ဝင်းဒိုးစ်ဖုန်းတွေကို
အဓိက မောင်းနှင်ပေးတဲ့ OS က Windows Phone 8, 8.1 OS တွေ ဖြစ်ပါတယ်။ Windows Phone
OS ကလည်း 8.1, desktop သုံး ဝင်းဒိုးစ် အိုအက်စ်ကလည်း Wnidows 8.1 ဆိုတော့ ရှုပ်
သွားနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ Windows RT ဆိုတာ ရှိပါသေးတယ်။
တက်ဘလက်သုံး
Windows 8.1 နဲ့ မိုက်ခရိုဆော့ဖ်ရဲ့ Bing အတွဲက ရှိပါသေးတယ်။ အဲဒီ OS ကတော့
desktop သုံး Windows 8.1 ကို ကန့်သတ် ထားတဲ့ ဗားရှင်းလို့ ပြောရပါမယ်။
မိုက်ခရိုဆော့ဖ်က ပလက် ဖောင်းတွေ အားလုံးကို interface တခုတည်းနဲ့ သုံးထားပြီး
သုံးစွဲသူတွေ အလွယ်တကူ မှတ်မိအောင်ရည် ရွယ် ရေးသားထုတ် လုပ်ထားပါတယ်။
Windows Phone 8.1
အခု
ရေးသားမှာ ကတော့ Windows Phone တွေမှာ သုံးတဲ့ Windows Phone 8.1 OS ဖြစ်ပါတယ်။
သိပ်မကြာခင်
ဖြန့်ချိမယ့် Windows 10 OS ကိုလည်း desktop အတွက်၊ ဝင်းဒိုးစ်ဖုန်းတွေ အတွက်
Windows Phone 10 ဆိုပြီး ဖြန့်ချိပါဦးမယ်။
အခုလော
လောဆယ် နောက်ဆုံး ထုတ်ထားတဲ့ ဗားရှင်းက Windows Phone 8.1 ဖြစ်ပါတယ်။ အဲဒီ 8.1 မှာ
လုပ်ဆောင်ချက်တွေ အများအပြား upgrade လုပ်ထားပြီး၊ သူ့ရဲ့ OS ကို အဆင့်မြင့်ထားက
iOS နဲ့ Andriod တွေနဲ့ အပြိုင် ဈေးကွက် တင်ထားပါတယ်။
ပထမဦးဆုံး
စမတ်ဖုန်း သုံးမယ့် သူတွေ အတွက် ကြည့်ရတာ ဆွဲဆောင်မှု ရှိစေပြီး၊ သုံးရတာ လွယ်ကူမှု
တွေက Windows Phone OS ရဲ့အားသာချက် ဖြစ်နေပါတယ်။
နောက်ထပ်
မက်လုံး တခု ကတော့ iOS နဲ့ Andriod တွေမှာ လုပ်လို့ အဆင်မပြေလှတဲ့ သင့်ရဲ့
ဖုန်းအို အက်စ်ကို စိတ်ကြိုက်ပြင်ဆင် customize လုပ်တာနဲ့ ဖိုင်တွေကို စီမံခန့်ခွဲတဲ့
အပိုင်း ဖြစ်ပါတယ်။
အခု
လောလောဆယ် ဖြန့် ချိထားတဲ့ ဝင်းဒိုးစ်ဖုန်းတွေ ကတော့ ဝင်းဒိုးစ်ဖုန်း ၈.၁ ကို
install လုပ်ထားပြီး ဖြစ်ပါလိမ့်မယ်။ တကယ်လို့ သင့်ရဲ့ ဝင်းဒိုးစ်ဖုန်းဟာ အရင်က
ဝယ်ယူထား ပြီးခဲ့တာ ဆိုရင်တော့ ဝင်းဒိုးစ် ၈.၀ ကိုပဲ သုံးထားပါလိမ့်မယ်။ အဲဒီ
ဖုန်းတွေ အတွက် ဆိုရင် ဝင်းဒိုးစ်ဖုန်း ၈.၁ ကို upgrade လုပ်နိုင်ပါတယ်။
8 to 8.1
ဝင်းဒိုးစ်ဖုန်း
