PDF
ဖိုင်တစ်ခု ဖန်တီးဖို့အတွက် Adobe PDF Installer ထည့်သွင်း ထားစရာမလိုဘဲ
MozillaFirefox ပေါ်ကနေ အလွယ်တကူနဲ့ ဖန်တီးပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Mozilla
Firefox Browser ပေါ် ကနေ Soda PDF ဆိုတဲ့ Add-on ကို အသုံးပြုပြီး File တွေကို PDF
အဖြစ် အလွယ်တကူ ပြုလုပ်ဖန်တီးကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အထောက်အပံ့ပေးတဲ့ဖိုင်အမျိုးအစား တွေကလည်း စုံလင်လှပါတယ်။
Firefox
Browser ပေါ်ကနေ PDF ဖိုင်ကိုအလွယ်တကူ ဖန်တီးဖို့အတွက်ဆိုရင် ဖော်ပြပါ ၀က်ဘ်
ဆိုက်လိပ်စာမှာ သွားရောက်ပြီး Firefox Add-on ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Add-on
ကိုထည့်သွင်းဖို့အတွက် ပထမဆုံး Firefox ရဲ့ တရားဝင်ဝက်ဘ်ဆိုက် လိပ်စာကိုသွားရမှာ
ဖြစ်ပါတယ်။ ပြီးရင် Add-on ဆိုတဲ့ Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Add-on ဆိုတဲ့
စာမျက်နှာကို ရောက်ပြီဆိုရင် Soda PDF ဆိုတဲ့ Keyword ကို Search Box ကနေ
ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Soda PDF Online Services ဆိုတဲ့ Add-onကိုတွေ့မှာ
ဖြစ်ပါတယ်။ အကယ်၍ ဝက်ဘ်ဆိုက်ကို တိုက်ရိုက်အသုံးပြုချင်သူတွေအတွက် http://goo.gl/FWSwlT ဆိုတဲ့
လိပ်စာကနေ တိုက်ရိုက်သွားနိုင်ပါတယ်။
နောက်တစ်ဆင့်ကတော့
Firefox Browser ထဲ Add-on ကို ထည့်သွင်းဖို့အတွက် Add to Firefox ဆိုတဲ့ Button
ကိုနှိပ်လိုက်ပါ။ ဖိုင်ကို Download ပြုလုပ်ပြီးတဲ့ အချိန်မှာ Firefox Browser ကို
Restart ပြုလုပ် မလားလို့ မေးလာရင် Restart ပြုလုပ်လိုက်ပါ။ ဒါဆိုရင် Firefox
Browser ထဲမှာ Soda PDF Online Services ကို ထည့်သွင်းပြီးသွားပြီ ဖြစ်ပါတယ်။
ဒီ
Add-on ဟာ Microsoft Word, Excel, Power Point, Image, HTML, Text အစရှိတဲ့
ဖိုင်တွေကို အထောက်အပံ့ ပေးထားပြီး PDF ပြုလုပ်ခွင့် ပေးထားမှာ ဖြစ်သလို Convert
PDF လည်းပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။ အခကြေးငွေပေးသွင်းပြီး အသုံးပြုမယ်
ဆိုရင်တော့ PDF ဖိုင်အချင်းချင်း ပေါင်းထည့်တာတို့၊ PDF ဖိုင်တွေကို
ခွဲထုတ်တာတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment