၀၁
ဇန်နဝါရီ ၂၀၁၄
Syrian
Electronic Army သည် NSA ၏ စုံစမ်းထောက်လှမ်းမှုကို ဆန့်ကျင်သည့် အနေဖြင့် Skype ၏
Twitter account, Facebook page နှင့် blog တို့ကို တိုက်ခိုက်ခဲ့သည်။ ထို့အပြင်
အမှုဆောင် အရာရှိချုပ် စတိဗ်ဘောလ်မား၏ ဆက်သွယ်မှု အချက်အလက် ပေါက်ကြားခဲ့ပြီး Skype
၏ Twitter account ဖြင့် “Microsoft Email များကို မသုံးပါနှင့်။ ၎င်းတို့က သင်၏
account များကို စောင့်ကြည့်ပြီး အချက်အလက် များကို အစိုးရထံ ရောင်းချနေသည် #SEA”
ဟူသော tweet ကို ရေးသားခဲ့သည်။
၀၂
ဇန်နဝါရီ ၂၀၁၄
ဟက်ကာများသည်
Snapchat DB ဟုခေါ်သော အမည်ဖြင့် Snapchat သုံးစွဲသူ ၄.၆ သန်း၏ username များနှင့်
ဖုန်းနံပါတ်များကို ဖော်ပြခဲ့သည်။
၀၃
ဇန်နဝါရီ ၂၀၁၄
Steam,
Origin, Battle.net နှင့် League of Legneds ကဲ့သို့သော ဂိမ်းဆိုက်များ၏
ဆာဗာများသည် DDoS တိုက်ခိုက်မှုများကြောင့် ယာယီ ရပ်ဆိုင်းခဲ့သည်။
၀၇
ဇန်နဝါရီ ၂၀၁၄
H4x0r
HuSsy ဟုခေါ်သော ပါကစ္စတန် အခြေစိုက် ဟက်ကာသည် Linux distro OpenSUSE ၏တရားဝင်
ဖိုရမ်များကို deface လုပ်ခဲ့ပြီး မှတ်ပုံတင်ပြီး အသုံးပြုသူ ၇၉,၅၀၀ ၏ account
အသေးစိတ် အချက်အလက် များ ပေါက်ကြားခဲ့သည်။
၂၄
ဇန်နဝါရီ ၂၀၁၄
Syrian
Electronic Army သည် CNN Facebook page နှင့် Twitter account အပါအဝင် CNN မှ
ပိုင်ဆိုင်သည့် account များကို တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ခံရသည့် account
များမှ ပြုလုပ်ခဲ့သည့် tweet များတွင် အယ်လ်ကိုင်ဒါကို စီအိုင်အေက
ထောက်ပံ့ပေးခဲ့ပုံနှင့် ဆီးရီးယန်း ပြည်နယ်ကို အယ်လ်ကိုင်ဒါက ထိန်းချုပ်ထားသည်ဟူသော
အိုစမာ ဘင်လာဒင်၏ ပြောကြားချက်သည် လိမ်လည်မှုများသာ ဖြစ်ကြောင်း အဓိပ္ပာယ်ရသည့်
tweet များ ပါဝင်ခဲ့သည်။ ထို့အပြင် CNN ၏ account ကို တိုက်ခိုက်ခဲ့ရခြင်းမှာ
အလိမ်အညာများအတွက် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း Syrian Electronic Army က
ပြောကြားခဲ့သည်။
၂၆
ဇန်နဝါရီ ၂၀၁၄
ပါကစ္စတန်
ဟက်ကာများသည် ကက်ရှမီးယားနှင့် ပတ်သက်၍ ဆန့်ကျင်မှုများအတွက် အိန္ဒိယ ဝက်ဘ်ဆိုက်
၂၀၀၀ ကျော်ကို deface လုပ်ကာ တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် အိန္ဒိယ
မီးရထား ကဲ့သို့သော ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရပြီး နှစ်ရက်အကြာတွင်
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၁၄
ဖေဖော်ဝါရီ ၂၀၁၄
Syrian
Electronic Army သည် Forbes နှင့် Tesco တို့၏ ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် email account များထိန်းချုပ် ခံခဲ့ရသော်လည်း
password များကို encrypt လုပ်ထားကြောင်း Forbes မှ အတည်ပြုခဲ့သည်။ Tesco ကမူ
account ၂၂၀၀ ခန့်ထိန်းချုပ် ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။
၀၆