၈.၁ ဟာ စတုတ္ထ မျိုးဆက် ဝင်းဒိုးစ်ဖုန်း အိုအက်စ် ဖြစ်ပြီး အောက်တိုဘာလ ၂၀၁၃ ခုက
ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၈.၁ ဗားရှင်းဟာ home screen နဲ့ အရွယ် အစားကြီးမားတဲ့
ဖုန်းတွေ အတွက် Life tile တွေ အတန်းတွေ ထပ်တိုးထားပါတယ်။ task-switching
လုပ်ဆောင်ချက်၊ ကားမောင်း နေတဲ့ အချိန်မှာ လက်ကိုင်စရာ မလိုတဲ့ hands – free
driving mode တွေ ထပ်တိုးထား ပါတယ်။
Meet Cortana
၈.၁
ရဲ့ စိတ်ဝင်းစားစရာ အကောင်းဆုံး လုပ်ဆောင်ချက်က Cor-tana လုပ်ဆောင်ချက် ဖြစ်ပြီး
Siri လို မျိုးဝက်ဘ် ထဲကနေ Bing သုံးပြီး ရှာဖွေဖို့၊ သတိပေးချက်တွေ မှတ်ထားဖို့၊
လမ်းကြောင်းတွေ လမ်းညွှန်ပေးဖို့၊ calander event တွေ အသစ်လုပ်ဖို့၊ သင့်ဖုန်းနံပတ်
စာရင်းထဲမှာ နာမည်တွေ ထည့်ဖို့နဲ့ ဖုန်းခေါ် ဆိုမှုတွေ ခေါ်ဖို့၊ မှတ်စရာရှိ တာတွေ
မှတ်ဖို့ သီချင်းတွေ ရွေးဖွင့်ဖို့ စတဲ့ လုပ်ဆောင်ချက် တွေကို အသံနဲ့ ခိုင်းစေ
လုပ်ဆောင်နိုင်အောင် အမျိုးသမီးရဲ့ အသံနဲ့ ကူညီပေး လုပ်ဆောင်ထားပါတယ်။
အဲဒီ
လုပ်ဆောင်ချက်တွေကို လုပ်ဖို့ အတွက် သင့်ဖုန်း ရဲ့ search ကီးလေးကို
တချက်နှိပ်ပြီး Cortana ကို ဖွင့်ရ ပါမယ်။ ပြီးရင်သင် စာရိုက်ထည့်ပြီး ခိုင်းစေတာ၊
ဒါမှမဟုတ် မိုက်ခရိုဖုန်းက နေတဆင့် အသံနဲ့ ခိုင်းစေတာတွေ လုပ် နိုင်ပါတယ်။
ဒါမှမဟုတ် သင် secrch ကီးကို Cortana ပွင့်လာတဲ့ အထိ နှိပ်ထားနိုင်ပါတယ်။ ပြီးရင်
အသံနဲ့ခိုင်းစေ နိုင်ပါပြီ။
အက်ပဲလ်မှာ
သုံးတဲ့ Siri, Google ရဲ့ Google Now တွေလိုပဲ Cortana ဟာ မိုက်ခရိုဆော့ဖ်ရဲ့
စီအီးအို ဘယ်သူလဲ၊ သြစတြေလျှရဲ့ မြို့တော်က ဘာလဲ ဆိုတဲ့ မေးခွန်းမျိုးတွေကို
ပြန်ဖြေ ပေးနိုင်ပါတယ်။ အဲဒီလို မသုံးချင် ရင်လည်း ရှာဖွေလို့ ရတဲ့ ရလဒ်တွေကို
စာရင်းနဲ့ ဖော်ပြပေးပါ လိမ့်မယ်။ ပိုပြီး အသေး စိတ်ကျတဲ့ မေးခွန်းတွေ ဖြစ်တဲ့
ဆန်ဖရန်စစ္စကို ဂျိုင်းယင့် ဘောလုံး အသင်း မနေ့ညက အရှုံးအနိုင် အခြေအနေ၊
လန်ဒန်မြို့ရဲ့ လက်တလော ရာ သီဥတု အခြေအနေ တွေကို မေးနိုင်တဲ့ အပြင် အဲဒီ
အချက်အလက်နဲ့ သက်ဆိုင်တဲ့ ဝက်ဘ်စာမျက်နှာ (Web page) တွေကိုပါ Cortana က
ဖော်ပြပေးပါလိမ့်မယ်။
မိုက်ခရိုဆော့ဖ်ရဲ့
