Sunday, April 5, 2015

ဆိုရှယ်မီဒီယာတွေကို လိုအပ်တာထက် ပိုမသုံးမိကြစေဖို့

လွန်ခဲ့တဲ့ နှစ်အနည်းနဲ့ ယှဉ်ရင် အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေဟာ ကျွန်ုပ်တိုရဲ့နေ့စဉ်ဘဝ တွေမှာ မရှိမဖြစ်လိုအပ်ချက်တစ်ခုလို ဖြစ်လာပါတယ်။ မရှိမဖြစ်လိုအပ်ချက်ကတဆင့် ဆေးစွဲသလိုစွဲလန်းတဲ့ အဆင့်အထိ ရောက်သွားခဲ့ရင်တော့ အကျိုးဆုတ်ယုတ်မှုတွေ အများကြီး ဖြစ်စေနိုင်လို့  ဆိုရှယ်မီဒီယာတွေကို လိုအပ်တာထက် အသုံးမချမိဖို့ လိုပါတယ်။

၁) အကြောင်းအရင်း နားလည်အောင်ကြိုးစားပါ။
*************************************
ဆိုရှယ်လ်နက်ဝေါ့ခ်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ တွီတာတို့ မှာ ၄၊ ၅ နာရီလောက်ကြာအောင် Refresh ခဏခဏ လုပ်ပြီး အချိန်ပြည့် အသုံးပြုနေပါသလား။ ဒီလို အကျိုးမရှိတဲ့ လုပ်ရပ်တွေအတွက် အချိန်ကုန်နေရတဲ့ အကြောင်းအရင်းကို သင်သိပါသလား။ ဘဝ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုနေတာ မဟုတ်ဘဲ အကြောင်းမရှိ ဆိုရှယ်လ်နက်ဝေါ့ခ်ကို အမြဲမပြတ်ဝင်ရောက်ကြည့်ရှုနေရင်တော့ သင့်ရဲ့ မသိစိတ်က ဆိုရှယ်လ်မီဒီယာအပေါ် တဖြည်းဖြည်း စွဲလန်းနေမိသူဖြစ်လာနိုင်ပါတယ်။ ပထမဦးဆုံး သင်ဘာကြောင့် ဆိုရှယ်လ်နက်ဝေါ့ခ်ကို အသုံးပြု နေသလဲ ဆိုတဲ့ အကြောင်းအရာတွေကိုနားလည်အောင် ကြိုးစားပါ။ အကြောင်းအရာတစ်ခုခုက သင့်စိတ်ထဲမှာ ထင်ကျန်တတ်စေပါသလား။ ဒီလိုဖြစ်ရခြင်းကတော့ ဆိုရှယ်မီဒီယာစွဲလန်းမှု တွေရဲ့ လက္ခဏာတွေ ပဲ ဖြစ်ပါတယ်။ သင်ရဲ့ စဉ်းစားတွေးခေါ်မှုများကို ပြောင်း လဲစေနိုင်ရုံသာမကပဲ နေ့စဉ်ဘ၀ကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

၂) အချိန်သတ်မှတ်ထားပါ။
**********************
အင်တာနက် အသုံးပြုချိန်ကို သတ်မှတ်ထားသင့်ပါတယ်။ အထူးသဖြင့် အလုပ်အချိန်နဲ့ မိသားစု အတွက် အချိန်တွေမှာ ဆိုရှယ်လ်မီဒီယာကို အသုံးများလေ့ရှိကြပါတယ်။ ဒီလိုအလုပ်အချိန်တွေ၊ မိသားစုဝင်တွေနဲ့ တွေ့ ဆုံနေချိန်မှာ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုနေခြင်းကို အချိန် အကန့် အသတ်နဲ့ ထားရှိပေးသင့်ပါတယ်။

၃) ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုမယ့်အချိန်မှာ ဝါသနာပါတာ တစ်ခုခုကို အစားထိုးလုပ်ပါ။
***********************************************************************
ဆိုရှယ်လ်မီဒီယာအပေါ် အာရုံလွှဲချင်ရင် ၀ါသနာပါတဲ့ အားကစား တစ်ခုလုပ်ပြီး အာရုံလွှဲနိုင်အောင် ကြိုးစားပါ။ စာဖတ်တာ ဝါသနာပါရင်တော့ စာအုပ်နဲ့စာဖတ်ပါ။ အွန်လိုင်းပေါ်မှာ စာဖတ်မယ် ဆိုရင်တော့ ဆိုရှယ်လ်နက်ဝေါ့ခ် အားလုံးကို ပိတ်ထားပြီး ဖတ်သင့်ပါတယ်။ ဒီလိုဆိုရှယ်လ်နက်ဝေါ့ခ် နေရာမှာ ဝါသနာပါတာ တစ်ခုခုကို အစားထိုးလိုက်တာကနေ့စဉ်ဘဝ တိုးတက်ရေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။

၎) ဆိုရှယ်လ်မီဒီယာကိုဦးစားမပေးပါနဲ့ ။
*******************************
ဆိုရှယ်လ်မီဒီယာကို ဘယ်တော့မှ ဦးစားမပေးသင့်ပါဘူး။ သင်ရဲ့အလုပ်၊ မိသားစုနှင့် ကျန်းမာရေးတွေကိုဥပေက္ခာပြုပြီး ဆိုရှယ်လ်မီဒီယာကိုဦးစားပေးရင် အကျိုး ဆုတ်ယုတ် မှုတွေပဲ ဖြစ်လာနိုင်တာကြောင့်မလို့ ဆိုရှယ်လ်မီဒီယာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ ဆိုရှယ်လ် မီဒီယာတွေကို အားလပ်ချိန်တွေမှာသာ ဖျော်ဖြေရေးတစ်ခုအနေနဲ့  အသုံးပြုသင့်ပါတယ်။

Ref:mensxp

No comments:

Post a Comment