့ ဝင်ရောက်နိုင်သည်။






No comments:
Post a Comment