Cortana ကို အသံသွင်း ဖြေကြားတဲ့ အသံရှင်က Jen Taylor ဖြစ်ပါတယ်။ အဲဒီ Cortana ဟာ
ကိုယ်ရေးကိုယ်တာ ကိစ္စတွေ မေးတဲ့ အ ခါမျိုးမှာပါ ပြန်ဖြေနိုင်အောင် လုပ်ထား ပေးတာ
တွေ့ရပါတယ်။ Cortana ဟာ Siri ထက်ပိုပြီး ဉာဏ်ကောင်းတယ်လို့ ရေးထားပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ Siri မှာ ငါ့ကိုချစ်လား လို့မေးခဲ့ရင် မသိဘူး လို့
ပြန်ဖြေပါလိမ့်မယ်။ Cortana ကတော့ အဲဒီ မေးခွန်းကိုပဲ နောက်တခါ ထပ်မေးခဲ့ရင်
သိပါတယ်။ ချစ်ဖို့ အတွက် အဆင်သင့်မဖြစ်သေးဘူး၊ အခုထိ အလုပ် လုပ်နေရတုန်းပါ ဆိုတဲ့
အဖြေကိုပြန် ပြောပါ လိမ့်မယ်။
ဒါတောင်မှ
Cortana က beta အဆင့်ပဲ ရှိပါသေးတယ်။ တချို့လုပ် ဆောင်ချက်တွေမှာ အပြည့်အဝ အလုပ်
မလုပ်နိုင်တာ၊ ချို့ယွင်းချက် (bug) တွေ ရှိနေနိုင်ပါတယ်။ မိုက်ခရိုဆော့ဖ်က
ပြောကြားချက်အရ Cortana ဟာ လူသားတွေ ဘယ်လို ပြောဆို တုံပြန်သလဲ ဆိုတာကို ဆက်လက်
သင်ကြား နေပြီး အပြန်အလှန် ဆက်သွယ်နိုင်မှုတွေ သဘာဝ ပြောဆိုတဲ့ပုံစံ (natural
Language Processing) ဟာလည်း ပိုကောင်း လာအောင် လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။
e-mail နဲ့ Social Media
ဝင်းဒိုးစ်ဖုန်းတွေနဲ့
ရည်ရွယ် ချက်က သူ့ရဲ့ ထုတ်ကုန်တွေကို သူ့ရဲ့ ဖေါက်သည်တွေရဲ့ အတွေ့အကြုံတွေ
ပေါ်မူတည်ပြီး တည်ဆောက် ထားပါတယ်။ အဲဒီလို ရည်ရွယ်ထားတဲ့ အတွက် လူတွေ သုံးနေကြတဲ့
ဆိုရှယ် မီဒီယာတွေကို ပေါင်းစည်းထားတဲ့ hub တခုတည် ဆောက်ပြီး faclebook, Twitter,
Linked-in စတာတွေကို App တခုချင်း စီလိုက်နှိပ် ဖွင့်သုံးနေစရာ မလိုအောင်
လုပ်ပေးထားပါတယ်။ ပုံမှန် စာတိုတွေ ပို့တဲ့ သာမန် လုပ်ဆောင်ချက်မျိုး တွေကို
ဝင်းဒိုးစ်ဖုန်းရဲ့ဆက်သွယ်ရမယ့် သူတွေရဲ့ စာရင်း (Contact) တွေနဲ့ အ လွယ်တကူ
ချိတ်သုံးနိုင်စေပါတယ်။
Microsoft Products
မိုက်ခရိုဆော့ဖ်ရဲ့
ဝန်ဆောင်မှုတွေနဲ့ ဆော့ဖ်ဝဲတွေကို သုံးနေကျ သူ တွေက ဝင်းဒိုးစ်ဖုန်းတွေကို သဘောကျ
မှာပါ။ မိုက်ခရိုဆော့ဖ်ရဲ့ ထုတ်ကုန်တွေ ဥပမာ Outlook.com, Onedrive, Skype, Xbox
နဲ့ OneNote သုံးတဲ့သူတွေ ဖြစ်ပါတယ်။ အင်းဒရိုက်နဲ့ မတူတာက အဲဒီ