မတ် ၂၀၁၄
တောင်ကိုရီးယား၏
အကြီးဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော KT Corp ကိုဟက်ကာများက
တိုက်ခိုက်ခဲ့ပြီး သုံးစွဲသူ၏ အချက်အလက်များကို ပေါက်ကြားစေခဲ့သည်။ ထို့နောက်
ရဲအဖွဲ့က သုံးစွဲသူ ၁၆ သန်း၏ ဘဏ်အချက် အလက်များ၊ အလုပ်အကိုင် အချက်အလက်များနှင့်
အိမ်လိပ်စာများ ရယူခဲ့သည့် ကင်မ်ဟုခေါ်သော ဟက်ကာကို ဖမ်းဆီးခဲ့သည်။
၁၅
ဧပြီ ၂၀၁၄
ဂျာမနီနိုင်ငံ
ကိုလုံးမြို့ အခြေစိုက် Aerospace centre ကို ဟက်ကာများက တိုက်ခိုက်ခဲ့သည်။ အဆိုပါ
တိုက်ခိုက်မှုအတွက် တရုတ်ဟက်ကာ များအပေါ် သံသယရှိခဲ့ကြသည်။
၁၅
ဧပြီ ၂၀၁၄
eBay
က ဟက်ကာများသည် လွန်ခဲ့သည့် ၃ လက ကုမ္ပဏီ၏ ကွန်ရက်များကို တိုက်ခိုက်ခဲ့ပြီး
သုံးစွဲသူ မှတ်တမ်း ၁၄၅ သန်းကို ရယူခဲ့ကြောင်း ဆိုခဲ့သည်။ လုံခြုံရေးကျွမ်းကျင်
ပညာရှင်များကမူ eBay သုံးစွဲသူများ အနေဖြင့် လိမ်လည်မှုများကို သတိပြုရန်၊
အထူးသဖြင့် account များတွင် တူညီသည့် password ကို အသုံးပြုသူများက
သတိထားနိုင်ရန် သတိပေးမှုများ ပြုလုပ်ခဲ့သည်။
၂၂
ဧပြီ ၂၀၁၄
ဟက်ကာများသည်
AOL Mail ကို တိုက်ခိုက်ခဲ့ပြီး user account အစစ်အမှန်များဖြင့် spam message
များ ပေးပို့ခဲ့ကြသည်။ သန်း ၅၀ ခန့်ရှိသော သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ password
များကို ပြောင်းလဲရန် ပညာရှင်များက တိုက်တွန်းခဲ့သည်။
၃၀
ဧပြီ ၂၀၁၄
4chan
တည်ထောင်သူ ခရစ္စတိုဖာ ပူလီ ခေါ် မွတ်က image အခြေခံ message board မှာ
တိုက်ခိုက်ခံခဲ့ရကြောင်း blog post တစ်ခုတွင် ရေးသားဖော်ပြခဲ့သည်။ ဟက်ကာသည်
ဆော့ဖ်ဝဲ အားနည်းချက် တစ်ခုကြောင့် administrative function များကို အသုံးပြုခွင့်
ရရှိခဲ့ခြင်း ဖြစ်သည်။
၂၅
မေ ၂၀၁၄
အွန်လိုင်းလုံခြုံရေး
ကုမ္ပဏီ Avast ၏ လုံခြုံရေး ဖိုရမ်သည် တိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်သူများက
သုံးစွဲသူ ၄၀၀,၀၀၀ ၏ password များ၊ username များနှင့် အီးမေးလ်လိပ်စာများကို
ဖြန့်ဝေခဲ့သည်။
၁၀
ဇွန် ၂၀၁၄
Twitter
ဝန်ထမ်းများ၏ နာမည်များ၊ လိပ်စာများနှင့် Social Security နံပါတ်များသည်
အင်တာနက်ပေါ်တွင် ပေါက်ကြား ပေါ်ထွက်လာခဲ့သည်။ ၁၁ ဇွန် ၂၀၁၄ တွင်
ဗိုင်းရပ်စ်တစ်မျိုးကြောင့် Twitter သုံးစွဲသူ ၈၄,၇၀၀ မှ တူညီသည့် message များကို
tweet ခဲ့ကြပြီး ၎င်း tweet များမှ follower သန်းပေါင်းများစွာထံ ပျံ့နှံ့ခဲ့သည်။
၁၆
ဇွန် ၂၀၁၄
ဟက်ကာများသည်
Evernote ၏ ဖိုရမ်ကို တိုက်ခိုက်ခဲ့ပြီးနောက် ကုမ္ပဏီက အဖွဲ့ဝင် ၁၆၄,၆၀၀ ၏
password များ ပြောင်းလဲရန် အီးမေးလ်ပေးပို့ကာ တိုက်တွန်းခဲ့သည်။
၂၄
ဇူလိုင် ၂၀၁၄
ဥရောပသမဂ္ဂ
ဗဟိုဘဏ် ဝက်ဘ်ဆိုက်သည် ဟက်ကာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဝန်ထမ်းနှင့်
သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ခိုးယူခံခဲ့ရသည်။ ဟက်ကာများက
