ငယ်ငယ်က
စာလုံး တစ်လုံးချင်းကို အရေး သင်ခဲ့ရစဉ်က လူ့ဦးနှောက်သည် ရေးသားနည်းကို လိုက်ပြီး
စာလုံးကို မှတ်မိသွားသည်ဟု ထင်ခဲ့ကြသည်။ တကယ်တမ်းတွင်ကား ဦးနှောက်သည် စာလုံး
တစ်လုံး ပေါ်လာဖို့ ကွေ့ဝိုက်ဆွဲငင်ရသည့် ဖြစ်စဉ်ကို မမှတ်မိ။ ထိုစာလုံး
တစ်လုံးလုံးကို ရုပ်ပုံကားချပ် တစ်ချပ် အဖြစ်သာ မှတ်မိနေကာ ပြန်ပုံဖော် ရေးဆွဲ
ပြတတ်ခြင်း ဖြစ်ကြောင်း ပညာရှင်များက ဆိုလိုက်သည်။
စာလုံးသစ်များကို
လူ့ဦးနှောက်က မည်သို့ သင်ယူ မှတ်သားကြောင်းကို
ဦးနှောက်အား သံလိုက် လှိုင်းသုံး ပုံရိပ်ဖော်စက်များဖြင့် စောင့်ကြည့်ခြင်းဖြင့်
အထက်ပါ အချက်ကို သိခဲ့ရခြင်း ဖြစ်သည်။ ဦးနှောက်သည် စာလုံးများကို ရုပ်ပုံများ
အဖြစ် အစဉ်လိုက် မှတ်သားခြင်း ဖြစ်ကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။
လေ့လာမှုကို
ဂျော့တောင်း တက္ကသိုလ် ဆေးပညာဌာန လက်အောက်ရှိ ကွန်ပျူတာ နာ့ဗ်ကြော
သိပ္ပံဓာတ်ခွဲခန်းမှ ဒေါက်တာ မက်ဆီမီလန် ရန်ဆင်ဟူဘာနှင့် အဖွဲ့က ပြုလုပ်ခြင်း
ဖြစ်သည်။ လေ့လာ တွေ့ရှိချက်များကို Neuroscience ဂျာနယ်တွင် ထည့်သွင်း
ဖော်ပြထားသည်။
ဦးနှောက်ထဲတွင်
ရုပ်ပြပုံမှတ် ဧရိယာရှိသည်။ ဦးနှောက်ဘယ်ဘက်ခြမ်းတွင် တည်ရှိသည်။
ညာဘက်ခြမ်းတွင်ကား မျက်နှာများကို မှတ်မိသော အပိုင်း တည်ရှိသည်။ လေ့လာမှုတွင် အရွယ်
ရောက်ပြီးသူ (၂၅) ဦး ပါဝင်သည်။ ထိုသူများကို အဓိပ္ပာယ် အဆက်အစပ် မရှိသော စာလုံးသစ်
(၁၅၀) မှတ်သားခိုင်းသည်။
ထိုသူများ၏
ဦးနှောက်ကို သံလိုက်လှိုင်းသုံး ပုံရိပ်ဖော်စက် (fMRI) ဖြင့် စောင့်ကြည့်သည်။
စာလုံးသစ်များကို ထိုသူများ မှတ်သားနေချိန်တွင် ဦးနှောက်ထဲရှိ ရုပ်ပြပုံမှတ်
ဧရိယာသည်သာ လှုပ်ရှားတက်ကြွနေကြောင်း တွေ့ခဲ့ရသည်။ လှုပ်ရှားပါ များလာသည့်အခါ
ဦးနှောက်သည် သက်ဆိုင်ရာ စကားလုံးများကို မှတ်မိသွားတော့ကြောင်း ဒေါက်တာ
ရန်ဆင်ဟူဘာက ပြောသည်။
(fMRI)
= Functional Magnetic Resonance Imaging, or fMRI, is a technique for measuring
brain activity. It works by detecting the changes in blood oxygenation and flow
that occur in response to neural activity – when a brain area is more active it
consumes more oxygen and to meet this increased demand blood flow increases to
the active area. fMRI can be used to produce activation maps showing which
parts of the brain are involved in a particular mental process.