ဝင်းဒိုးစ်အိုအက်စ်မှာ mobile office ကို အခမဲ့ တွဲထည့်ပေးထားတာ ဖြစ် ပါတယ်။ အဲဒီ
မိုဘိုင်းလ် ဗားရှင်းဟာ ရုံးကိစ္စနဲ့ အမြဲ ခရီးသွား နေရတဲ့ သူတွေ အတွက်
အဆင်ပြေပါတယ်။ သင့်အနေနဲ့ Excel, Power Point နဲ့ Word ဖိုင်တွေကို သွားလာရင်း
ဖွင့်ကြည့်တာ၊ ပြင်ဆင် တည်းဖြတ်တာတွေ လုပ်နိုင်ပြီး ဝင်းဒိုးစ်ဖုန်းတွေဟာ OneDrive
နဲ့ ချိတ်ထားတဲ့ အတွက် သင် သိမ်းချင်တဲ့ ဖိုင်တွေကို မိုက်ခရိုဆော့ဖ်ရဲ့ Cloud
Storage Service နဲ့ ချိတ်ဆက်သိမ်းနိုင်ပါတယ်။
XBox games
သင့်
အနေနဲ့ XBox တွေကိုပါ ဝယ်သုံးနိုင်ပြီး ဂိမ်းကစားလေ့ရှိတယ် ဆိုရင်
ဝင်းဒိုးစ်ဖုန်းတွေက အဲဒီ XBox ဂိမ်းတွေနဲ့ ဆက်စပ်ကစားဖို့ အကောင်းဆုံး
ဖြစ်နေပါတယ်။ ဝင်းဒိုးစ်ဖုန်းတွေဟာ RAM ပမာဏ သိပ်မများတဲ့ ပစ္စည်း တွေ ဖြစ်နေပေမယ့်
မိုက်ခရိုဆော့ဖ် ကနေ XBox ဂိမ်းတွေ ကစားနိုင်အောင် ကြိုးစားပမ်းစား လုပ်ပေး
ထားပါတယ်။ သဘောက XBox ဂိမ်း Avatar ရဲ့ ရမှတ်တွေ စစ်ဆေးတာ၊ သင့် အနေနဲ့ တွဲကစားတဲ့
သူတွေဆီ မက်ဆေ့ခ်ျပို့တာ၊ သင့်ရဲ့ avatar ကို ဖွင့်ကြည့်တာတွေ လုပ်နိုင်ပါတယ်။
အင်းဒရိုက်မှာလည်း
ဂိမ်းတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် ဝင်းဒိုးစ် ဖုန်းတွေဟာ XBox ဂိမ်းတွေ
ဖြစ်တဲ့ Asphalt 8 Airbone, Jetpack Joyride, SixGuns နဲ့ FiFA 14 တွေအခမဲ့ ကစား
နိုင်ပါတယ်။
အဲဒီဂိမ်းတွေအားလုံးဟာ
သာမန် နိုကီလူမီယာ ဖုန်းတွေနဲ့တင် ကောင်းကောင်း မှန်မှန်ကစားနိုင်တဲ့ အတွက် XBox
ဂိမ်းပိုင်ရှင်တွေ ကတော့ ဝင်းဒိုးစ်ဖုန်းကို ကျိန်းသေ ရွေးပါလိမ့်မယ်။
Customization
ဝင်းဒိုးစ်ဖုန်းတွေဟာ
ဖုန်းရဲ့ သတိပေးချက်တွေကို ဖုန်းရဲ့ lock screen မှာတင် ကြည့်နိုင်ပါတယ်။ Lock
screen ရဲ့ Setting ကနေ နောက်ခံပုံတွေ ပြောင်းနိုင်တာ လောက်နဲ့ မပြီး သေးပါဘူး၊
Lock screen မှာ live App တွေကို နေရာချ ထားနိုင်ပါတယ်။ Bing နဲ့ facebook app တွေ
ဖြစ်ပြီး Bing ကနေ ဒီနေ့ အတွက် အကောင်းဆုံးပုံ ကို ဖော်ပြပေးနေတဲ့ အချိန်မှာ
facebook ကလည်းသင့် album ထဲက ပုံတွေကို ဖော်ပြ ပေးထားတာ တွေ့ရပါတယ်။ သင့်ရဲ့
