ကိုယ့်ရဲ့ Wireless Network ကို အမြဲတမ်းစောင့်ကြည့်ပေး
နိုင်မယ့်ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ ကိုယ်အသုံးပြုနေတဲ့ Wireless
Network အတွင်းကို အသုံးပြုခွင့် ပေးထားတဲ့သူ မဟုတ်ဘဲ အခြားသူတွေ လာရောက်
ချိတ်ဆက်ပြီး အသုံးပြု နေမှုကိုလည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ Wireless Network
ကို အခြားသော ပြင်ပမှ ၀င်ရောက်ပြီး ကိုယ်မသိရှိအောင် ချိတ်ဆက်ဖို့အတွက် ကြိုးစားနေတဲ့
သူတွေရဲ့ ရန်ကိုလည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။
Wireless Network Watcher Software ဟာ Wi-Fi ကို တရားမဝင် ဝင်ရောက် ချိတ်ဆက်မှုတွေ ရှိလာတဲ့ အခါမျိုးမှာ အသံဖြင့် အချက်ပေးမှာ ဖြစ်ပြီး၊ ဝင်ရောက်လာတဲ့ စက်တွေကို ဖယ်ရှားရှင်းလင်း ပေးနိုင်မှာ လည်း ဖြစ်ပါတယ်။ Device တွေရဲ့ID ကို မှတ်တမ်းတင်ထားပြီး Wireless Network ကြီး တစ်ခုလုံး အလုပ်လုပ်နေတဲ့ အချိန်တွေမှာ စောင့်ကြည့်ပေးနေမှာ ဖြစ်ပါတယ်။

Internet Journal
No comments:
Post a Comment