အီးမေးလ် လိပ်စာ ၂၀,၀၀၀ အပြင် တယ်လီဖုန်း နံပါတ်များ ပါဝင်သည့် database ရယူနိုင်ခဲ့ကြောင်း
ပြောကြား
ခဲ့သည်။
၂၄
သြဂုတ် ၂၀၁၄
Lizard
Squad ဟုခေါ်သော ဟက်ကာအဖွဲ့သည် Sony ၏ PlayStation Network ကို DDoS
တိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် အချက်အလက်များ ပေါက်ကြားခဲ့ခြင်း
မရှိကြောင်း Sony မှ ပြောကြားခဲ့သည်။
၃၁
သြဂုတ် ၂၀၁၄
ဟောလိဝုဒ်မှ
ထင်ရှားကျော်ကြားသူ အချို့၏ iCloud account များ တိုက်ခိုက်ခံခဲ့ရပြီး ၎င်းတို့၏
ဝတ်လစ်စလစ် ဓာတ်ပုံများမှာ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ
ဓာတ်ပုံများသည် 4chan ပေါ်တွင် ပထမဦးဆုံး ပေါ်ထွက်လာခဲ့ပြီး နောက်ပိုင်းတွင် Reddit
ပေါ်၌ ပျံ့နှံ့ခဲ့သည်။
၁၇
စက်တင်ဘာ ၂၀၁၄
eBay
ဝက်ဘ်ဆိုက်သည် တိုက်ခိုက်ခံခဲ့ရပြီး ၎င်းဆိုက်ရှိ ထုတ်ကုန်စာရင်းကို click
နှိပ်သူတိုင်းသည် eBay နှင့် ဆင်တူသည့် သုံးစွဲသူ၏ အချက်အလက်များ ခိုးယူသော
အခြားဆိုက် တစ်ခုသို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။
၀၇
အောက်တိုဘာ ၂၀၁၄
နာမည်ကျော်
cloud sharing ဝန်ဆောင်မှု ဖြစ်သော Dropbox သည် brute-force attack ကို
အသုံးပြုသည့် ဟက်ကာများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထို့အတွက်ကြောင့်
သုံးစွဲသူ ၇ သန်း၏ account များမှာ ပေါက်ကြားခဲ့သည်။
၀၉
အောက်တိုဘာ ၂၀၁၄
Snapchat
မှ ဓာတ်ပုံနှင့် ဗီဒီယိုများကို သိမ်းဆည်းပေးသည့် third party application ဖြစ်သော
Snapsaved သည် ဟက်ကာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး 13GB ပမာဏရှိသော
ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ ခိုးယူခံခဲ့ရသည်။
၂၉
အောက်တိုဘာ ၂၀၁၄
မြောက်ကိုရီးယားရှိ
ဟက်ကာများသည် တောင်ကိုရီးယားရှိ ဂိမ်းများတွင် ကူးစက်နိုင်သည့် malware ကို ဖြန့်ချိခဲ့သည်။
အဆိုပါ malware သည် ထုတ်ကုန် ၂၀,၀၀၀ တွင် ကူးစက်ပျံ့နှံ့ခဲ့သည်။
၁၀
နိုဝင်ဘာ ၂၀၁၄
အမေရိကန်
စာပို့ဝန်ဆောင်မှု (USPS) သည် တရုတ် ဟက်ကာများဟု ယူဆရသူများ၏ တိုက်ခိုက်မှုကို
ခံခဲ့ရပြီး ဝန်ထမ်းများ၏ အမည်များ၊ လိပ်စာများ၊ လူမှုရေး နံပါတ်များ
ပေါက်ကြားခဲ့သည်။
၂၄
နိုဝင်ဘာ ၂၀၁၄
Sony
Pictures Entertainment ကို Guardians of Peace ဟုခေါ်သည့် ဟက်ကာအဖွဲ့က
တိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုကို မြောက်ကိုရီးယားမှ ဟက်ကာများက ဦးဆောင်သည်ဟု
ယူဆခဲ့သည်။ အဆိုပါ ဟက်ကာအဖွဲ့သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်ကို
လုပ်ကြံသည့် ဟာသဇာတ်ကားဖြစ်သော The Interview ကို ပြသခြင်း မပြုရန်
တောင်းဆိုခဲ့သည်။ ထို့အပြင် ဟက်ကာများသည် Sony ဆာဗာများမှ 100TB ပမာဏရှိသည့်
အချက်အလက်များကို ရယူခဲ့ကြောင်း ဆိုခဲ့သည်။
Internet Journal

No comments:
Post a Comment