album ထဲက ပုံတွေကို ဖော်ပြပေး ခိုင်းထားနိုင်သလို သီချင်းဖွင့်နေတဲ့ အချိန်မှာ
အဲဒီသီချင်းနဲ့ ဆိုင်တဲ့ အချက် အလက်တွေကို Lock screen မှာ ပြပေး နိုင်ပါလိမ့်မယ်။
Offline Map
ဝင်းဒိုးစ်ဖုန်းတွေမှာ
Here Map နဲ့ Here Drive တွေ ထည့်ပေးထားပါတယ်။ အဲဒီ app တွေဟာ အင်းဒရိုက် သုံး
google ရဲ့ Map ကို အစားထိုး လုပ်ထား ပေးတဲ့ နိုကီယာရဲ့ Map ဖြစ်ပါတယ်။ ဒါပေမယ့်
Here Map ဟာ ရာခိုင်နှုန်းပြည့် offline သုံးနိုင်ပါတယ်။ အင်းဒရိုက် စမတ်ဖုန်းတွေ
ဖြစ်တဲ့ ဆမ်ဆောင်း ဂလက်ဆီ S4 လို ဖုန်းတွေမှာ Google Map ကို offline
သုံးနိုင်အောင် လုပ်ပေး ထားပေမယ့် Google Map ကနေ ဧရိယာ သေးသေးလေး အတွက်
မြေပုံတွေကို ဒေါင်းလုတ် လုပ်ပြီးမှ အဲဒီဧရိယာ အတွက် သုံးနိုင်တာ ဖြစ်ပေမယ့်
နိုကီယာ လူမီယာ ဖုန်းတွေ ကတော့ တနိုင်ငံလုံး ရဲ့ မြေပုံ တွေကို ဒေါင်းလုတ်
လုပ်ပြီး အင်တာနက် ချိတ်ဆက်မှုမှ မလိုဘဲ လမ်းညွှန် လုပ်ဆောင် ပေးနိုင်ပါတယ်။ အဲဒီ
လုပ်ဆောင်ချက်ဟာ ဒီမှာသာ သုံးနိုင်ရင်တော့ ကားသမားတွေ တော်တော်ကို အဆင်ပြေမယ့်
လုပ်ဆောင်ချက် ဖြစ်ပါလိမ့်မယ်။
Live Tiles
ဝင်းဒိုးစ်ဖုန်းတွေဟာ
လက်ပ်တော့တွေ သုံးတဲ့ ဝင်းဒိုးစ်တွေလိုပဲ live Tile တွေကို pin လုပ်တာ၊ widget
တွေကို စိတ်ကြိုက်ရွေး ဖော်ပြခိုင်းတာတွေ လုပ်နိုင်ပြီး App တွေ အသီးသီးဟာလည်း
သင့်ရဲ့ home screen မှာ live Tile တွေ အနေနဲ့ပေါ် နေအောင်လုပ်နိုင် ပါတယ်။ သင်
အမြဲသုံးလေ့ ရှိတဲ့ App တွေကို ရွေးထား၊ မသုံးတဲ့ App တွေကို ဖယ်ထားတာတွေ
လုပ်နိုင်ပါတယ်။ အင်းဒရိုက်တွေ ကလည်း အလားတူ စိတ်ကြိုက် ပြောင်းလဲတာမျိုး
လုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ App တွေဟာ အရောင်အသွေး၊ ဒီဇိုင်းပုံစံတွေက တခုနဲ့
တခု လိုက်ဖက်မှု မရှိပါဘူး။ ဝင်းဒိုးစ်ဖုန်း App တွေ ကတော့ပုံစံတူလေးတွေ စီထားသလို
ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အဲဒီလို လုပ်ထားတာဟာ ဘာမှမဟုတ်ဘူး လို့ ထင်ရပေမယ့်
ဆွဲဆောင်မှု ရှိစေတဲ့ အချက်တခု ဖြစ်နေပါတယ်။
အမြဲချဲ့ထွင်သုံးနိုင်တဲ့ Storage
ဝင်းဒိုးစ်ဖုန်း
အများစုဟာ entry-Level တွေမှာတင် internal Storage 8GB သုံးထားပြီး Micro SD card
တပ်ဆင် သုံးရင်အများဆုံး 64 GB အထိ တပ်ဆင်သုံး နိုင်ပါတယ်။ One drive ရဲ့ Cloud
ကနေ Storage 7GB အခမဲ့ သုံးနိုင်ပါ သေးတယ်။ အဲဒီမှာ ပြောစရာရှိတာက တခြား ကြားခံ
တတိယ ကုမ္ပဏီတွေက ဝန်ဆောင်ပေးတဲ့ Cloud Storage တွေ သုံးလို့ရသားပဲ လို့
ပြောနိုင်ပေမယ့် One Drive ဟာ ဝင်းဒိုးစ် တက်ဘလက်၊ ပီစီတွေ သာမက၊ ဝင်းဒိုးစ်ဖုန်း
တွေကိုပါ backup လုပ်ထားနိုင်ပြီး၊ တခုနဲ့ တခု အဆင်ပြေပြေ လုပ်ဆောင် နိုင်စေ
ပါတယ်။
ဖုန်းတွေ ရွေးရတာ ပိုလွယ်တယ်
အင်းဒရိုက်ဖုန်းတွေဟာ
ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ထုတ်လုပ်သူ၊ မော်ဒယ်အမျိုးမျိုးနဲ့
အမြောက် အများ ဈေးကွက်တင်ထားတဲ့ အတွက် စွမ်းဆောင်ရည်နဲ့ အရည်အသွေးကို စဉ်းစားဆုံးဖြတ်ရ
ခက်နေ တတ်ပါတယ်။ ဝင်းဒိုးစ်ဖုန်းတွေကတော့ သင့် လိုအပ်ချက် အဆင့် အမျိုးမျိုး အတွက်
အဆင်ပြေပြေ လုပ်ဆောင်ပေးနိုင်တဲ့ entry-level lumia 520 လို ဖုန်းတွေ ကနေ၊
အဆင့်မြင့် high-end ဖုန်းတွေ ဖြစ် တဲ့ lumia 1020, 1520 လိုဖုန်းတွေကို အလွယ်တကူ
ရွေးနိုင်ပြီး အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကို စိတ်ချလက် ချသုံးနိုင်စေပါတယ်။
အားလုံး
ခြုံပြောရရင်တော့ အင်းဒရိုက်ဖုန်း တွေဟာ ရွေးချယ်စရာ App တွေ အမျိုးမျိုး၊
အများအပြား ရှိနေပါတယ်။ ဝင်းဒိုးစ်ဖုန်းတွေ ကတော့ မတူညီတဲ့ App တွေ၊ ပလက်ဖေါင်းတွေ
တခုနဲ့တခု ပေါင်းစပ် လုပ်ဆောင်နိုင်မှုတွေ အားသာပါတယ်။ လက်ရှိစမတ်ဖုန်း ဈေးကွက်ဟာ
အရည်အသွေးမြင့်ဖို့၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် App တွေ ရရှိနေနိုင်မှု
အလားအလာ၊ mobile, desktop နဲ့ cloud ဆက်စပ် လုပ်ဆောင်နိုင်မှု တွေကို သုံးစွဲသူတွေ
လိုအပ်နေပါတယ်။ အဲဒီ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေဟာ နိုကီယာဝင်းဒိုးစ် ဖုန်းတွေမှာ
ရှိနေပြီး ဖြစ်နေပါတယ်။ အဲဒီ အချက်က ဝင်းဒိုးစ်ဖုန်းတွေရဲ့ အားသာချက် ဖြစ်ပြီး
တချိန်ချိန်မှာ အင်းဒရိုက် အိုအက်စ်ကို အစားထိုး နေရာယူ သွား နိုင်ပါတယ်။
ဖိုးနိုင်ဝင်း (မာစတာပိစ်)

No comments:
Post a Comment